**(ဟာဒယနှလုံး -တခဏပြုံး)**
**မင်းအတွက်ဆိုရင် **
သမီးရည်းစားနှစ်ယောက် ညဘက်လသာချိန် ရွာဦးက မန်းကျည်းပင်အောက်တွင် ချိန်းတွေ့နေကြသည်။
ကောင်လေး - ကို..မင်းကိုအရမ်းချစ်တယ်....မင်းအတွက်ဆိုရင်...ဘာမဆိုရင်ဆိုင်ဖို့အသင့်ပဲ....
ကောင်မလေး - ယုံပါတယ်........(ပီတိဖျာလျှက်)
ထိုအချိန်...လေတိုးသံနှင့်အတူ မန်းကျည်းခိုင်းခြောက်များကြွေကျလာသည် ။
ကောင်လေး - အမလေး....သရဲ.....သရဲ.....(ပုဆိုးမကာ ပြေးလေပြီ......)
ကောင်မလေး - မောင်ရေ...မကိုစောင့်ပါအုံး (အာခေါင်ခြစ်ကာအော်ပါသော်လည်း......)
**အဖြေတောင်းပုံ**
သူ...ဆရာမကို ချစ်ရေးဆိုထားတာ ကြာပြီဖြစ်သော်လည်း အဖြေပြန်မရဖြစ်နေသည်။
တစ်နေ့မှာတော့ ဆရာမကို " ဆရာမ.....ကျွန်တော့်ကိုချစ်ရင်...မနက်ဖြန်....အဖြူနဲ့အစိမ်း ..၀တ်လာခဲ့ပါနော်..... "
**တူနေလို့**
အဖေနဲ့သား ကတုံး တုံးထားပြီး ညဘက် အိမ်ရှေ့ခန်းတွင်အတူတူ အိမ်ပျော်နေကြသည်။
ညသန်းခေါင်လောက် အဖေဖြစ်သူနိုးလာပြီး " သမီး......ညည်းမောင်လေးကို...အခန်းထဲပို့လိုက်အုံး...."
သမီးကအိပ်ချင်မူးတူးနဲ့ အခန်းထဲမှထွက်လာပြီး" မောင်လေး......ထထ....ထ.."ကတုံးကိုနှစ်ချက်လောက်ပုတ်ကာနှိုးလိုက်သည်။
သူမပုတ်လိုက်သော ကတုံးမှာ သူ့အဖေ၏ခေါင်းဖြစ်နေပါတော့သည် ။
**၀မ်းသွားနေသည်**
ကိုဦးတစ်ယောက် ၀မ်းသွားနေသဖြင့် သူ၏သူငယ်ချင်းကို ဆရာမဆီသို့ ခွင့်တိုင်ခိုင်းလိုက်သည်။
သူငယ်ချင်း - ဆရာမ.....ကိုဦးဝမ်းသွားနေလို့တဲ့...ခွင့်တိုင်ခိုင်းလိုက်ပါတယ်..........
ဆရာမ - ဟုတ်လား......တော်တော်အခြေအနေဆိုးလား..........
သူငယ်ချင်း - အဲ့ဒါတော့မသိဘူး.ဆရာမ..........ဖင်းဘူးထောင်းထောင်ထားတာတောင်..ဝေကျနေတယ်....
(ကြားဖူးသော ဟာသများကို ပြန်ပြီးဆီလျှော်အောင် ရေးသားထားခြင်းဖြစ်ပါသည် )
ပျော်ရွှင်ပါစေ.........
**myomyosann.( shwebo)**

No comments:
Post a Comment