
ရက်တွေကြာလာတာနဲ့ အမျှ
နှစ်တွေကြာလာတာနဲ့ အမျှ
ဟောဒီ ရင်ဘတ်ထဲက
အတ္တ တွေ အလိုလို ပျောက်ကုန်တယ် . . .
တရား ရတာတော့ မဟုတ်
ဒဏ်ရာတွေသာ ရတာ
ကုသမရတဲ့ အနာတွေထဲမှာ
စိတ်ပျက်ညည်းငွေ့ခြင်းတွေလဲ ပါမယ် . . .
လူ့ဘ၀ဟာ
ဘယ်အတိုင်းအတာ လောက်ဆိုရင်
ပြည့်စုံပါပြီတဲ့လဲ
မေးရင်း မြန်းရင်း
ပင်လယ်ရေ သောက်သူတွေနဲ့ မိတ်ဖွဲ့ . . .
ဟုတ်ပါလိမ့်မယ်
ခြေတလှမ်းသာ အရင်လှမ်းလိုက်ပါ
ရှေ့ဆက်ရမဲ့ ခြေလှမ်းကုဋေကဋာ
မောပန်းလာတဲ့အခါ
ရောက်ရာနေရာမှာပဲ လဲ အိပ်လိုက်ပါ . . .
လူဖျင်းတစ်ယောက်ရဲ့ ကဗျာ
ဘယ်တော့မှ မဆုံးသည်မှာ . . .။
**မာဃလုလင်**
--

ရက်တွေကြာလာတာနဲ့ အမျှ
နှစ်တွေကြာလာတာနဲ့ အမျှ
ဟောဒီ ရင်ဘတ်ထဲက
အတ္တ တွေ အလိုလို ပျောက်ကုန်တယ် . . .
တရား ရတာတော့ မဟုတ်
ဒဏ်ရာတွေသာ ရတာ
ကုသမရတဲ့ အနာတွေထဲမှာ
စိတ်ပျက်ညည်းငွေ့ခြင်းတွေလဲ ပါမယ် . . .
လူ့ဘ၀ဟာ
ဘယ်အတိုင်းအတာ လောက်ဆိုရင်
ပြည့်စုံပါပြီတဲ့လဲ
မေးရင်း မြန်းရင်း
ပင်လယ်ရေ သောက်သူတွေနဲ့ မိတ်ဖွဲ့ . . .
ဟုတ်ပါလိမ့်မယ်
ခြေတလှမ်းသာ အရင်လှမ်းလိုက်ပါ
ရှေ့ဆက်ရမဲ့ ခြေလှမ်းကုဋေကဋာ
မောပန်းလာတဲ့အခါ
ရောက်ရာနေရာမှာပဲ လဲ အိပ်လိုက်ပါ . . .
လူဖျင်းတစ်ယောက်ရဲ့ ကဗျာ
ဘယ်တော့မှ မဆုံးသည်မှာ . . .။
**မာဃလုလင်**
--


No comments:
Post a Comment