ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 9, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ

>

(London Riot: Chaos In North London After Police Shooting Death)

**လန်ဒန်မြို့မြောက်ပိုင်း၌ ရဲကားနှစ်စီး မီးရှို့ဖျက်ဆီးခံရ**
(လန်ဒန်၊ သြဂုတ် ၇)
လန်ဒန်မြို့မြောက်ပိုင်း၌ သြဂုတ် ၆ ရက် ညပိုင်းက လူတစ်ဦးအား ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခံမှုအပေါ် မကျေနပ်၍ လူတစ်စုကရဲကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် သြဂုတ် ၇ ရက်က ပြောကြားသည်။ အဆိုပါ ဖြစ်စဉ်မှာလန်ဒန်မြို့မြောက်ဘက် တော့တင်တမ်ရဲစခန်းအပြင်ဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် မက်ဒတ်ဂန်အမည်ရှိ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

('Longest tusked' elephant in Asia dies in Sri Lanka)
**အာရှတွင် အစွယ်အရှည်ဆုံး သီိရိလင်္ကာဆင် အသက် ၇၀ တွင် ကန္ဒီမြို့၌ သေဆုံး**
(ကန္ဒီ၊ သြဂုတ် ၇)
အာရှတွင် အစွယ်အရှည်ဆုံးရှိသည့် ဆင်တစ်ကောင်သည် သီရိလင်္ကာနိုင်ငံ၌ သေဆုံးသွားခဲ့ကြောင်း သြဂုတ် ၆ ရက်က အင်တာနက်၌ သတင်းဖော်ပြသည်။ ၄င်းဆင်မှ သြဂုတ် ၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါဆင်၏အမည်ကို မီလ်လန်ဂိုဒါရာဂျားဟုခေါ်ပြီး သက်တမ်းအားဖြင့် ၇၀ ရှိသည်။ ထိုဆင်မှာ ကန္ဒီမြို့၌ ဆယ်စုနှစ်များစွာတွင် နှစ်စဉ် မွေးနေ့ဂုဏ်ပြုပွဲများ ပြုလုပ်ပေးခဲ့သည့်ဆင်ဖြစ်သည်။ အာရှဆင်အများစုမှာ အာဖရိကဆင်များထက် အရွယ်အစားသေးငယ်သည့်အပြင် အစွယ်မှာလည်း သေးငယ်တက်သည်။ သို့သော်လည်း မီလ်လန်ဂိုဒါရာဂျား၏ အစွုယ်များသည်။ မြေအထိရောက်အောင် ရှည်လျားသည်ဟု ဆိုသည်။ (အင်တာနက်)

**ပြင်သစ်က ဥရောပဂြိုဟ်တုနှစ်လုံးလွှတ်တင်**
(ပါရီ၊ သြဂုတ် ၇)
ပြင်သစ်နိုင်ငံ ဂိုင်ရာနာရှိ ကိုယူအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ သြဂုတ် ၆ ရက် ဂရင်းနစ်စံတော်ချိန် ၂၂ နာရီ ၅၂ မိနစ်၌ ဥရောပဂြိုဟ်တုနှစ်လုံးကို သယ်ဆောင်သွားသည့် အာရီရာနေ - ၅ ဒုံးပျံကို အောင်မြင်စွာလွှတ်တင်လိုက်ပြီ ဖြစ်ကြောင်း သြဂုတ် ၇ ရက်၌ သတင်းထုတ်ပြန်သည်။ ၂၀၁၁ ခုနှစ်အတွင်း အာရီရာနေ - ၅ ဒုံးပျံလွှတ်တင်မှုမှာ လေးကြိမ်မြောက်ဖြစ်ပြီး ဥရောပကဂြိုဟ်တုလွှတ်တင်မှု၏ (၂၀၃) ကြိမ်မြောက်လည်းဖြစ်သည်။ ယခုဂြိုဟ်တုနှစ်လုံး လွှတ်တင်ခြင်းသည် ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံအချို့၏ ရုပ်မြင်သံကြားထုတ်လွှင့်မှုစနစ်များ ပိုမိုလျင်မြန် ကောင်းမွန်စေရေးအတွက်ဖြစ်သည်။ (အင်တာနက်)

**ကမ္ဘောဒီးယား၌ ကုမ္ပဏီသစ် ၁၅၂၈ ခုဖွင့်လှစ်**
(ဖနောင်ပင်၊ သြဂုတ် ၇)
ကမ္ဘောဒီးယားနိုင်ငံတွင် ယခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ ကုမ္ပဏီသစ် ၁၅၂၈ ခုဖွင့်လှစ်နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလက ကုမ္ပဏီ ၁၁၁၀ ဖွင့်လှစ်နိုင်မှုနှင့် နှိုင်းဆလျှင် ၃၇ ဒသမ ၆ ရာခိုင်နှုန်းတိုးလာကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သြဂုတ် ၇ ရက်တွင်ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။ ကုမ္ပဏီအများစုမှာ တရုတ်၊ တောင်ကိုရီးယား၊ ဗီးယက်နမ်၊ မလေးရှား၊ ထိုင်းနှင့် ဒေသဆိုင်ရာကုမ္ပဏီများဖြစ်ကြသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**ဖိလစ်ပိုင်တောင်ပိုင်း၌ လက်လုပ်ဗုံးကွဲ၊ နှစ်ဦးသေဆုံး**
(ကိုတာဘာတို၊ သြဂုတ် ၇)
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း သေနတ်အရောင်းဆိုင်တစ်ဆိုင်အနီး လူနေအိမ်တစ်အိမ်၌ သြဂုတ် ၆ ရက် ညပိုင်းက လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ နှစ်ဦးသေဆုံးပြီုး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါဗုံးသည် ကိုတာဘာတိုမြို့ ဒီမာုဇန်နေလမ်းနေ ဂျေဗွီမာတင်နက်၏ နေအိမ်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**စုစည်းဘာသာပြန် - ကောင်းမြတ်သူ၊ မိုးမြင့်လင်းလက်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)