ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, August 19, 2011

ယခုလအတွင်း ဟိုကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

>

** ရာအူးလ် ..ရှော်ကေးတွင်သာ ရှိနေဦးမည် **
(မြူနစ်၊ သြဂုတ်လ ၁၇ ရက်)
အင်္ဂလိပ်ပရီးမီးယားလိဂ်မှ ဘလက်ဘန်းအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် အသက် (၃၄)နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူးဟောင်း ရာအူးလ်သည် ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးတွင်သာ ရှိနေဦးမည်ဖြစ်ကြောင်း ရှော်ကေးမန်နေဂျာ တို့စ်ဟဲ့လ်ဒ်က အင်္ဂါနေ့က အတည်ပြုလိုက်သည်။ ရာအူးလ်၏အေဂျင့်၊ စကားပြန်တစ်ဦးတို့နှင့်အတူ မိမိတို့ ညှိနှိုင်းပြီပြီဖြစ်ကြောင်း၊ ရာအူးလ်သည် ဘလက်ဘန်းသို့ ပြောင်းရွှေ့မည်မဟုတ်ဘဲ မိမိတို့ထံတွင်သာ ရှိနေမှာဖြစ်ကြောင်း ၄င်းကပြောကြားသည်။ (အင်တာနက်)

** အာစင်ဝင်းဂါး နောက်တစ်မှု တိုးလာပြန် **
(လန်ဒန်၊ သြဂုတ်လ ၁၇ ရက်)
အူဒီးနိစ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အတွင်း အာဆင်နယ်အသင်းမန်နေဂျာ အာစင်ဝင်းဂါးသည် ကွင်းအတွင်းမှ နည်းပြအဖွဲ့ကို ဆက်သွယ်မှုဖြင့် ယူအီးအက်ဖ်အေ၏ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူမှုနှင့် နောက်ထပ်ရင်ဆိုင်ရဖွယ်ရှိနေပြီဖြစ်သည်။ ကွင်းအတွင်း ၀င်ရောက်ညွှန်ကြားမှု တစ်ပွဲပယ်ပြစ်ဒဏ် ခံနေရဆဲဖြစ်သော ၀င်းဂါးသည် ၄င်း၏ လက်ထောက်ပက်ထ်ရိုက်ထံသို့ နည်းပြဘိုရိုပရီမိုရက်မှ တစ်ဆင့် အချက်အလက်များ ပေးပို့ညွှန်ကြားခဲ့သည်။ တရားမ၀င်သော အပြုအမူကို ပြုခြင်းဖြင့် ၄င်းသည် ဥပဒေစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့ကြောင်း ယူအီးအက်ဖ်အေက သတိပေးခဲ့သည်။ (အင်တာနက်)

** ကိုရီးယားကြယ်ပွင့် ကင်ဟွန်ဂျွန်း.. တရုတ်(တိုင်ပေ)တွင် အရောင်းမြှင့်တင်ရေးပြုလုပ် **
ကိုရီးယားအဆိုတော် သရုပ်ဆောင် ကင်ဟွန်ဂျွန်းသည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်(တိုင်ပေ)တွင် ရိသတ်များနှင့် တွေ့ဆုံ၍ ၄င်း၏ ပထမဆုံး တစ်ကိုယ်တော် တေးအယ်လ်ဘမ် အရောင်းမြှင့်တင်ရေး ပြုလုပ်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။ ကင်ဟွန်ဂျွန်းက ၄င်း၏ ငယ်ဘ၀အကြောင်း၊ အနုပညာလောကသို့ စတင်ရောက်ရှိလာပုံအကြောင်းနှင့် ၄င်း၏ တစ်ကိုယ်တော် တေးအယ်လ်ဘမ် Break Down နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည့် အစီအစဉ်ကို TVBS-ASLA မှ စင်္ကာပူ၊ ဟောင်ကောင်၊ မက္ကာအို၊ သြစတြေးလျ၊ မလေးရှားနှင့် အမေရိကန်သို့ သြဂုတ်လ ၂၀ ရက်တွင် ထုတ်လွှင့်ပေးသွားမည်ဟု ဆိုသည်။ (အင်တာနက်)

