** ပညာဒါန ပြုလုပ်ခဲ့သည့် ရှာကီရာ **
“၀ါကာ ၀ါကာ” သီချင်းအဆိုတော် ရှာကီရာက သူမ၏ ချစ်သူ စပိန်လာလီဂါ ဘာစီလိုနာဘောလုံးအသင်း ကစားသမား ဂျရတ်ပီကေးနှင့် ပူးပေါင်း၍ ပညာဒါနအစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြောင်း အင်တာနက်သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ ကမ္ဘာကျော် ကိုလံဘီယာအဆိုကျော် ရှာကီရာ၏ Bare Foot Foundation က အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မီယာမီမြို့ရှိ လက်တင်အမေရိက (စပိန်)လူငယ်များ၏ YMCA ပညာရေးအစီအစဉ်သို့ ရန်ပုံငွေပိုမိုထောက်ပံ့နိုင်ရန် ပီကေး၏ ဘာစီလိုနာဘောလုံးအသင်းနှင့် ပူးပေါင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)

** ၂၀၁၁ ခုနှစ်၏ ကိုရီးယားအလှမယ်သရဖူ လီဆောင်းဟေ ဆွတ်ခူး **
အသက် (၂၂) နှစ်ရှိ ကျောင်းသူလေး လီဆောင်းဟေက ၂၀၁၁ ခုနှစ် တောင်ကိုရီးယားနိုင်ငံ၏ အလှမယ်သရဖူ ဆွတ်ခူးရရှိသွားကြောင်း ဗုဒ္ဓဟူးနေ့ ဆင်ဟွာသတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ ပျော်ရွှင်မှုများနှင့်အတူ ကျက်သရေရှိစွာ လှပနေသော လီသည် ယမန်နှစ် သရဖူပိုင်ရှင် ဂျန်ဆိုရာထံမှ ငွေရောင်လက်နေသော သရဖူ သူမဦးခေါင်းတွင် ဆင်မြန်းခံရပြီးနောက် လှချင်းတိုင်းလှနေသော ကိုရီးယားအလှမယ်အသစ်ကလေးက ဒီနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ တာဝန်ရှိသူများ အားလုံးနဲ့ ကျမမိသားစုကို အထူးကျေးဇူးတင်ပါတယ်ဟုပြော
ဆိုခဲ့သည်။(ဆင်ဟွာ)

** စပိန်လူငယ်ခြေတက် ရိုမီယူကို ချဲလ်ဆိးခေါ်ယူ **
(လန်ဒန်၊ သြဂုတ်လ ၅ ရက်)
ချဲလ်ဆီးအသင်းသည် ဘာစီလိုနာအသင်းမှ စပိန်လူငယ်ခြေတက် ကွင်းလယ်ကစားသမား ရိုမီယူကို ပေါင် ၄ ဒသမ ၂၅ သန်းဖြင့် အပြီးသတ် ခေါ်ယူလိုက်ပြီဖြစ်သည်။ ချဲလ်ဆီးအသင်းသည် အသက် ၁၉ နှစ်သာရှိသေးသည့် အဆိုပါ စပိန်လူငယ်လက်ရွေးစင်ကစားသမားကို လေးနှစ်စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရိုမီယူသည် လက်ရှိ ကိုလံဘီယာနိုင်ငံတွင် ကျင်းပလျက်ရှိနေသည့် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိခင်နိုင်ငံ စပိန်အသင်းနှင့်အတူ ပါဝင်ကစားလျက်ရှိနေသည်။ ချဲလ်ဆီးအသင်းနှင့် ဘာစီလိုနာအသင်းတို့သည် ရိုမီယူ၏ အပြောင်းအရွှေ့ကိစ္စနှင့် ပတ်သက်၍ အခြားစာချုပ်တစ်ရပ်ကိုလည်း ထည့်သွင်းချုပ်ဆိုထားသည်။ (အင်တာနက်)
** ဒီဂျေကမ်းဘဲလ်ကို ကျူပီအာအသင်း ခေါ်စာချုပ် **
(လန်ဒန်၊ သြဂုတ်လ ၅ ရက်)
ပရီးမီးယားလိဂ် တန်းတက်အသင်းဖြစ်သည့် ကျူပီအာအသင်းသည် ဘလက်ပူးအသင်းမှ တိုက်စစ်မှူး ဒီဂျေကမ်းဘဲလ်ကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ အသက် ၂၉ နှစ်ရှိ ဒီဂျေကမ်းဘဲလ်သည် အင်္ဂလန်နိုင်ငံသားဖြစ်ပြီး ယခင်က ဘရင့်ဖို့ဒ်၊ ဘာမင်ဂမ်နှင့် လစ္စတာစီးတီးတို့တွင် ကစားခဲ့ဖူးသည်။ ၄င်းသည် ပြိုင်ပွဲအရပ်ရပ်တိုင်း၌ ၇၆ ဂိုးသွင်းယူထားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အေ၀မ်းစိုး၊ဟန်သစ် **

No comments:
Post a Comment