**တောင်ကိုရီးယားရုပ်ရှင်မင်းသမီး လီယောင်အက်.တေးအယ်လ်ဘမ် ဖြန့်ချိမည်**
(ဆိုးလ်၊ သြဂုတ် ၂၉)
အသက် ၂၆ နှစ်အရွယ်သာရှိသေးသည့် တောင်ကိုရီးယားရုပ်ရှင်မင်းသမီး လီယောင်အက်သည် Love is အမည်ရှိတေးစီးရီးကို အာရှနိုင်ငံအချို့၌ မကြာခင်မှာ ဖြန့်ချိတော့မည်ဖြစ်သည်။ ၄င်း တေးအယ်လ်ဘမ်ကို ၂၀၁၁ ခုနှစ်က ဖိလင်ပိုင်နှင့် အင်ဒိုနီးရှားတို့အပါအ၀င် အခြားနိုင်ငံအချို့ကို ဖြန့်ဖြူးခဲ့ရာ ပရိသတ်များနှစ်ခြိုက်အားပေးခဲ့ကြသည်။ ထို့ကြောင့် စင်ကာပူ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့အပါအ၀င် အာရှနိုင်ငံအချို့သို့ သူမ၏ တေးအယ်လ်ဘမ်ကို ဖြန့်ချိရန် စီစဉ်နေခြင်းဖြစ်သည်။ (အင်တာနက်)
**ပေါ့ပ်အဆိုတော်ဘီယွန်ဆေး MTV တေးဂီတဆုဆွတ်ခူး**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉)
ပေါ့ပ်အဆိုတော် ဘီယွန်ဆေးနှင့် လေဒီဂါဂါတို့သည် ယခုနှစ်အတွက် MTV Video တေးဂီတဆုများဆွတ်ခူးရရှိခဲ့ကြောင်း အင်တာန်သတင်းမီဒီယာများက ပြောပြသည်။ အဆိုတော်လေဒီဂါဂါသည် Born this Way တေးအယ်လ်ဘမ်ဖြင့် အမျိုးသမီးအကောင်းဆုံး ဗီဒီယိုဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုတော် ဘီယွန်ဆေးသည် Run the World (Girds) တေးအယ်လ်ဘမ်ဖြင့်အကောင်းဆုံး ပေါ့ပ်အဆိုတော်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ သူမသည် ယင်းဆုပေးပွဲတွင် Love on Top သီချင်းဖြင့်လည်း သီဆိုဖျော်ဖြေခဲ့သည်။ အဆိုတော်ဘီယွန်ဆေးက သူမတွင် ရင်သွေးငယ်လေးလွယ်ထားပြီဖြစ်ကြောင်းလည်း ပရိသတ်ကိုကြေညာခဲ့သည်။ ဗြိတိလျှအဆိုတော် အဒေလီက Some one like you သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။ အဆိုတော် အဒေလီသည်လည်း Till the World’s End တေးအယ်လ်ဘမ်ဖြင့် အကောင်းဆုံးပေါ့ပ်ဂီတဗီဒီယိုဆုဆွတ်ခူးရရှိခဲ့သည်။ (အင်တာနက်)
**ပေါ့ပ်အဆိုတော် ဆီလိုနာဂိုမက်ဇ် MTV တေးဂီတဆုပေးပွဲအကြိုဖျော်ဖြေမည်**
(လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉)
အမေရိကန် အမ်မီဆု ပေါ့ပ်အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ဆီလီနာဂိုမက်ဇ်သည် MTV Video Music Award ဆုပေးပွဲအကြိုအဖြစ် သြဂုတ် ၂၈ ရက်တွင် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း မီဒီယာများက သတင်းဖော်ပြသည်။ အဆိုပါ ဂီတဆုပေးပွဲကို အမေရိကန် လော့စ်ဂျလိစ်မြို့ အပြင်ဘက် နိုကီယာကဇာတ်ရုံကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေမှုအတွက် အလွန်ဝမ်းသာဂုဏ်ယူမိကြောင်း ဆီလီနာ ဂိုမက်ဇ်က ပြောကြားသည်။ သူမသည် ယင်းဆုကို ဆွတ်ခူးရန်ရေပန်းစားနေသည့် အဆိုလည်းဖြစ်သည်။ ယင်းဖျော်ဖြေပွဲတွင် ဆီလီနာဂိုမက်ဇ်နှင့်အတူ အခြားနာမည်ကြိးအဆိုတော်များဖြစ်ကြသည့် လေဒီဂါဂါ၊ အဒေလီလီဝိန်း၊ ဘရူနိုမားစ်နှင့် ခရစ်ဘရောင်းတို့သည်လည်း ပါဝင်သီဆိုကြမည်ဖြစ်သည်။ (အင်တာနက်)
**ဟက်သလွန် အားကစားပြိုင်ပွဲ လက်ရှိချန်ပီယံ ဆုရရန်မျှော်မှန်း**
(ဒေဂူ၊ သြဂုတ် ၂၉)
တောင်ကိုရီးယားနိုင်ငံ ဒေဂူမြို့၌ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ကမ္ဘာ့ပြေးခုန်ပစ် အားကစားပြိုင်ပွဲကြီး ကျင်းပလျက်ရှိရာ ဗြိတိန်ပြေးခုန်ပစ်အားကစားမယ် ဂျက်ဆီကာအန်းနစ်သည် ဟက်သလွန် (ခုနစ်မျိုး အားကစားပြိုင်ပွဲ) တွင် ၄င်းချန်ပီယံဆုကို ကာကွယ်ရန် ကြိုးစားလျက်ရှိသည်။ ဂျက်ဆီကာအန်းနစ်သည် ဟက်သလွန်ချန်ပီယံဆုကို ကာကွယ်မည့် ပထမဆုံးဗြိတိန်လျှ ပြေးခုန်ပစ်အား ကစားမယ်ဖြစ်လာရန်လည်း မျှော်မှန်းထားသည်။ သူမသည် သြဂုတ် ၂၉ ရက်က ယှဉ်ပြိုင်ခဲ့သည့် မီတာ ၁၁၀ တန်းကျော်ပြေးပွဲတွင် ဒုတိယရရှိထားသည်။ သို့သော် အမြင့်ခုန်ပြိုင်ပွဲတွင် ၁ ဒသမ ၈၆ မီတာ ခုန်ကာ အကောင်းဆုံးစံချိန် ရရှိထားသည်။ ပြိုင်ပွဲနှစ်မျိုးအပြီး အမေရိကန်နိုင်ငံမှ အိုလံပစ်ငွေတံဆိပ်ဆုရှင် ဟိုင်လီယက်ဖောင်တိန်က ၄၁ မှတ်အသာဖြင့် ဦးဆောင်နေသည်။ (အင်တာနက်)
(အင်တာနက်)
စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:
Post a Comment