ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 28, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း

>

**ဥရောပ အကောင်းဆုံးဘောလုံးသမားဆု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဆွတ်ခူး**

(မိုနာကို၊ သြဂုတ် ၂၆)
အာဂျင်တီးနားနဲ့ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီကို ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ရဲ့ ယခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို သြဂုတ် ၂၆ ရက်က ရွေးချယ်ချီးမြှင့်လိုက်ပြီဖြစ်ပါတယ်။ ယူအီးအက်ဖ်အေအဖွဲ့ဝင်တွေကို ကိုယ်စားပြုထားတဲ့အားကစားဂျာနယ်လစ် ၅၃ ဦးတို့ရဲ့ ရွေးချယ်မှုအရ မက်ဆီဟာ ဘာစီလိုနာအသင်းမှကစားဖော် ဖာဗီနဲ့ ရီးရဲမက်ဒရစ်တောင်ပံကစားသမား စီရိုနယ်ဒိုတို့ကို ကျော်ဖြတ်ပြီး အခုလိုရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ မိုနာကိုမြို့မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာ မက်ဆီက “ကျွန်တော့်ကို အခုလိုလိုရွေးချယ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ အမြဲတမ်းကြိုးစားနေမှာပါလို့” ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့မက်ဆီဟာပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်ပွဲ သွင်းဂိုး ၁၂ ဂိုးအပါအ၀င် စုစုပေါင်း ၅၃ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်ဥရောပအကောင်းဆုံးဘောလုံးသမားဆုအတွက် မက်ဆီ၊ ဇာဗီ၊ စီရိုနယ်ဒို၊ အင်နီယေစတာ၊ ဖယ်လ်ကာအို၊ ရွန်နေ၊ ဗီဒစ်၊ အီဘရာမိုဗစ်၊ ပီကေးနဲ့ ဂျာမန်ဂိုးသမားနူရာ စတဲ့ကစားသမားတွေထဲမှာမှ မက်ဆီကဆွတ်ခူးသွားခြင်းဖြစ်ပါတယ်။ (အင်တာနက်)

**ဂျက်ဆီကာအယ်လ်ဘာရဲ့ Spy Kinds ဇာတ်ကား ပရိသတ်အကြိုက်ဆုံးဖြစ်နေ**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၆)
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂျက်ဆီကာအယ်လ်ဘာ ပါဝင်သရုပ်ဆောင်ထားတဲ့ Spy Kinds 4D: All the word ဇာတ်ကားဟာ ယခုသီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်းပရိသတ်တွေ အားပေးမှုအမြင့်မားဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ ရောဘတ်ရိုဒရီကွတ်၏ ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေကတော့ ဂျက်ဆီကာအယ်လ်ဘာ၊ ဂျိုးလ်မက်ဟာလီ၊ ရိုဝမ်ဘလန်ချက်နဲ့မာဆင်ဟော့တို့ပါဝင်ကြတာမို့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတာ ဖြစ်ပါတယ်။ အရင်က ရိုက်ကူးပြသပြီးဖြစ်တဲ့ Spy Kinds ဇာတ်ကားရဲ့ ဇာတ်ကားရဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Spy တစ်ဦးအဖြစ် သရုပ်ဆောင်ထားတဲ့ ဂျက်ဆီကာအယ်လ်ဘာရဲ့သရုပ်ဆောင်မှုတွေနဲ့ ၀တ်စားဆင်ယင်မှုတွေဟာ ပရိသတ်အကြိုက်ဖြစ်စေခဲ့တာပါပဲ။ ဂျက်ဆီကာအယ်လ်ဘာက ဒီဇာတ်ကားမှာ သူ့ရဲ့ခင်ပွန်းဖြစ်သူ မက်ဟာလီလည်း အတူတွဲပြီး ပါဝင်သရုပ်ဆောင်ခဲ့လို့ ပိုပြီးပီပြင်တယ်လို့ရယ်မောပြောခဲ့ပါတယ်။ (အင်တာနက်)

**မီတာ ၁၀၀ အပြေးသမား ပိုဝဲလ်ကမ္ဘာ့ပြေးခုန်ပစ်ပွဲနှင့်လွဲချော်**
(ဒေဂူ၊ သြဂုတ် ၂၆)
တောင်ကိုရီးယားနိုင်ငံ ဒေဂူမြို့တွင် ကျင်းပမည့် ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဂျမေကာတာတို အပြေးသမားအဆာဖာပိုဝဲလ်သည်ဒူးဒဏ်ရာရရှိခဲ့သဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ကြောင်း သြဂုတ် ၂၇ ရက်၌ သတင်းထုတ်ပြန်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ပိုဝဲလ်သည် မီတာ ၁၀၀ တာတိုအပြေးကမ္ဘာ့ချန်ပီယံ အူဒိန်ဘော့ကို စိန်ခေါ်ထားသူဖြစ်သော်လည်း ဒူးဒဏ်ရာကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ချေ။ ပိုဝဲလ်အစား မိုက်ကယ်ဖရာတာဖြင့် အစားထိုးပြိုင်ပွဲဝင်သွားမည်ဟု ဂျမေကာအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောကြားသည်။ ပိုဝဲလ်သည် ယခုနှစ် ဇွန်လက ကျင်းပခဲ့သော ဒိုင်းမွန်းလိဂ် ပြေးခုန်ပစ်ပြိုင်ပွဲ၌ မီတာ ၁၀၀ ကို ၉ ဒသမ ၇၈ စက္ကန့်ဖြင့်ပြေးကာ ဗိုလ်စွဲထားသူဖြစ်သည်။ (အင်တာနက်)

**စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)