ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 20, 2011

ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ

>
(T-50 debuts amid dearth of orders at MAKS )

**အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲ လေယာဉ်အစင်း ၂၀၀ ကျော်ခင်းကျင်းပြသ**
(မော်စကို၊ သြဂုတ် ၁၈)
(၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲ (အမ်အေကေအက်စ်)ကို သြဂုတ် ၁၆ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ဖွင့်လှစ်လိုက်ပြီဖြစ်ရာ အဆိုပါပြပွဲသည် ရုရှားနိုင်ငံ၏လေကြောင်းလုပ်ငန်းကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သမ္မတ ဒီမက်ထရီဗီဒက်ဗ်က ပြောကြားလိုက်သည်။

(သမ္မတ ဒီမက်ထရီဗီဒက်ဗ်)
................................

မော်စကိုမြို့ပြင်ရှိ ဇူကိုစတီးလေယာဉ်ကွင်း၌ အဆိုပါအမ်အေကေအက်စ် ၂၀၁၁ ပြပွဲကို ကျင်းပဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယင်းနိုင်ငံတကာလေကြောင်းပြပွဲကို နိုင်ငံပေါင်း ၄၀ မှ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၈၀၀ ကျော်တို့က လေယာဉ်အစင်း ၂၀၀ ကျော်ပါဝင်ပြသခဲ့သည်။ အဆိုပါ လေကြောင်းပြပွဲတွင် ရုရှား၊ ပြင်သစ်၊ အီတလီ၊ ယူကရိန်းနှင့် အမေရိကန်နိုင်ငံတနိုင်ငံတို့မှ လေ ကြောင်းကုမ္ပဏီကြီးများ၏ လေယာဉ်အစင်း ၁၀၀ ကျော်တို့ဖြင့် ခြောက်ရက်ကြာကျင်းပမည့် ၄င်းပြပွဲ၌ လေယာဉ်များကို အနည်းဆုံး ၁၀ နာရီကြာ ဝေဟင်တွင် မောင်းနှင်ပြသမည်ဖြစ်ကြောင်း အမ်အေကေအက်စ်ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**အင်ဒိုနီးရှားမှ လိုကွန်မီးတောင်ပေါက် ကွဲ**
(ဂျကာတာ၊ သြဂုတ် ၁၈)
အင်ဒိုနီးရှားနိုင်ငံ မြောက်စူလဝေစီပြည်နယ်ရှိ လိုကွန်မီးတောင်သည် သြဂုတ် ၁၇ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အနီးဝန်းကျင်တွင်နေထိုင်ကြသူ ဒေသခံများအား ရွှေ့ပြောင်းပေးခဲ့ရကြောင်း အင်ဒိုနီးရှားမီဒီယာများက သြဂုတ် ၁၈ ရက်၌ ဖော်ပြသည်။ မီးတောင်ပေါက်ကွဲမှုကြောင့် မီးခိုးနှင့်ပြာမှုန်များ ဝေဟင်သို့လွင့်ပျံ့ထွက်ပေါ်လျက်ရှိကြောင်း၊ မီးတောင်ပေါက်ကွဲသည့် အချိန်မှာ သြဂုတ် ၁၇ ရက် ဒေသစံတော်ချိန် ၁၃ နာရီ ၂၅ မိနစ်က ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံ မီးတောင်နှင့် ဘူမီဘေးအန္တရာယ် ဆိုင်ရာဌာနမှ အကြီးအကဲ ဆူရိုနိုက ပြောကြားသည်။ (အင်တာနက်)

**လျှာရှည်ချင်သူဗြိတိန်သူတစ်ဦး ကိုရီးယားအသံထွက်ကောင်းရန် ခွဲစိတ်**
(လန်ဒန်၊ သြဂုတ် ၁၈)
ကိုရီးယားစကားပြော အသံထွက် လေယူလေသိမ်းပိုကောင်းစေရန် ဗြိတိန်သူတစ်ဦး လျှာခွဲစိတ်မှုတစ်ရပ်ပြုလုပ်ခဲ့သည့် သတင်းတစ်ရပ်ကို သြဂုတ် ၁၇ ရက်က အင်တာနက် သတင်း၌ ဖော်ပြသည်။ ကိုရီးယားယဉ်ကျေးမှုနှင့် ပတ်သတ်ပြီး လေ့လာရန် ဆန္ဒပြင်းပြထက်သန်နေသူ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးသည့် ရာဟီရာနွန်ဘရွတ်ခ်ဂျူန်းစ်သည် ကိုရီးယားစကားပြောအသံထွက်ပီသ ကောင်းမွန်စေရန် လျှာကိုခွဲစိတ်၍ ပိုရှည်အောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူမသည် တောင်ကိုရီးယားတွင် ကိုရီးယားယဉ်ကျေးမှုကို လေ့လာရန် စိတ်အားထက်သန်သူဖြစ်သည်။ ထို့ကြောင့် ကိုရီးယားစကားလုံးများစွာ အသံထွက်ကို လပေါင်းများစွာ အသည်းအသန် လေ့ကျင့်နေခဲ့သော်လည်း ပီသစွာ ထွက်နိုင်ခြင်းမရှိဘဲ ဖြစ်နေခဲ့သည်။ (အင်တာနက်)

**တရုတ်မှ အပျော်စီးသင်္ဘောသစ် ယန်ဇီမြစ်ခရီးထွက်မည်**
(၀ူဟန်၊ သြဂုတ် ၁၈)
တရုတ်နိုင်ငံမှ အသစ်တည်ဆောက်ထားသော အပျော်စီးသင်္ဘောကြီး တစ်စင်းကို လာမည့်ရက်အနည်းငယ်တွင် ချုံကျင်းမြို့အနောက်တောင်ပိုင်းမှ ယန်ဇီမြစ်ကြောင်းတစလျှောက် ခုတ်မောင်းကာ ဟူဘေးမြို့ရှိ မြစ်ကျဉ်းသုံးသွယ်ရေတံခါးသို့ သြဂုတ် ၂၉ ရက်၌ ရောက်ရှိရန် စီစဉ်ထားကြောင်း ဟူဘေးပြည်နယ်ရှိ ခရီးသွား လုပ်ငန်း အေဂျင်စီတစ်ခုက သြဂုတ် ၁၇ ရက်၌ ပြောကြားသည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)