ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 21, 2011

ပြုပြင်ပြောင်းလဲဖို့တွေးပြီး ရင်လေးနေရသေးသည့် မြန်မာ့အရေးများ

>

(၂ဝ၁၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး (ယာ) တို့ကို တွေ့ရစဉ်။) (Photo: AFP)
........................................................................................................................

နိုင်ငံရေးဆိုတာ ဘော်လုံးတစ်လုံးနောက်ကို ကစားသမားတွေ စုပြုံလိုက်ခြင်း မဟုတ်တာသေချာပေမဲ့ ဘော်လုံးကို ကစားသမားကော ပရိတ်သတ်ပါ မျက်ခြေမပြတ်စောင့်ကြည့်ဖို့တော့ အနည်းဆုံးလိုအပ်ပေသည်။ ယနေ့မြန်မာ့နိုင်ငံရေးအခင်းအကျင်းကလည်း နှစ်ပေါင်းများစွာ ဘေးကန်ထုတ်နေသော ဘော်လုံးကို ကွင်းလည် နိုင်ငံရေး ကစားကွက်များနှင့် ပြန်လည်သက်ဝင်လှုပ်ရှားလာမှုများမျက်ဝါးဝါးထင်ထင် မြင်တွေ့နေရသည် ။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောဆိုလိုက်ခြင်းသည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသော မြန်မာ့နိုင်ငံရေး၌ တိုးတက်သောပြောင်းးလဲမှုဟုတချို့မြန်မာ့နိုင်ငံရေးအကဲခတ်သမားများက ဆိုသည် ။
နှစ်ပေါင်းများစွာ တောက်လောင်နေသော ရေရှည် ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး တိုင်းပြည်တွင်အမှန်တကယ် လိုအပ်နေသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု နှစ်ဦးနှစ်ဖက် မှ ပဏာမ သဘောတူညီမှုကို အချိန်မဆွဲပဲရယူသင့်ပေသည် ။ သို့မှသာ အမျိုးသားပြန်လည် ရင်ကြားစေ့သင့်မြတ်ရေးကို မူဝါဒများချမှတ်ပြီး ရေတို ရေရှည် စီမံကိန်းများရေးဆွဲကာ ဒေါင့်ပေါင်းစုံမှ အားနည်းချက် အားသာချက်များ ထည့်တွက်အဖြေရှာ၍ တူညီတာကိုနှစ်ဖက်ပူးပေါင်းဆောင်ရွက်လျက် မတူညီမှုများကို ရှေ့ဆက်ညှိနှိုင်း ဆောင်ရွက်ရပေမည် ။
ဦးသိန်းစိန် ဦးဆောင်သောမြန်မာ အစိုးရ၏ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားအတွက် တိုးတက်ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရန် အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကို မယုတ်မလွန်ကြိုဆိုချင်ပေမဲ့ နိုင်းငံရေးအကျဉ်းသားများအား ဆက်လက်ဖမ်းဆီးထောင်ချထားခြင်းက အားလုံးကို စိတ်ကသိကအောင့် ဖြစ်စေစဲ ဖြစ်သည် ။
တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရန်သော်လည်းကောင်း ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ခြေလှမ်းအစသော်လည်းကောင်း ၊ ပြည်ပရောက်မြန်မာများကို ပြန်လည်ဖိတ်ခေါ်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်ဖြစ်ပေမဲ့ တိကျပြတ်သားသော တရားဝင် ဥပဒေဖြင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ပြည်တွင်း ပြည်ပတွင် တရားဝင်ထုတ်ပြန်သင့်ပြီး တပြိုင်နက်ထဲမှာ နိုင်ငံရေးအကျဉ်းသားများကိုခြွင်းချက်မရှိ လွှတ်ပေးသင့်ပေသည် ။သို့မှသာ ဦးသိန်းစိန်အစိုးရမှ
လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေး စသော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပြည့်ဝသော နိုင်ငံကိုသွားရန်ခြေလှမ်းစတင်ခြင်းဖြစ်မည်ဟု အားလုံးမှ သံသယစိတ်များ အနည်းငယ်ပြေလျော့နိုင်ဖွယ်ရှိပေလိမ့်မည်။
ရေရျည်ပြည်တွင်းစစ်၏ အထုအထောင်းဒဏ်ရာဒဏ်ချက်ကြောင့် တိုင်းပြည်သည်ဆင်းရဲမွဲတေလျက်ရှိပြီး တိုးတက်ခြင်း ခြေလှမ်းများ အကြိမ်ကြိမ်ရိုက်ချိုးခံနေရသည်မှာ အားလုံးပင် အသိဖြစ်သော်လည်း ဘာကြောင့် စစ်မီးကို မငြိမ်းသတ်ပဲ ရေရျှည်တောက်လောင်ခွင့်ပေးထားသလဲ ၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာနှင့်ရင်ဘေင်တန်းဖို့ဝေးစွ အိန်နီးချင်းနိုင်ငံများ၏ ခြေဖျားကို မမှိပဲ အစစအရာရာ ဟိုးအဝေးမှာ ပြတ်ကျန်ရစ်သည်ကို ရင်နင့်စွာ တွေ့မြင်နေရသည် ။ မြန်မာ့အားကစားမှ ဆောင်ပုဒ်တစ်ခုဖြစ်သော မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရ မည် ဆိုပေမဲ့ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းမလွှမ်းတော့ မသေချာ ၊ မြန်မာ့းဒုက္ခသည်များ ၊ ဈေးပေါပေါနှင့် အလုပ်လုပ်နေရသော ကျွန်လို မြန်မာအလုပ်သမားများ ၊ အိမ်နီးချင်းနိုင်ငံများက အထင်သေးသော မျက်လုံးနှင့် အကြည့်ခံနေရသော မြန်မာ ပြည့်တန်ဆာများကတော့ ကမ္ဘာကို လွှမ်းနေခဲ့တာ နှစ်ပေါင်းကြာမြင့် လှပေပြီ ။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုတွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲ လုပ်ဆောင်သွားမည်” ဟု ပြောဆိုကြေညာ သွားခဲ့သည်။

