**မိုက်ကယ်ဂျက်ဆင် ဂုဏ်ပြုကပွဲ ကမ္ဘာကျော်အဆိုတော် ခရစ္စတီးနားသီဆိုမည်**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၇)
ကမ္ဘာကျော်အဆိုတော် ခရစ္စတီးနားအဂွီလီရာဟာ လာမယ့်အောက်တိုဘာလအတွင်းဗြိတိန်နိုင်ငံမှာ ကျင်းပမယ့် မိုက်ယ်ဂျက်ဆင် ဂုဏ်ပြုကပွဲမှာ ပါဝင်သီဆိုမှာဖြစ်ကြောင်း ကပွဲကျင်းပသူများက ပြောပါတယ်။ မိုက်ကယ်ဂျက်ဆင်ဂုဏ်ပြုကပွဲမှာ ကမ္ဘာတစ်ဝန်းက နာမည်ကြီး ပေါ့ပ်အဆိုတော်တွေနဲ့တီးဝိုင်းတွေလည်း ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။ ကမ္ဘာကျော်တွေပါဝင်သီဆိုမယ့်ဒီဂုဏ်ပြုပွဲကိုတော့ ဗြိတိန်နိုင်ငံ ဝေလပြည်နယ် ကာဒစ်အားကစားကွင်းကြီးမှာ လာမယ့်အောက်တိုဘာ ၈ ရက် ညချမ်းမှာကျင်းပမယ်လို့ ကြေညာထားပါတယ်။ ဒီကပွဲမှာ မိုက်ကယ်ဂျင်ဆင်ရဲ့မိခင်ဖြစ်တဲ့ ကက်သရင်းနဲ့ညီအစ်ကို မောင်နှမတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။ (အင်တာနက်)
**ဘာစီလိုနာအသင်း ဥရောပစူပါဖလားဆွတ်ခူး ၊ဖာဘရီဂတ်စ် ၁၀ ရက်အတွင်း ဖလားနှစ်လုံးကိုင်မြှောက်ခွင့်ရ**
(မိုနာကို၊ သြဂုတ် ၂၇)
၂၀၁၁ ခုနှစ် ဥရောပစူပါဖလားပြိုင်ပွဲကို ယမန်နေ့ညက မိုနာကိုမြို့ရှိStade Louis II ကွင်း၌ ဥရောပချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံပေါ်တိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာက နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရပြီး ဥရောပစူပါဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ ယူခုပွဲတွင် ဘာစီလိုနာအသင်း၌ ဗဲလ်ဒစ်၊ အဲလ်ဗစ်၊ မာရှေယာနို၊ အဘီအယ်လ်၊ အက်ဒရီယာနိုကော်ရီယာ(ဘတ်ကွက်စ်)၊ ဇာဗီ၊ ကီတာ၊ အင်နီယေစတာ၊ ပက်ဒရို(ဖာဘရီဂက်စ်)၊ မက်ဆီနှင့် ဒေးဗစ်ဗီလာ(ဆန်ချက်ဇ်)တို့ပါဝင်ကစားသွားသည်။ ဘာစီလိုနာအတွက် ဂိုးများကို ပွဲချိန် ၃၉ မိနစ်တွင် မက်ဆီနှင့် ၈၇ မိနစ်တွင် ဖာဘရီဂက်စ်တို့သွင်းယူခဲ့ခြင်းဖြစ်သည်။ ဤပွဲတွင် ပေါ်တိုအသင်းမှ နောက်ခံလူ ရိုလန်ဒိုသည် ပွဲချိန် ၈၆ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရသကဲ့သို့ ပွဲချိန် ၉၀ တွင်လည်း ကွင်းလယ်ကစားသမား ဖရီဒီဂွါရင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဘာစီလိုနာအသင်းသည် ယခုနှစ် ၂၀၁၁-၂၀၁၂ ဘောလုံးရာသီအစတွင် စပိန်စူပါဖလားနှင့် ဥရောပစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ (အင်တာနက်)
**ကာတီပါရီ၏တေးအယ်လ်ဘမ်အရောင်းရဆုံးစံချိန်တင်**
(လော့စ်ဂျလိစ်၊ သြဂုတ် ၂၇)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာဘာဘရာမြို့သူ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ကာတီပါရီရဲ့ Last Friday Night လို့အမည်ရတဲ့ တေးအယ်လ်ဘမ်ဟာ အမေရိကန်အရောင်းရဆုံးတေးအယ်လ်ဘမ်စာရင်းမှာ နံပါတ်တစ်နေရာကို ရောက်ရှိခဲ့ပါတယ်။ သူမဟာ ၂၀၀၈ ခုနှစ်ကစပြီး အယ်လ်ဘမ်းငါးခု ဆက်တိုက်ထွက်ရှိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်ငါးခုစလုံးဟာ အမေရိကန် အရောင်းရဆုံးတေးအယ်လ်ဘမ်စာရင်းမှာ နံပါတ်တစ်နေရာတွေချည်း ရောက်ရှိခဲ့ပါတယ်။ ယခုလောလောဆယ် ထွက်ရှိလာတဲ့ အယ်လ်ဘမ်ကတော့ Last Friday Night လို့အမည်ရပါတယ်။ အတော်လူကြိုက်များတဲ့ တေးအယ်လ်ဘမ်လို့ သိရပါတယ်။ ပါတီပါရီထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ်တွေကတော့ Teen-age Dream, firework နဲ့ E.T လို့ အမည်ရတဲ့ တေးအယ်ဘမ်တွေဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်တွေဟာလည်း ပရိသတ်တွေကို စွဲငြိစေခဲ့တယ်လို့ သိရပါတယ်။ (အင်တာနက်)
**ဘာတန်၊ ကျူပီအာနှင့် လေးနှစ်စာချုပ်ချုပ်ဆို**
(လန်ဒန်၊ သြဂုတ် ၂၇)
နယူးကာဆယ်အသင်း၏ ကွင်းလယ်ကစားသမား ဘာတန်သည် အလွတ်ပြောင်ရွှေ့ကြေးဖြင့် ကျူပီအာနှင့် လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။ အသက် (၂၈) နှစ်ရှိ ဘာတန်သည် ၂၀၀၇ ခုနှစ်က ပေါင် ၅ ဒသမ ၈ သန်းဖြင့် မန်စီးတီးအသင်းမှ နယူးကာဆယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ၄င်းသည် လိဂ်ပွဲပေါင်း ၂၁၁ ပွဲကစားထားကာ ၂၂ ဂိုးသွင်းယူထားသည် ကျူပီအာ ရောက် ဘာတန်က မိမိအနေဖြင့် စိန့်ဂျိမ်းပတ်ခ်ကို ၀မ်းနည်းစွာဖြင့် စွန့်ခွာခဲ့ရကြောင်း၊ လောလောဆယ်တွင် ကျူပီအာအတွက် အကောင်းဆုံးပေးဆပ်သွားရန် ဆုံးဖြတ်ထားကြောင်းနှင့် နယူးကာဆယ် ကစားဖော်များကို ကျေးဇူးတင်ကြော်ငး ပြောကြားခဲ့သည်။ (အင်တာနက်)
**စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ**

No comments:
Post a Comment