**Public Health**
အိမ်ရှင်မများသည် ဆန်ဆေးရည်အားစွန့်ပစ်တတ်ကြပါသည်။ဆန်ဆေးရည်သည်(သုံးတတ်သူများအဖို့)သွန်ပစ်စရာမလိုအောင် အသုံးဝင်လှပါသည်။ ထိုအသုံးဝင်မှုများအား စာရေးသူက လက်ဆင့်ကမ်းတင်ပြပါမည်။
အိမ်ရှင်မများအနေဖြင့် သားစိမ်းငါးစိမ်းများ ကိုင်တွယ်ခုတ်ထစ်ရာတွင် လက်၌ညှီနံ့များစွဲနေတတ်ပါသည်။ထိုညှီနံ့များသည် တော်ရုံတန်ရုံနှင့် အလွယ်တကူပျောက်မသွားတတ်ပါ။ ထို့ပြင် မြန်မာတို့၏ ထမင်းဝိုင်း၌ ငါးပိရည်၊ငါးပိကြော်၊ငါးပြာရည်ချက်ကဲ့သို့သော
ဟင်းများပါတတ်သည်။ ထိုဟင်းများနှင့်စားသုံးကြသည့်အခါ အားလုံးလိုလိုပင် အားပါးတရ နယ်စားတတ်ကြပါသည်။ ထိုသို့စားသုံးကြ
ရာတွင်လက်၌၎င်းအနံ့များစွဲနေတတ်သည်။ ထိုအနံ့များပျေက်စေရန်အတွက်လူတိုင်းလိုလိုပင်ဆပ်ပြာများနှင့် ဆးကြောတတ်ကြပါသည်။ ထိုအခါဆပ်ပြာအနံ့ကတခြား ၊ လက်တွင်စွဲနေသောအနံ့ကတခြား ဖြစ်နေတတ်ပါသည်။
ထိုသို့မဖြစ်စေရန်အတွက် ဖြေရှင်းနည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်။ ဆန်ဆေးရာတွင်ရရှိလာသော ဆန်ဆေးရည်အားသွန်မပစ်ဘဲ အိုးထဲတွင် ထည့်ထားပါ။ အထက်တွင်တင်ပြထားခဲ့သည့်အတိုင်း သားစိမ်း၊ငါးစိမ်း၊ငံပြာရည်နံ့ နံနေသောလက်အား ဆန်ဆေးရည်ထည့် ထားသောအိုးထဲသို့နှစ်၍ ပွတ်သပ်ဆေးကြောလိုက်ပါ။
ပြီးမှစင်ကြယ်သောရေနှင့် ဖောဖောသီသီလောင်းချပြီး ဆေးလိုက်ပါ။ မကောင်းသောအနံ့အသက်များပျေက်ကင်းသွားပါလိမ့်မည်။ ဆန်ဆေးရည်တွင် ပထမဆုံးဆေး၍ရသော ဆန်ဆေးရည်နောက်နောက် သည်ပိုမို အာနိသင်ရှိသည်။
နောက်ထပ်ဆန်ဆေးရည်ကိုအသုံးပြုနည်းတစ်ခုမှာ ကျေးလက်အလှူများတွင် ငရုတ်သီးကြော်အားထောင်း ထားသည့် အစပ်ဟင်းတစ်ခွက်ထည့်တတ်ပါသည်။ ထိုအခါစားဖိုမှုးများနှင့် ကူညီလုပ်ကိုင်သူများမှာ ငရုတ်သီးကိုကိုင်တွယ်ကြရပါသည်။ ငရုတ်သီးအားကြာကြာကိုင်တွယ်ရပါက လက်တွင်ပူစပ်နေတတ်ပါသည်။ ထိုအခါတွင်လက်အား ဆန်ဆေးရည်ထဲသို့(၃)မိနစ်ခန့်စိမ်၍ ပွတ်သပ်ဆေးကြောလိုက်ပါ။ ပူစပ်သောခံစားမှုများ ပျောက်သွားပါလိမ့်မည်။
ထို့အပြင်ဆန်ဆေးရည်အား တိုင်းရင်းသမားတော်များသည်လည်း ဆေးလိမ်းဆေးသောက်ရာတွင် အသုံးပြုတတ်ကြပါသည်။
အိမ်ရှင်မများ ဆန်ဆေးရည်ကို အလေအလွှင့်မရှိအောင် အသုံးပြုနိုင်ကြပါရန် တင်ပြလိုက်ပါသည်။
နောက်ထပ်တင်ပြချင်သည့် အိမ်ရှင်မများသိမှတ်စရာ နည်းလမ်းတစ်ခုမှာ အိမ်တိုင်းတွင် ရေနွေးကြိုသည့်ဒန်အိုးများ ရှိတတ်ကြပါသည်။ ၎င်းဒန်အိုးများ ရက်၊လ ကြာသောအခါ ဒန်အိုး၏အတွင်းဘက်အောက်ခြေတွင် ရေချိုးများ ကပ်နေတတ်ပါသည်။၎င်းရေချိုးများဒန်အိုးထဲ တွင် ထူထဲစွာကပ်နေပါက ရေနွေးအိုးကျိုရာတွင် မီးအရှိန်သည် ရေနွေးချိုးကို ဖြတ်သန်းနေရသည့်အတွက် ရေနွေးဆူပွက်ရန်ကြာမြင့်နေ တတ်သည်။
၎င်းရေချိုးများ ကွာကျသွားစေရန်နည်းလမ်းမှာ ရေနွေးအိုးကျိုသည့်ဒန်အိုးအား ရေမပါဘဲ မီးဖိုပေါ်တွင် တည်လိုက်ပါ။ ထို့နောက် မိမိလို အပ်မည်ထင်သလောက် သံပုရာသီးကိုစိတ်ခြမ်းလိုက်ပါ။ မီးဖိုပေါ်တွင်တင်ထားသောဒန်အိုးအား (၃) မိနစ်ခန့်ရှိလျှင် ချပြီး အရန်သင့်ခွဲ ထားသောသံပုရာစိတ်များအား အရည်ညှစ်၍ ဒန်အိုးထဲထည့်လိုက်ပါ။ ထိုအခါ ရေနွေးချိုးနှင့် သံပုရာရည်ထိတွေ့ပြီး ခဏအကြာ ရေချိုး များ ကွာသွားသည်ကိုတွေ့ရပါလိမ့်မည်။
** MTZK**

No comments:
Post a Comment