လူထုမှ တခဲနက် ထောက်ခံပြီး ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ပါတီအပေါ် မြန်မာအစိုးရ၏ တင်းမာ ပျော့ပြောင်းသည့် လက်ရှိသဘောထားအခြေအနေများ ၊ ၂၀၁၁ ရွေးကောက်ပွဲမှတက်လာသည့် ဦးသိန်းစိန်အစိုးရ၏ တိုင်းပြည်အပေါ် ဘယ်လိုပြုပြင်ပြောင်းလဲလိုသည့် အနာဂတ်နိုင်ငံရေး သဘောထားများ ၊ နာဂစ် ဥပဒေဟု ရေဗန်းစားသော ၂၀၀၈ ဖွံ့စည်းပုံ အခြေခံဥပေးအပေါ် နှစ်ဦးနှစ်ဖက်မှ သဘောထား အလျှော့အတင်းများမှတဆင့် တူညီမှုများကို အပြုသဘောဆန်စွာ အနာဂတ်မြန်မာပြည်အတွက် ဆောင်ရွက်နိုင်လိမ့်မည်ဟု မြန်မာ့အရေးကို ရင်လေးစွာတွေးနေမိသည် ။
စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုမရှိသော နိုင်ငံများသည်ပင်လျှင် စီးပွားပျက်ခြင်းကို အလူးအလဲခံနေရပေသည် ။စီးပွားရေး ကမောက်ကမ ဖြစ်မှုသာမက ကြွေးမြီပြဿနာများကို အမေရိကန်နိုင်ငံအပါအ၀င် ဂရိ ၊ အီတလီ စသော ဥရောပနိုင်ငံများထိ ကမ္ဘာတစ်လွှား ရိုက်ခတ်လျက်ရှိပေသည် ။
တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားကို ရှေ့ရှုပြီး စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုရပ်တန့်စေရန်အလို့ငှာ မြန်မာအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ပြီး နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးမှု ၊ တိုင်းရင်းသားဒေသများတွင် စစ်ရေးထိုးစစ်ဆင်မှုများ ရပ်တန့်မှု ၊လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းရေး စသော ဒီမိုကရေစီကျင့်စဉ်များအပေါ် လိုက်နာအလေးထားမှုများပေါ်တွင် တည်မှိနေသည် ။အကယ်၍သာမြန်မာအစိုးရမှ အထက်ပါအချက်အလက်များကို လိုက်နာကျင့်ကြံပါက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများရပ်တန့်ရန် နိုင်ငံတကာမှစဉ်းစားဆုံးဖြတ်သလို အချို့အတိုက်အခံအင်အားစုများ ကိုယ်တိုင် မြန်မာပြည်အပေါ်စီးပွားရေးပိတ်ဆို့မှုကိုရပ်တန့်ဖို့ နိုင်ငံတကာတွင် တောင်းဆိုကြပေလိမ့်မည် ဖြစ်သည်။အခုအချိန်တွင်တော့ အထက်ပါကိစ္စကိုပြောရန်အလွန်စောနေပြီး တွေ့ဆုံဆွေးနွေးရေးမှသာ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးတရားများ ယူဆောင်လာနိုင်ဖွယ်ရှိပါသည် ။

