ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 7, 2011

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ…

>
** အစ္စရေးနိုင်ငံ၌ ကြွက်စုတ်များ သောင်းကျန်းနေ **

(ဂျေရုဆလင်၊ သြဂုတ်လ ၅ ရက်)

အစ္စရေးနိုင်ငံ ကြွက်စုတ်များ သောင်းကျန်းမှုသည် စိုးရိမ်ဖွယ်ပြဿနာတစ်ရပ်ဖြစ်လာကြောင်း သြဂုတ်လ ၅ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ ကျောက်ဆောင်ယုန်များဟူ၍ အစ္စရေးနိုင်ငံ၌ လူသိများသော အဆိုပါ ကြွက်စုတ်များသည် လူနေဒေသများအထိ ကျူးကျော်ဝင်ရောက်ကာ ဥယျာဉ်စိုက်ခင်းများအား စားသောက်ဖျက်ဆီးနေကြောင်း သိရသည်။ အဆောက်အအုံများ တည်ဆောက်ရာဒေသ အပျက်အစီးများကြား၌ ကြွက်စုတ်များ အဘယ်ကြောင့် ရှင်သန်ပျော်ပါးရသည်ကို သိပ္ပံပညာရှင်များက လေ့လာလျက်ရှိကြောင်း သိရသည်။ (အင်တာနက်)

(China, Russia discuss military cooperation)

** တရုတ်နှင့် ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည် **
(မော်စကို၊ သြဂုတ်လ ၅ ရ က်)
တရုတ်နိုင်ငံသည် ရုရားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘင်းက သြဂုတ်လ ၄ ရက်နေ့တွင် ပြောကြားသည်။ တရုတ်ကြည်းတပ်ဦးချုပ် ဗိုလ်ချုပ်ကြီး ချန်သည် မြို့တော်မော်စကို၌ ရုရှားကာကွယ်ရေးဝန်ကြီး အင်နာတိုလီဆာဒူကော့နှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းောဆင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ (အင်တာနက်)

** ရေခန်းခြောက်လာသော ရေအိုင်ကြီးမှ လွန်းပြန်ယာဉ် အပျက်အစီးကို ရှာဖွေတွေ့ရှိ **
(ဟူစတန်၊ သြဂုတ်လ ၅ ရက်)
ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်စဉ် ပျက်ကျခဲ့ရသော ကိုလံဘီယာအာကာသလွန်းပြန်ယာဉ်၏ အပျက်အစီးအပိုင်းအစတစ်ခုကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၅၀ အကွာ နာကော့ဂိုချက် ရေအိုင်ကြီးအတွင်း ရှာဖွေတွေ့ရှိရကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားသည်။ အမေရိကန် ကိုလံဘီယာ အာကာသလွန်းပြန်ယာဉ်သည် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကမ္ဘာ့လေထုလွှာအတွင်းသို့ ပြန်လည်ဝင်ရောက်လာချိန်တွင် အစိတ်စိတ်အမြွှာမြွှာပြိုကွဲပြီး ပျက်ကျခဲ့ရသည်။ (အင်တာနက်)

** စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု အထိမ်းအမှတ် အဆောက်အအုံပြုသူတို့
လေ့လာနိုင်မည် **

(နယူးယောက်၊ သြဂုတ်လ ၅ ရက်)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု အထိမ်းအမှတ် အဆောက်အအုံကို နှစ်ပတ်လည်အခါသမယတွင်ပြည်သူလူထုလေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားသည်။ သမိုင်းဝင် အကြမ်းဖက်တိုက်ခိုက်မှု နှစ်ပတ်လည်အခါသမယတွင် ပြည်သူများအနေဖြင့် နယူးယောက်မြို့ရှိ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု အထိမ်းအမှတ်အဆောက်အအုံသို့ လေ့လာကြည့်ရှုရန် သွားရောက်နိုင်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုအထိမ်းအမှတ် အဆောက်အအုံနှင့် ပြတိုက်ဌာနက္ကဌ ဂျိုးဒင်နီယယ်လ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ (အင်တာနက်)

** အစ္စရေးထောင်ခါမှု ဟားမားစ်ခေါင်းဆောင်တစ်ဦး ပြန်လည်လွတ်မြောက် **
(ဂျေရုဆလင်၊ သြဂုတ်လ ၅ ရက်)
အကျဉ်းထောင်များ၌ အကျဉ်းသားများ ပြည့်သိပ်နေမှုကြောင့် ထောင်ခါသည့်အနေဖြင့် အစ္စရေးနိုင်ငံက အကျဉ်းသားများအား ပြန်လွှတ်ပေးခဲ့ရာ ဟားမားစ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် တစ်ဦးအပါအ၀င် အစ္စရေးနှင့် ပါလက်စတိုင်းအကျဉ်းသား ၇၇၀ အထိ ရှိခဲ့ကြောင်း သြဂုတ်လ ၄ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ အစ္စရေးနိုင်ငံက ပြန်လွှတ်ပေးခဲ့သော ပါလက်စတိုင်းအကျဉ်းသား ၂၀၀ အနက် အများစုမှာ ပြစ်ဒဏ်ကျခံရသည့်ကာလ ပြီးဆုံးလုဆဲဆဲ အကျဉ်းသားများဖြစ်ကြောင်း အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ (အင်တာနက်)

** နိင်ဂျီးရီးယား ရေနံညစ်ညမ်းမှုသန့်ရှင်းရေး နှစ် ၃၀ ကြာမည် **
(နိုင်ဂျာ၊ သြဂုတ်လ ၅ ရက်)
နိုင်ဂျီးရီးယားနိုင်ငံ နိုင်ဂျာဖြစ်ဝကျွန်းပေါ်ဒေသ အိုဂိုနီလင်းတွင် ရေနံအညစ်အကြေား အမြောက်အမြားရှိနေခြင်းကို ရှင်းလင်းရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်ကြောင်း ကုလသမဂ္ဂသဘာဝ ပတ်ဝန်းကျင်အစီအစဉ် (ယူအန်အီးပီ)က ထုတ်ပြန်ကြေညာသည်။ နှစ်ပေါင်းငါးဆယ်ကြာမျှ ရေနံတူးဖော်ခဲ့ခြင်းကြောင့် အိုဂိုနီဒေသအတွင်း၌ ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းများ၊ မြေဆီလွှာများ၊ ရေနှင့် လေတို့တွင် ညစ်ညမ်းလျက်ရှိကြောင်း ယင်းဒေသ၌ သဘာဝပတ်ဝန်းကျင်အခြေအနေကို ဦးဆောင်၍ လေ့လာသုံးသပ်လျက်ရှိသည့် ယူအန်အီးပီ၏ အစီရင်ခံစာက သောကြာနေ့တွင် ဖော်ပြသည်။ (အင်တာနက်)

** တိုင်ဖုန်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်၌ ၇၂ ဦးထက်မနည်း သေဆုံး **
(မနီလာ၊ သြဂုတ်လ ၅ ရက်)
ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖုန်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူပေါင်း ၇၂ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်း အမျိုးသား သဘာဝအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် မီဖာတိုင်ဖုန်းမုတ်တိုင်းနှင့် နော့တင်းတိုင်ဖုန်းမုန်တိုင်းများ တိုက်ခတ်ခဲ့သည်။ မီဖာတိုင်ဖုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းသည်။ (ဆင်ဟွာ)

** စုစည်းဘာသာပြန်- စံစံ **
t

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)