ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 20, 2011

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း….

>
**အဆိုတော် တေလာဆွစ်နှင့် ဆီလီနာဂိုမက်ဇ် Teen Choice ဆုများ ဆွတ်ခူးခဲ့ကြ**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၈)
ကမ္ဘ်ာကျော်အဆိုတော်များဖြစ်ကြတဲ့ တေလာဆွစ် (Taylor Swift) နဲ့ ဆီလီနာဂိုမက်ဇ် (Selena Gomez) တို့ဟာ ယခုနှစ်အတွက် အကောင်းဆုံး Teen Choice ဆုတွေ တသီတပိုးကြီး ရယူနိုင်ခဲ့ကြပါတယ်။ ဒီဆုကို အမေရိကန် Fox ချန်နယ်ရုပ်သံလိုင်းက နှစ်စဉ် ချီးမြှင့်တာဖြစ်ပါတယ်။ ဒီနှစ်ချီးမြှင့်တဲ့ Teen Choice ဆုဟာ (၁၃)ကြိမ်းမြောက်ပါ။ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ ဂီတ၊ အားကစားနဲ့ဖက်ရှင်တွေမှာ တစ်နှစ်တာအတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြတဲ့ ဆယ်ကျော်သက်ဂီတပညာရှင်တွေကို ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ ဆုရွေးချယ်တဲ့စနစ်ကတော့ ကမ္ဘာတစ်ဝန်းက ဂီတကိုချစ်မြတ်နိုးကြတဲ့ အသက် ၁၃ နှစ်အရွယ်မှ ၁၉နှစ်အရွယ်ရှိ ပရိသတ်တွေက အွန်လိုင်းမှတစ်ဆင့်ဆန္ဒပြုရွေးချယ်ပေးကြတာပါ။ ဒီနှစ်မှာတော့ ကမ္ဘာတစ်ဝန်းက အနုပညာရှင်မြတ်နိုးကြတဲ့ပရိသတ်တွေက ဆန္ဒပြုရွေးချယ်ပေးတာ စုစုပေါင်း ၁၀ သန်းကျော်ရှိတယ်လို့သိရပါတယ်။ ဆယ်ကျော်သက်အဆိုတော်တွေဖြစ်ကြတဲ့ တေလာဆွစ်နဲ့ ဆီလိုနာဂိုမက်ဇ်တိုဟာမကြာမီက လော့စ်အိန်ဂျလိစ်မြို့မှာ ဒီဆုတွေကို လက်ခံရရှိခဲ့ကြပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ တေးရေး၊ တေးဆို ဂီတပညာရှင်သရုပ်ဆောင် ဗြိတိသျှအဆိုတော် တေလာဆွစ်ဟာ ဂစ်ဆင်အမ်ထရီအေးချားမှာ ကျင်းပတဲ့ ရေလွှာလျှောစီးပြိုင်ပွဲမှာရတဲ့ ရေလွှာလျှောစီးဆုဖလားအပါအ၀င် ဆုခြောက်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနယ်ပယ်မှာ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်တဲ့အတွက် A Special honor dubbed the Ultimate Choice ဆု၊ အမျိုးသမီးအနုပညာ Red Carper ဖက်ရှင် ဆုများရရှိခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်ရှိ အမေရိကန် အဆိုတော်ရုပ်ရှင်သရုပ်ဆောင် ဆီလီနာဂိုမက်ဇ်ကတော့ ဒီနှစ်မှာ ဆုငါးဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူမဟာ အမျိုးသမီးဆယ်ကျော်သက်များတွင် ရေပန်းအစားဆုံးဆု၊ Wizards of Waverly place ရုပ်သံဇာတ်လမ်းတွဲမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့အတွက် အကောင်းဆုံး တီဗွီရုပ်သံဆု၊ သူမရဲ့ တီးဝင်းဖြစ်တဲ့ Selena Gomez & The Scene နဲ့အတူ အကောင်းဆုံးဂီတအဖွဲ့လိုက်ဆု၊ “Love you like a love Song” နဲ့ အကောင်းဆုံး အချစ်သီချင်းဆုနဲ့ “Who Says”တေးအယ်လ်ဘမ်နဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆီလီနာဂိုမက်ဇ်ရဲ့ချစ်သူဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် ကနေဒါ အဆိုတော် ဂျပ်စတင်းဘီဘာကတော့ အမျိုးသားဂီတပညာရှင်ဆု၊ အမျိုးသားတေးဂီတတွင် အကျော်ကြားဆုံးဆုနဲ့ အွန်လိုင်းမှ အအောင်မြင်ဆုံး အဆိုတော်ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ။ (ကိုးကား၊ အင်တာနက်)

**ပေါ့ပ်ဂီတသမိုင်းတွင် အောင်မြင်ကျော်ကြားလာသည့် အဆိုတော် ဆလိုင်းဒီယွန်**
(ကွင်ဘတ်(ကနေဒါ၊ သြဂုတ် ၁၈)
ပေါ့ပ်ဂီတလောကတွင် အောင်မြင်ကျော်ကြားလာသည့် အမျိုးသမီး အဆိုတော်တစ်ဦးကို ပြောပါဆိုရင် ကနေဒါအဆိုတော် ဆလိုင်းဒီယွန် (Celine Dion) ကို ညွှန်းဆိုရမှာ ဖြစ်ပါတယ်။ သူမဟာ ကနေဒါတေးသံသွင်း ဂီတပညာရှင်ဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ကနေဒါနိုင်ငံ ကွင်းဘတ်ပြည်နယ် ချာလီမက်နီမြို့မှာ မွေးဖွားခဲ့တာပါ။ သူမရဲ့ အသက်က ၄၃ နှစ်ပါ။ ဒီယွန်ဟာ ဆယ်ကျော်သက်အရွယ်ကပင် ပြင်သစ်ဘာသာနဲ့ တေးအယ်လ်ဘမ်တွေထွက်ခဲ့ပြီး ကမ္ဘာကျော်ပေါ့ပ်အဆိုတော်ဖြစ်လာသူ ဖြစ်ပါတယ်။
(ကိုးကား၊ အင်တာနက်)

**ဆင်ဆင်နတီတင်းနစ်ပြိုင်ပွဲ ဒီဂျိုကိုဗစ် တတိယအဆင့်တက်**
(၀ါရှင်တန်၊ သြဂုတ် ၁၈)
ဆင်ဆင်နတီဖိတ်ခေါ်ဖလားတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဒုတိယအဆင့်ပြိုင်ပွဲများကို သြဂုတ် ၁၈ ရက်က ဆက်လက်ကစားရာ ဆားဗီးယားတင်းနစ် ကစားသမားဒီဂျိုကိုဗစ်က အမေရိကန်မှ ဟာရစ်ဆင်ကို ၆-၂၊ ၆-၃ ဖြင့်အနိုင်ရရှိပြီး တတိယအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ တစ်ဖန် ဗြိတိန်တင်းနစ်ကစားသမား အင်ဒီမာရေးက အာဂျင်တီးနားမှ နာလ်ဆန်ဒီအင်ကို ၆-၄၊ ၆-၁ ဖြင့် အနိုင်ရပြီး တတိယအဆင့်တက်ရောက်ခဲ့သည်။(အင်တာနက်)

စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)