-(၁)
ဗြုန်းဆို--
ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့
ကမ်းလှမ်းချက်ကြီးဝင်ရောက်လာတယ်။
(၂)
ဗြုန်းဆို-----
ဆရာဒဂုန်တာရာကပြောတယ်---
ကိုအောင်ဆန်းကလက်နက်ကိုအားကိုးတဲ့အကျင့်သူ့မှာရှိတယ်
ကျနော်က-ငြိမ်းချမ်းရေးကိုလိုလားတဲ့သူတယောက်
သူနဲ့ကျနော်အဲဒါလေးတွေကွဲလဲမှုတော့ရှိတယ်။
(၃)
ဗြုန်း ဆို-----
ကျူးဗားနဲ့အမေရိကန်စစ်ဖြစ်လုနီးအချိန်မှာ
ငြိမ်းချမ်းရေးဝါဒီတွေကြားကရပ်ခံပေးရတဲ့အချိန်။
(၄)
ဗြုန်းဆို------
ငြိန်းချမ်းရေးဆိုတာ---
နှစ်ဘက်-စစ်ရေး၊နိုင်ငံရေးအင်အားတန်းတူ
ဖြစ်တဲ့အချိန်ကြမှ---ငြိမ်းချမ်းရေးဆိုတာဖြစ်တတ်တာပါတဲ့။
(၄)
ငြိမ်းချမ်းရေးကိုခုတုံးလုပ်ပြီး
စက္ကူဖြူစီမံကိန်းအဖြစ်သွပ်သွင်းမယ်ဆိုရင်တော့ /div>
နှစ်ဘက်အင်အားတွေပြိုကွဲတဲ့နည်းနာကို-အလုပ်ခံရလိမ့်မယ်သတိထား။
(၅)
ဗြုန်းဆို-----
နိုင်ငံရေးတပ်ပေါင်းစု၊စစ်ရေးတပ်ပေါင်းစုတွေ
ပြင်ဆင်ထားကာမှတော်ကာကျမယ်။
(၆)
ငြိမ်းချမ်းရေးကို
ဖျက်လိုဖျက်ဆီးအလုပ်မခံရအောင်
နိုင်ငံရေးတပ်ပေါင်းစုတွေဖွဲ့ထားကြ။
စစ်ရေးတပ်ပေါင်းစုတွေဖွဲ့ထားကြ။
ဒီလိုဖွဲ့ထားတာဟာ-အင်အားတွေချိန်ခွ င်လျှာညှိထားရမယ်
အင်အားတွေချိန်ခွင်ညှာမညီရင်
အ၀ါးအမျိုခံသွားရမယ်။
**ကျည်ဝေဖြိုး**

No comments:
Post a Comment