မင်္ဂလာပါခင်ဗျား။ ။ ကျနော်တို့ ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လမှာငွေကြေးချမ်းသာတဲ့ သူဌေးတွေက သူတို့အိမ်ရှေ့က လူတန်းကြီးတွေ၊ လူအုပ်ကြီးတွေကို ငွေကြေးအလှူ၊ပိတ်ဖြက် စအလှူ၊ အစာအာဟာရအလှူ စသဖြင့်တစ်ခုခု အလှူပေးကြတာတွေ့ရပါတယ်။ မဲဆောက်မြို့၊ မဲဆောက်ဗလီကြီးနဲ့ အန်ဆွာရပ်က သူဌေးတွေက အစ္စလာမ်ဘာသာဝင်တစ်ဦးကို (၅၀၀)ဘတ် နှုန်း၊ အခြားမြန်မာပြည်သားဆင်းရဲသားတစ်ဦးကို (၂၀၀)ဘတ် နှုန်းနဲ့ တစ်နေ့ကပဲ အလှူပေးခဲ့တာရှိပါတယ်။ ဟော… ဒီကနေ့များမှာတော့ မဲဆောက်မြို့က kkအလှကုန်မိသားစုက အစ္စလာမ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ အခြားဘာသာဝင်ပဲဖြစ်ဖြစ် တစ်ဦးကို(၁၀၀)ဘတ်နှုန်းနဲ့၊ အလှူပေးနေတာ တွေ့ ရပြန်ပါရောလား။
တလက်စထဲပြောရဦးမယ။် မနက်ဖြန်ဆိုရင် တရုတ်တွေရဲ့အလှည့်ပဲ။ ဒီလိုလေဗျာ။ မဲဆောက်မြို့မှာ မုနိထိတရုတ်ဘုံကျောင်းဆိုတာက နှစ်စဉ်နှစ်တိုင်း ဆန်လှူပွဲကျင်းပနေကြမဟုတ်လား။ အဲဒါကြောင့် ကုလားပြီးရင်တရုတ်အလှည့်လို့မဲဆောက်မြို့မှာ ဆိုရိုးစကားတောင်ဖြစ်နေလေရဲ့။ ကဲ… ဟောဒီဓာတ်ပုံ ၃ ပုံကို ရှုစားလိုကိပါဦး။
သတင်း … သောင်ရင်းနဂါး(မြန်မာပြည်သား)

No comments:
Post a Comment