(Romelu Lukaku )
**ချယ်လ်ဆီးအသင်းမှရိုမီလူ လူကာကူကိုအပြီးသတ် ခေါ်ယူစာချုပ်**
(လန်ဒန်၊ သြဂုတ် ၁၉)
ရုရှားသူဌေး အေဗရာမိုဗစ်ခ်ျပိုင်ချယ်လ်ဆီးအသင်းသည် တိုက်စစ်မှူးများအများအပြားပိုင်ဆိုင်ထားသော်လည်း ယခုအချိန်တွင် အန်ဒါလက်ခ်ျအသင်းမှ ဘယ်လ်ဂျီယံတိုက်စစ်မှူး ရိုမီလူ လူကာကူကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဟု သတင်းများတွင် ဖော်ပြထားသည်။ (ESPN)
**ဆင်ဆင်နာတီ တင်းနစ်ပြိုင်ပွဲ အင်ဒီမာရေး ကွာတားတက်လာ**
(အိုဟိုင်းယိုး၊ သြဂုတ် ၁၉)
ဗြိတိန်တင်းနစ်ကစားသမား အင်ဒီမာရေးသည် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ဆင်ဆင်နာတီမြို့၌ သြဂုတ် ၁၃ ရက်မှ ၂၁ ရက်အထိ ယှဉ်ပြိုင် ကစားလျက်ရှိသည့် Western & South Open တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်တင်းနစ်ကစားသမား ဘိုဂိုမိုလော့ဂျာအားအနိုင်ရပြီး ကွာတာဖိုင်နယ်ပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ မာရေးသည် ဘိုဂိုမိုလော့ဂျာအား အချိန် ၁ နာရီနှင့် ၄၁ မိနစ် ကစားခဲ့ပြီးနောက် ၆-၂၊ ၇-၅ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မာရေးသည် ကွာတာဖိုင်နယ်တွင် ဂျီးလက်စ်ဆီမွန်နှင့် ကစားရမည်ဖြစ်သည်။ ဆီမွန်သည် ဒေးဗစ်ဖာရာကို အနိုင်ရပြီး ကွာတာဖိုင်နယ်သို့ တက်လာခြင်းဖြစ်သည်။ (အင်တာနက်)
**မန်ယူတို့ နိုင်ပွဲဆက်မှာလား**
(လန်ဒန်၊ သြဂုတ် ၁၉)
ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကာလဟာ ကစားသမားအပြောင်းအရွှေးများတဲ့ ရာသီလို့ ဆိုရမှာပါ။ ဒီနှစ်မှာ အာဆင်နယ်၊ မန်စီးတီး၊ လီဗာပူး တို့ကိုအသင်းတွေက ကြေးကြီးဘောလုံးသမားတွေခေါ်ယူထားကြပါတယ်။ မန်ယူနဲ့ ချယ်လ်ဆီးကလည်း အတော်အတန် အားဖြည့်ခေါ်ယူထားပါတယ်။ သြဂုတ် ၂၁ ရက်(တနင်္ဂနွေနေ့)မှာတော့ အဓိကပြိုင်ပွဲကြီးအဖြစ် ဘော်လ်တန်နဲ့ မန်စီးတီးတို့တွေ့ကြမှာ ဖြစ်ပါတယ်။ သူတို့နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့အပတ်က တန်းတက်အသင်းတွေကို လေးဂိုးပြတ်အနိုင်ရခဲ့ သလို ဘော်တန်ကလည်း QPR ကို လေးဂိုးပြတ် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲဟာ ဘော်လ်တန်ကွင်းမှာ ကစားရမှာဆိုတော့ ပွဲကြီးပွဲကောင်းဖြစ်လာမှာ မလွဲပါဘူး၊ အဲ့ဒီနေ့မှာပဲ နော့ဝှစ်နဲ့ စတုတ်၊ ၀ူဗာဟမ်တန်နဲ့ ဖူလ်ဟမ်တို့လည်း ကစားကြမှာဖြစ်ပါတယ်။ သြဂုတ် ၂၂ ရက်
ညချမ်းမှာတော့ အများမျှော်လင့်စောင့်စားနေတဲ့ မန်ယူနဲ့ စပါးတို့ ကစားကြမှာပါ။ ဒီပွဲမှာ မန်ယူက အိမ်ကွင်းမှာ ကစားရမှာဆိုပေမယ့် အဓိကခံစစ်မှူးတွေဖြစ်တဲ့ ဗီဒစ်နဲ့ ဖာဒီနန်တို့ ဒဏ်ရာတွေရထားတာကြောင့် နောက်တန်းအတွက် စိုးရိမ်စရာပါပဲ။ ပြီးခဲ့တဲ့အဖွင့်ပွဲမှာ ပွဲရွှေ့ထားခံရတဲ့ စပါးဟာ ဒီပွဲမှာ ခြေစွမ်းပြလိမ့်မယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူက အိမ်ကွင်းဆို နိုင်လေ့ရှိတယ်လို့ ပရိသတ်တွေရဲ့ အားပေးပြောကြားမှုတွေနဲ့အတူ ရွန်းနီ၊ နာနီနဲ့ အက်ရှ်လေယန်းတို့ အတွဲဟာ မန်ယူအတွက် ရလဒ်ကောင်းတွေကို သယ်ဆောင်သွားဦးမှာပါ။ ။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment