**အင်တာမှ အီတူး ရုရှားလိဂ်သို့ ပြောင်းရွှေ့**
(မော်စကို၊ သြဂုတ် ၂၄)
ရုရှားပရီးမီးယားလိဂ် ဘောလုံးအသင်းတစ်သင်းဖြစ်သည့် အန်ဇီမာ့ခတ်ကာတာသည် ကင်မရွန်း၏ ဘောလုံးငွေကြယ်ပွင့် ဆမ်မြူယယ်အီတူး၏ အပြောင်းအရွှေ့အတွက် အင်တာမီလန်နှင့် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း သြဂုတ် ၂၃ ရက်တွင် အတည်ပြုလိုက်သည်။ ဆမ်မြူယယ်အီတူး၏ အပြောင်းအရွှေ့ကို အတည်ပြုကြောင်း၊ ပြောင်းရွှေ့ကြေးနှင့် ပတ်သတ်၍ နှစ်ဖကအသ င်းများက ကျေနပ်မှုရှိကြကြောင်း အန်ဇီ၏ တရားဝင်ဝက်ဘ်ဆိုက်က ထုတ်လွှင့်ထားသည့် ကြေညာချက်တစ်ရပ်၌ ဖော်ပြထားသော်လည်း အပြောင်းအရွှေ့ကြေးပမာဏနှင့် ပတ်သတ်၍ ဖော်ပြမထားကြောင်း သတင်းများက ဆိုသည်။ “အာဖရိကတိုက်၏ တစ်နှစ်တာအတွက် အကောင်းဆုံးဘောလုံးသမား”လေးကြိမ်ရရှိထားသူ အီတူးသည် အန်ဇီနှင့် သုံးနှစ် ကန်ထရိုက်စာချုပ် ချုပ်လိုက်ခြင်းဖြစ်ပြီး သြဂုတ် ၂၅ ရက်တွင် အသင်းနှင့်အတူ လေ့ကျင့်ခြင်းမပြုမီ ဆေးစစ်ဆေးမှုများပြုလုပ်နေပြီ ဖြစ်သည်။ (အင်တာနက်)
(ကားဖရော့ခ်ျနှင့် အင်ဒရီဝပ်)
**မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်လူပွဲ ကားဖရော့ခ်ျနှင့် အင်ဒရီဝပ်ထိုးကြမည်**
(လန်ဒန်၊ သြဂုတ် ၂၅)
ဗြိတိသျှလက်ဝှေ့သမား ကားဖရော့ခ်ျက အမေရိကန်လက်ဝှေ့သမား အင်ဒရီဝပ်အား စူပါစစ်စူပါမစ်ဒယ်ဝိတ်တန်း (Super Six Super – Middle Weight) ချန်ပီယံခါးပတ်လူပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရန် စိန်ခေါ်လိုက်သည်။ ယင်းတို့နှစ်ဦးသည် လာမည့် အောက်တိုဘာလ ၂၉ ရက်တွင် အတ္တလန္တာမြို့၌ စူပါစစ် စူပါမစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်လုပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကြီးကြပ်သူများက ပြောကြားသည်။ နော့တင်ဟမ်မြို့သား ကားဖရော့ခ်ျသည် လက်ရှိ ဒဗလျူဘီစီချန်ပီယံဖြစ်သည်။ အမေရိကန် လက်ဝှေ့သမား အင်ဒရီဝပ်သည် ဒဗလျူဘီအေ လက်ဝှေ့ချန်ပီယံ ဖြစ်သည်။ မိမိအနေဖြင့် အင်ဒရီဝပ်ကို ယှဉ်ပြိုင်ထိုးသတ်ရန်အသင့်ရှိကြောင်း အသက် ၃၄ နှစ်ရှိ ကားဖရော့ခ်ျကပြောကြားသည်။ အမေရိကန် လက်ဝှေ့သမား အင်ဒရီဝပ်သည် အသက် ၂၇ နှစ်သာရှိသေးသည်။ ကားဖရော့ခ်ျသည် ၂၈ ပွဲထိုး သတ်ခဲ့ရာတွင် ပွဲ ၂၀ အနိုင်ရရှိထားသည်။ အင်ဒရီဝပ်မှာ ၂၄ ပွဲထိုးသတ်ခဲ့ရာတွင် ၁၃ ပွဲ အနိုင်ရရှိထားသူ ဖြစ်သည်။
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment