ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 3, 2011

ဆန်းသစ်နေဆဲရင်ခုန်သံ

>
ဒီနေ့မနက်ခင်း၏ အလှအပတရားတို့သည် အရင်နေ့တွေထက် ပိုလှပနေသလားလို့ စိတ်တွင် ထင်မိသည်။ သူတက်ကြွနေတာကြောင့် ဖြစ်မည်။ သန့်ရှင်းလတ်ဆက်သောလေတို့ကို အားပါးတရရှူသွင်းလိုက်သည်။ သာယာဖြေးညင်းသော လေပြေတစ်ချို့က သူမျက်နှာကို တိုက်ခတ်ဝင်ရောက်ကာ ဆော့ကစားသွားကြသည်။ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ရင်းနှီးပြီးသားဖြစ်သော ဘေးပါတ်ဝန်ကျင်ကို ဟိုဟိုဒီဒီ လျှောက်ကြည့်မိသည်။ လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော လူတစ်ချို့ကရော ဘာတွေများ ထူးခြားနေသလဲလို့ လိုက်ကြည့်နေမိ၏ ။

မနက်စောစောထဖို့ ညကတည်းက သူကောင်းကောင်းအိပ်မပျော်ခဲ့ပေ။ တစ်အိမ်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကြနေချိန် သူ တစ်ယောက်ထည်း အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် မနက်မိုးလင်းသွားခဲ့သည်။ အိပ်ရေးကောင်းကောင်း မဝသော်လည်း ခေါင်းတို့က ကြည်လင်လန်းဆန်းနေသည်။ ကုတင်ဘေးက စာပွဲတင် နာရီကိုကြည့်လိုက်တော့ မနက်၅နာရီ ခွဲပြီ။

ဒီနေ့ကို မမေ့ဖို့ သူအတော် သတိထားနေခဲ့သည်မှာ လွန်ခဲ့သည့် တစ်ပါတ်လောက်ကတည်း ဖြစ်မည် ထင်သည်။ စိတ်ကူးထဲတွင် တွေးပြီး ကျိတ်ကာ အစီစဉ်များ ရေးဆွဲနေမိ၏ ။ အိန္ဒြရရ ဟန်ဆောင်ထားခဲ့သမျှ ဒီနေ့တော့ အကောင်အထည် ဖော်နိုင်ပြီ မဟုတ်လား။

အဝတ်အစားသစ်များကို ရွေးကာ ဝတ်လိုက်သည်။ ဆံပင်ကို သပ်ရပ်သွားအောင် ဖီးသင်လိုက်သည်။ မှန်ရှေ့တွင် ခန္ဓာကိုယ်ကို လှည့်ပတ်ကာ တစ်ချက်ကြည့်လိုက်သေးသည်။ ထို့နောက် ခြေလှမ်းကို ခပ်ဖွဖွနမ်းကာ သူ့ချစ်ဇနီး မကြားအောင် အခန်းပြင်ကို ထွက်လာလိုက်သည်။ တစ်အိမ်လုံး မနိုးကြသေး၍ ထင်ပါ၏ တိတ်ဆိတ်လျှက်ရှိသည်။ ထိုနောက်မှာတော့ အိမ်သားများနိုးမည်စိုးသောကြောင့် အိမ်တံခါးမကြီးကို အသာအယာ ပြန်ပိတ်ကာ ထွက်လာခဲ့သည်။

သူပန်းဆိုင်ရှေ့ကို တက္ကစီနှင့် ရောက်လာတော့ ဆိုင်ရှေ့တွင်လူတော်တော်များများ တန်းစီနေသည်။ မနက်စောစောစီးစီး တန်းစီနေသော လူတစ်စုကြား သူပါရောကာ တန်းစီးလိုက်သည်။ ထိုနောက်မှာတော့ သူလိုပင် နောက်ထပ် လူများရောက်လာကာ တန်းစီကြသည်။ သူရှေ့ကလူက သူကို တစ်ချက်လှည့် ကြည့်ပြီး ပြုံးပြသည်။ ကြည်လင်နေသော စိတ်ကြောင့် သူနှစ်နှစ်ကာကာ ပြန်ပြုံးပြလိုက်သည်။ ဒီလိုနှင့် တန်းစီးထားရင်း သူ့အလှည့်ရောက်သည်။

“ ဘယ်နှစ်ပွင့်ယူမှာလဲ ။ ဘယ်လို ပုံစံထုတ်ပေးရမလဲရှင့် ”

“ သုံးပွင့် ပဲ လှလှလေးနဲ့ သပ်သပ်ရပ်ရပ်လေး စည်းပေးနော်.။”

ဒီအချိန် အိမ်က အချစ်ဆုံးဇနီးသည် နိုးသေးမည် မထင်။ သူမ မနိုးခင် အိမ်အမြန်ရောက်မှ ဖြစ်မည်။ အိမ်အမြန်ရောက်ဖို့ တက္ကစီကားငှားရန် လမ်းဘေးတွင် ရပ်လိုက်သည်။ လမ်းပေါ်တွင် တက်စီကားများမတွေ့ရ။ အမြန်လိုပါမှ ကားတွေကာ ရှားပါးနေသေးသည်။ ပန်းစည်းကို ပိုက်ကာ ကားငှားရဖို့ စိတ်လောနေမိသည်။

