ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, August 8, 2011

ရေသန့်ဗူးခွံအတ္တ

>

ကျွန်မ လုပ်တဲ့ ကုမ္ပဏီအနီးနားမှာ စက်ရုံတွေ ကျောင်းတွေ ရှိတာကြောင့် ထမင်းစားချိန်ဆိုရင် ဆိုင်တိုင်းလိုလို လူများပါတယ်။ ဆိုင်တွေက ပစ်တဲ့ တစ်ခါသုံး ရေသန့်ဗူးတွေ စက္ကူ ပန်းကန်တွေ ခွက်တွေကို ကောက်တဲ့ အသက်ကြီးကြီး အဖိုးအိုတွေ အဖွားအိုတွေကလည်း များသားရယ်။ အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေ စက္ကူဗူးတွေ ရေသန့်ဗူးတွေ လိုက်ကောက်နေရတာ မြင်တော့ စိတ်မကောင်း ဖြစ်မိတယ်။ ရေဗူးတွေ ခွက်တွေ ပေါတဲ့ နိုင်ငံဆိုတော့ လွှတ်ပစ် ပစ္စည်းတွေကလည်း များပါတယ်။ အိမ်မှာဆိုရင် စက္ကုဗူးတွေကို သေသေခြာခြာခေါက်၊ ရေသန့်ဗူးခွံတွေ အအေးဗူးခွံတွေဆိုရင် ခြေထောက်နဲ့ ပြားနေအောင်တက်နင်း၊ အိတ်တစ်အိတ်ထဲမှာ ထည့်ပြီး လိုက်ကောက်တက်တဲ့ အဖိုးအဖွားတွေ တွေ့ရင် ပေးပါတယ်။

တစ်ချို့ကတော့ အိမ်က သားသမီးတွေက မစောင့်ရှောက်လို့ ကောက်ရတာဖြစ်ပြီး တစ်ချို့ကျတော့ ပိုက်ဆံရှိရဲ့နဲ့ အပိုဝင်ငွေရအောင်ဆိုပြီး ကောက်တာလို့ တစ်ခါ သတင်းထဲမှာ ဖတ်ဖူးလိုက်သေးတယ်။ အမှိုက်ကား အရှေ့မှာ လမ်းလျှောက်ပြီး အိမ်တွေက လွှတ်ပြစ်တဲ့ စက္ကူဗူးတွေ၊ အအေးဗူး၊ ရေသန့်ဗူး အစရှိတဲ့ ရောင်းလို့ ရတာ မှန်သမျှ ရှေ့က ဦးအောင် လိုက်သိမ်းတတ်ကြတယ်။ တစ်ခါတစ်လေ ကောက်တဲ့ လူများတဲ့ အခါ သူထက်ငါ အလုအယက် ကောက်ကြရင်း ရန်ဖြစ်ကြတာကို တွေ့ရပြန်ပါတယ်။ ရေသန့်ဗူးပေါ်မှာ ထားတဲ့ သူတို့တွေရဲ့ အတ္တပေါ့။

လွန်ခဲ့တဲ့တစ်ပါတ်ကျော်လောက်ကပေါ့ ထမင်းဗူးမပါတော့ အပြင်မှာ ထွက်စားပါတယ်။ ခေါက်ဆွဲဆိုင်နား ရောက်တော့ အသက်၃၀လောက် ရှိတဲ့ လူတစ်ယောက် ရေသန့်ဗူးတွေ လိုက်ကောက်တယ် ထင်ပါရဲ့ ဟောင်းဟောင်းနွမ်းနွမ်း စုတ်စုတ်ပြတ်ပြတ်နဲ့ ။ ထိုလူက တုန်တုန်ချိချိနဲ့ အသက်တော်တော်ကြီးပုံရတဲ့ အဖိုးအိုကို လက်သီးတွေနဲ့ ပိတ်ထိုး တစ်ဘုန်းဘုန်း နဲ့ထုရိုက်နေတာကို တွေ့လိုက်ရတယ်။ အဖိုးအိုက ဘာတစ်ခုမှ ပြန်မခုခံတဲ့ အပြင် “ ခွင့်လွတ်ပါကွာ ငါမသိလို့ပါ ” ဆိုပြီး တောင်းပန်နေသေးတယ်။ ခံနေရတဲ့ အဖိုးအိုဘက်က ဝင်ဆွဲမယ့်လူမရှိဘူး။ အင်အား မမျှမှန်းသိပေမယ့် အားလုံးက ဝိုင်းကြည့်နေကြတော့ မိန်းကလေးဖြစ်တဲ့ ကျွန်မက ဘေးနားက ကြည့်ပြီး ဒေါသ ထွက်နေရုံက လွဲပြီး ဘာမှ မတက်နိုင်ခဲ့။

အစအဆုံး မမြင်လိုက်ရတော့ ဘာဖြစ်မှန်းတော့ မသိဘူးပေါ့။ အနီးနားမှာ ကြည့်နေတဲ့ လူတစ်ယောက်ကို မေးကြည့်မိပါတယ်။ အဖိုးအိုက ဘာများ လုပ်မိလို့ ဒီလို အနိုင်ကျင့်ရတာလဲပေါ့။ ဟိုလူကောက်ထားတဲ့ ရေသန့်ဗူး ကို အဖိုးအိုက သွားယူမိလိုက်လို့ တဲ့လေ။

သြော်....ဖြစ်ရလေ ရေသန့်ဗူးခွံလေး တစ်ဗူးနဲ့ အဲလောက်တောင် ရန်ရှာရလား ဆိုပြီး ထိုလူရဲ့ အတ္တစိတ်ကို မြင်မိတယ်။ အဖိုးအိုက မသိလို့ ယူမိတာကို တောင်းပန်နေပေမယ့် ထိုလူရဲ့စိတ်က ငါ့ပစ္စည်းဆိုတဲ့ အတ္တစိတ်ကြောင့် ရန်ရှာပါတော့တယ်။ လူရဲ့အတ္တဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ ဆိုတာ။ အသက်ကြီးတာ ငယ်တာ မျက်စိထဲမှာ မမြင်တော့ဘူး။ ငါပစ္စည်းဆိုတဲ့ အတ္တစိတ်က အသိညာဏ်ကို ဖုံးလွမ်းသွားတော့တယ်။ တန်ဖိုးအနည်းအများ ဆိုတာထက် မိမိပစ္စည်းဆိုတဲ့ အတ္တကြောင့် သက်ကြီးရွယ်အို ဆိုတဲ့ အသိပျောက်သွားရတာတော့ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိင်ခြင်း တစ်မျိုးဖြစ်သလို စိတ်ဓါတ်ညံ့ဖျင်းမှု လို့ပဲမှတ်ချက်ချမိလိုက်ပါတော့တယ်။

ချစ်ခင်လေးစားစွာဖြင့်
** မြတ်မွန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)