နိုင်ငံရေး ပဋ္ဋိပက္ခကို နိုင်ငံရေးနည်းဖြင့် အဖြေရှာဖို့ နှစ်ဦးနှစ်ဖက်မှ ယုံကြည်မှုတည်ဆောက်ရန် တွေ့ဆုံဆွေးနွေးမှုများကို တရားဝင် မကြာခဏလုပ်ဆောင်ပြီး ဖြစ်နိုင်ခြေရှိပါက တူညီမှုများကို တရားဝင် ကြေညာပြီး အားလုံးပူးတွဲလုပ်ဆောင်ရန်လုပ်ငန်းစဉ်များချပြရပေမည် ။သို့မှသာ တရားဝင် သတင်းလွတ်လပ်ခွင့်မရှိသော မြန်မာနိုင်ငံတွင် ခေတ်စား နေသည့် ကောလဟာလများဖြစ်သော ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာအတွက် အခုလို ဟန်ပြဆွေးနွေးနေခြင်းသာဖြစ်ကြောင်း ၊
မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတယ်လို့ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တခုဖွဲ့ရေးကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက တင်သွင်းမယ်လို့ပြောဆိုလိုက်လို့ အခုလို ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်မြင်သုံးသပ်ပြောဆို ဝေဖန်နေကြသည် ။
တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေရပ်ပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ပေမဲ့တိုင်းရင်းသားတွေဘက်ကတော့ တဖွဲ့ချင်း တွေ့မယ့်အစား တိုင်းရင်းသား ပြဿနာတွေကို အားလုံး စုစည်း ဖြေရှင်းပေးဖို့ လိုလားနေပါသည်ဟု တုန့်ပြန်သံကြားရပါသည် ။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု ဗန်းပြပြီး ငြိမ်းချမ်းရေးအတုကိုဖန်တီးပြီး တိုင်းရင်းသားများကြားတွင် သပ်လျှိုဖြိုခွဲသော အတိတ်လုပ်ရပ်များအား သင်ခန်းစာယူသင့်ပါသည် ။
သမ္မတဦးသိန်းစိန်အစိုးရ အနေဖြင့် တိုင်းပြည်၏ စစ်မှန်သော ငြိမ်းချမ်းရေး ၊ အမှန်တကယ် ပြုပြင်ပြောင်းလဲရေးနှင့်တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားပါက လူထုခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်အပါအ၀င် ပြည်တွင်းပြည်ပမှ နိုင်ငံရေးသမားများ ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တတ်သိပညာရှင်များ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှခေါင်းဆောင်များ အားလုံးကို တရားဝင် ဖိတ်ကြားပြီး ဒုတိယ ပင်လုံညီလာခံလို နိုင်ငံရေး အခင်းအကျင်းကို ဖန်တီး ပုံဖော်တည်ဆောက်သင့်ပေသည်ဟု အနာဂတ် တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ရိုးသားစွာ အကြံပြုချင်ပါသည် ။
ပြည်တွင်း ပြည်ပ ရှိ အတိုက်အခံအုပ်စုများမှာ နှစ် ပေါင်းများစွာ နိုင်ငံရေးး ၊ တော်လှန်ရေး အတွေ့အကြုံရှိပြီးဖြစ်သော်လည်း အတင်းဝင် အတင်းဖျက် မြန်မာစစ်အစိုးရ ၏ကစားကွက်ကိုလျှော့မတွက်သလို ပိုလည်းမတွက်ပဲ ညီညွတ်ရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလိုလားလျက် သတိကြီးစွာ ကိုယ့်ဂိုးကို ကိုယ် ပြန်မသွင်းမိဖို့အရေးတကြီးလိုအပ်လျက်ရှိပါသည် ။
တွေ့ဆုံဆွေးနွေးအဖြေရှာရေးများ အနာဂတ်တွင် အပူတပြင်း လိုအပ်လျက်ရှိပြီး တိုင်းပြည်သည် ဆင်းရဲတွင်းနက်ထဲမှ ရုန်းထွက်ကာ တမျိုးသားလုံး အကျင့်စာရိတ္တကောင်းလျက် ကမ္ဘာ့အလယ်မှာ မြန်မာဟု အနာဂတ်တွင် ဂုဏ်ယူဝင့်ကြွားနိုင်ပေလိမ့်မည်ဟု မျိုးချစ်စိတ်ဖြင့်အကြံပြု လိုက်ပါသည် ။

**အောင်ခိုင်မြင့်**
http://8888newgenerations.blogspot.com/

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)