**ဘယ်လ်ဂျီယံ၌ ဂီတပွဲတော်ကျင်းပနေစဉ် မုန်တိုင်းတိုက်ခတ်မှုကြောင့် ၅ဦးသေဆုံး**
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့အရှေ့ဘက်မိုင် ၅၀ ခန့်အကွာ ဟက်စ်ဆက်မြို့တွင် သြဂုတ် ၁၈ ရက်က တေးဂီတဖျော်ဖြေပွဲ တစ်ရပ် ကျင်းပနေစဉ်မုန်တိုင်းတိုက်ခတ်မှုကြောင့်၅ဦးသေဆုံးကာ ၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ် ၁၉ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ တေးဂီတဖျော်ဖြေပွဲ၌ ရော့ခ်တေးဂီတ အကများဖြင့် တင်ဆက်နေစဉ်ရုတ်တရက် မုန်တိုင်းဝင်ရောက်တိုက်ခတ်ခြင်းဖြစ်ပြီး ဖျော်ဖြေရေးစင်မြင့်ပေါ်ရှိ အမိုးများပြိုလဲကျခဲ့သည်။ မုန်တိုင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ပရိသတ်များ ကြောက်လန့်ပြေးလွှားခဲ့ကြကြောင်း၊ အခင်းဖြစ်ပွားရာသို့ လူနာတင်ယာဉ်အစီး ၂၀ ခန့် ရောက်ရှိလာပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား တင်ဆောင်သွားခဲ့ကြောင်း သိရသည်။ (အင်တာနက်)
**ကာရစ်ဘီယံပင်လယ်၌ မုန်တိုင်းဖြစ်ပေါ် သတိပေးချက်ထုတ်ပြန်ထား**
(မာနဂွါ၊ သြဂုတ် ၁၉)
ကာရစ်ဘီယံပင်လယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းတစ်ခုသည်တဖြည်းဖြည်းအားကောင်းလာကာ လာမည့် ၄၈ နာရီအတွင်း ဟွန်ဒူးရပ်စ်၊ နီကာရာဂွါ၊ ဘရာဇီးနှင့် မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ယူကာတန်ကျွန်းဆွယ်များသို့ အင်အားပြင်းထနသော မုန်းတိုင်းအဖြစ် ဖြတ်သန်းတိုက်ခတ်နိုင်ဖွယ်ရှိကြောင်း အမေရိကန်အမျိုးသားဟာရီကိန်းဌာနက သြဂုတ် ၁၉ ရက်၌ သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါမုန်တိုင်းသည် နီကာရာဂွါနိုင်ငံ ကာဘိုဂရာစီရက်စ်မြို့အရှေ့မြောက်ဘက်မိုင် ၂၀၀ ခန့်အကွာ ပင်လယ်ပြင်၌ ဖြစ်တည်လျက်ရှိကြောင်း ဖလော်ရီဒါပြည်နယ်မီယာမီမြို့ အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်သော သတိပေးချက်၌ ဖော်ပြထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်
(Five dead after storm hits Belgian ...)

No comments:
Post a Comment