ပန်းစည်းလှလှလေးကို ကြည့်ကာ သူစိတ်တွေ ကြည်နူးနေမိသည်။ သူ၏ ကြည်နူးစိတ်တို့ကြောင့် သူမျက်နှာတစ်ခုလုံး ပြုံးပျော်ရွှင်နေသည်ကို လမ်းသွားလမ်းလာများကပင် သတိထားသွားမိဟန်တူသည်။ တစ်ချို့က ကွတ်ကြည့်ကွတ်ကြည့်နှင့်။ တစ်ချို့က ပြုံးစိစိ။ ဘယ်သူကိုမှ ဂရုမစိုက်နိုင် သူစိတ်က ပျော်ရွှင်လန်းဆန်းနေသည်မှာ သူသာလျှင် အသိဆုံး ဖြစ်မည်ထင်သည်။ ကံကောင်းထောက်မစွာ တက္ကတစ်စီး ရောက်လာတာကြောင့် ဈေးမစစ်ပဲ အမြန်မောင်းခိုင်းလိုက်သည်။

သူအိမ်ပြန်ရောက်တော့ မနက်၇နာရီ ။ ဒီအချိန် သူမ အိပ်ရာနိုးချိန် ဖြစ်သည်။ အိမ်ထဲကို လှမ်းဝင်ကာ အခြေအနေကို အကဲခတ်လိုက်သည်။ တစ်အိမ်လုံး တိတ်ဆိတ်လျှက်ပင်။ ထိုနောက်မှာတော့ သူမရှိရာ အိပ်ခန်းတံခါးနားသို့ အရောက်တွင် တံခါးအပြင်ဘက်ကနေ သူမ ထွက်လာတာကို စောင့်နေရင်း သူ့ချစ်ဇနီးကို ပန်းစည်းဘယ်လိုပုံစံနှင့် ပေးရင်ကောင်းမလဲ အပြင်းအထန် တွေးနေမိသည်။ သူတွေးနေချိန်မှာပဲ တချွတ်ချွတ်ဖြင့် အသံကြား လိုက်ရတာကြောင့် အိပ်ခန်းဝ တည့်တည့်တွင် ရပ်နေလိုက်သည်။ ပန်းစည်းကို သူ့နောက်ကျောတွင် လက်နှစ်ဖက်ဖြင့်ကိုင်ရင်း ဝှက်ထားလိုက်ပြီး သူမ အခန်းအပြင် ထွက်အလာကို စောင့်စားနေလိုက်သည်။

ထို့နောက် ချက် ခနဲ မြည်သံနှင့်အတူ အခန်းတံခါးပွင့်လာကာ ဘယ်အချိန်ကြည့်ကြည့် ကျက်သရေ ရှိနေသည့် အိပ်ရာနိုးကာစ ဇနီးသည် ထွက်လာသည်။

“ Happy Valentine's Day ပါ ချစ်ဇနီး ”

လို့ ရေရွတ်ကာ ပန်းစည်းကို လှမ်းပေးလိုက်သည်။ စကားသံနှင့်အတူ ပန်းစည်းကို မြင်တွေ့သွားသဖြင့် သူမ မျက်နှာအံအားသင့်ကာ ပြုံးပျော်ရွှင်သွားလေသည်။ ပြုံးပျော်ရွှင်နေသော သူမ မျက်နှာသည် သူ့အတွက် တန်းဖို့အရှိဆုံး လက်ဆောင်တစ်ခုပင် ဖြစ်သည်။ သူမ ကြည်နူးနေလျှင် သူလည်း ကြည်နူးရပေသည်။ ပန်းစည်းလေးကို ငုံ့နမ်းနေသည့် ဇနီးသည်ကို တစ်စိမ့်စိမ့်ကြည့်ကာ ပို၍ ချစ်မြတ်နိုးလာရသည်ဟု ထင်မိသည်။ ထိုအချိန်တွင် သူတို့၏ငြိမ်သက်နေသော ပါတ်ဝန်းကျင်လောကလေးကို သူ့အနောက်ဘက်မှ ထွက်ပေါ်လာသော အသံတခုဖြင့် လှုပ်နှိုးခြင်းခံလိုက်ရသည်။

“ ဖိုးဖိုးနဲ့ဖွားဖွား မနက်စာ စားကြမယ်လေ။ ”

အသံကြားရာသို့ လှည့်ကြည့်လိုက်တော့ ထမင်းစားခန်းဝတွင်ရပ်ကာ သူတို့ဇနီးမောင်နှံကို ကြည့်နေသော မြေးငယ်ကို တွေ့လိုက်ရသည်။ သူနှင့်ဇနီးဖြစ်သူ တယောက်ကိုတယောက်ကြည့်ပြီး နှစ်နှစ်ကာကာ ပြုံးလိုက်ကြ၏။ ထို့နောက်မှာတော့ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ပြီး ထမင်းစားခန်းသို့ အတူတကွ လျှောက်သွားလိုက်တော့သည်။ ချစ်ဇနီးဖြစ်သူကတော့ သူ့ပေးသည့် ပန်းစည်းလေးကို ရင်ခွင်ထဲတွင် ထွေးပွေ့လျှက်......။

ချစ်ခင်လေးစားစွာဖြင့်
**မြတ်မွန်**

ချစ်သူများ အစဉ်ထာဝရ အဆင်ပြေပျော်ရွှင်ပါစေ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)