** အီမန်နျူရယ်အီဘိုလေး ဂါလာတာစာရေးသို့ ပြောင်းရွှေ့ **
(လန်ဒန်၊ သြဂုတ်လ ၁၇ ရက်)
အာဆင်နယ်ကွင်းလယ်ကစားသမား အီမန်နျူရယ်အီဘိုလေးသည် ပေါင်သုံးသန်းဖြင့် တူရကီကလပ် ဂါလာတာစာရေးသို့ပြောင်းရွှေ့သွားပြီဟု သိရသည်။ အသက် ၂၈ နှစ်ရှိ အဆိုပါ အိုင်းဗရီကို့စ်လက်ရွှေးစင်ကစားသမားသည် ဂါလာတာစာရေးနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု သတင်းတွင်ထပ်မံဖော်ပြထားသည်။ ကွင်းလယ်တွင် သာမက နောက်တန်းခံစစ်ကိုပါများစွာ အထောက်အကူပေးနိုင်သည့် အီဘိုယေးသည် ၂၀၀၅ ခုနှစ်က ဘယ်လ်ဂျီယံကလပ်ဘီဗာရင်မှ အာဆင်နယ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

** ဒင်နီရယ်အာယာလာကို နော့ဝှစ်ခ်ျအသင်းခေါ်ယူ **
(လန်ဒန်၊ သြဂုတ်လ ၁၇ ရက်)
ပရီးမီးယားလိဂ်တန်းတက် နော့ဝှစ်ခ်ျအသင်းသည် လီဗာပူးအသင်း၏ နောက်ခံကစားသမား ဒင်နီရယ်အာယာလာကို လေးနှစ်စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဟု သိရသည်။ အဆိုပါ စပိန်နိုင်ငံသား ဒင်နီရယ်အာယာလာသည် ၂၀၀၇ ခုနှစ်ကပင် လီဗာပူးသို့ ရောက်ရှိလာခဲ့သော်လည်း ဟားလ်စီးတီးနှင့် ဒါဘီအသင်းများသို့ အငှားချထားခြင်းခံခဲ့ရသည်။ အာယာလာသည် နော့ဝှစ်ခ်ျအသင်းက ခေါ်ယူသည့် ရှစ်ယောက်မြောက် ကစားသမားဖြစ်လာခဲ့သည်။ (အင်တာနက်)

** ဆင်ဆင်နတီ ဖိတ်ခေါ်ပြိုင်ပွဲ တတိယအဆင့်သို့ ရှာရာပိုဗာနှင့် ဖက်ဒဲရားတို့ တက်ရောက် **
(ဆင်ဆင်နတီ၊ သြဂုတ်လ ၁၇ ရက်)
ပြီးခဲ့သည့်နှစ်က ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့သည့် ရုရှားတင်းနစ်မယ် မာရီယာရှာရာပိုဗာသည် အင်္ဂါနေ့က ပြိုင်ဘက်သြစတြေးလျတင်းနစ်မယ် အနက်စတာစီးယား ရိုဒီယိုနိုဗာကို ၆-၁၊ ၆-၃၊ ဖြင့် သက်သောင့်သက်သာကစားပြီး အနိုင်ယူကာ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အတူ ဂရင်းဆလင်းပြိုင်ပွဲ၌ အောင်မြင်မှု (၁၆)ကြိမ် ရယူထားနိုင်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံသား ဒယ်လ်ပိုထရိုကို ၆-၃၊ ၇-၅ ဖြင့် အသာအယာ အနိုင်ယူကာ တတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ (အင်တာနက်)

** စုစည်းဘာသာပြန်- အေ၀မ်းစိုး **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)