ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 28, 2011

''မြန်မာတွေမညံ့ သို့သော်''

>
ပြီးခဲ့သည့် ဧပရယ်လထုတ် The Wave မဂ္ဂဇင်းတွင် ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ “Oh! We are Burmans” ဆိုသည့်
ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ မြန်မာလူမျိုးများမှာ
အားနည်းချက်ကြောင်ကွက်အဖြစ် ကိုယ့်ကိုကိုယ် အထင်ကြီးခြင်း၊
အတွေးတိမ်ခြင်းတို့ကို တွေ့ရပြီး ထိုရောဂါမျိုးကို
လူကြီးသူငယ်နာဟုခေါ်ကြောင်း ရေးသားထားသည်။

မြန်မာတွေ မညံ့ပါဟု အချို့က ဂုဏ်ယူတကြီး ပြောကြသည်။ ထိုအဆိုအပေါ်
အငြင်းပွားရန်လည်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာတွေက အမှန်တကယ်ပင်
မညံ့ကြ၍ ဖြစ်သည်။ သို့သော် မြန်မာတွေ ထူးချွန်သလားဟု မေးလျှင်
အဖြေရကျပ်သည်။ စာရေးသူ ငယ်စဉ်က ရဟတ်ယာဉ် တီထွင်သော ပန်းပဲဆရာတစ်ဦးကို
မြင်ဖူးသည်။ ထိုပန်းပဲ ဆရာမှာ စာမတတ်ချေ။ သို့သော် ရဟတ်ယာဉ်တစ်စင်းကို
ဟင်းဂလိုင်း သံချောင်းကွေး၍ နှစ်လုံးထိုး ကားအင်ဂျင်သုံးကာ
တည်ဆောက်ခဲ့သည်။ သူ၏ ရဟတ်ယာဉ်ကို မြို့ပြင်ရှိ ချောင်းစပ်တွင်
စမ်းသပ်ပျံသန်းရာ ရွာနီးချုပ်စပ်မှ နွားလှည်းများဖြင့်
လာရောက်အားပေးခဲ့ကြသည်မှာ ပွဲတော်သဖွယ်ဖြစ်ခဲ့သည်။ သို့ရာတွင်
ရဟတ်ယာဉ်မှာ ခြောက်ထပ်တိုက် တစ်လုံးစာမျှ အပေါ်တက်သွားပြီး ရှေ့လည်းမတိုး၊
နောက်လည်းမသွား၊ အပေါ်လည်း ဆက်မတက်ဘဲ အသံစုံမြည်ဟီး၍ လေထဲတွင်ပင်
တန့်နေတော့သည်။ မကြာပါချေ၊ မိတ်အင်ဘားမား ရဟတ်ယာဉ်ကြီးမှာ ချောင်းထဲသို့
အရှိန်ပြင်းစွာ ပြုတ်ကျလေတော့သည်။ ပရော်ဖက်ဆာ အင်ဂျီနီယာ ပန်းပဲဆရာမှာ
နံရိုးတွေ အကုန်ကျိုး၍ သွားတွေလည်း တစ်ချောင်းမှမကျန်ချေ။ သို့ရာတွင်
အသက်မသေခဲ့ပေ။ အသက်မသေသော်လည်း အဖမ်းခံရသည်။ သို့သော် ထောင်မကျချေ။
မည်သို့ပင်ဆိုစေကာမူ စာမတတ်ပေမတတ် ကျေးတောသား မြန်မာတစ်ဦးက
ရဟတ်ယာဉ်တစ်စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း အနှီနယ်မြို့ကလေးမှ လူထုက
ဂုဏ်ယူလျက် ရှိကြသည်။

အထက်ပါ ဖြစ်ရပ်ကိုကြည့်လျှင် မြန်မာတွေမှာ အတုမြင် အတတ်သင်၊
သင်လွယ်တတ်လွယ်သည့် ဥာဏ်ကောင်းသည်။ သို့ရာတွင် ကိုယ်တိုင်
စဉ်းစားတွေးတောခြင်း မရှိဟု ဆိုရမည်။ တစ်ကွက်သာစဉ်းစား၍
နောက်တစ်ကွက်အတွက် မစဉ်းစားဟု ဆိုရပေမည်။ ပန်ကာနှင့် အင်ဂျင်ရှိလျှင်
ရဟတ်ယာဉ်ဖြစ်ပြီ အထင်ရောက်၍ ဂျိုင်ရိုစကုပ်၏ သဘောတရား၊ ယာဉ်၏ Balance
စသည်တို့ကို တစ်ကွက်မျှ မစဉ်းစားထားသည်ကို တွေ့ရသည်။ စာမတတ်သူဖြစ်၍
ထိုအချက်ကို အပြစ်ပြောရန်မရှိသော်လည်း စွန့်ဦးတီထွင်သူ ပန်းဘဲဆရာကို
အစိုးရကဖမ်းဆီး၍ နောက်တစ်ကြိမ်မလုပ်ရန် ပြင်းပြင်း ထန်ထန်
သတိပေးလိုက်ခြင်းဖြစ်သည်။ တိုးတက်သော နိုင်ငံများတွင်
စွန့်ဦးတီထွင်သူကို အစိုးရကပင် ထောက်ပံ့၍ မြှောက်စားသည် မဟုတ်လော၊ ယခု
ဖြစ်ရပ်မှာမူ တိုးတက်လိုသူကို အညွန့်ချိုးလိုက်သကဲ့သို့ပင် ရှိတော့သည်။

ရှိတာနဲ့ လှအောင်ဝတ်မည်၊ လုပ်သလိုမဖြစ်ပါက၊ ဖြစ်သလို လုပ်မည်ဟု
ကြွေးကြော်ပြလိုက်သေးသည်။ ဘာမှမရှိပေလို့ ရှိများရှိလို့ကတော့
ဒုံးပျံတောင် ထွင်ပြလိုက်ဦးမည်ဟု ဟစ်ကြွေးသူလည်း ရှိသည်။
ဘာပစ္စည်းပျက်ပျက် အသာလေးပြင်တတ်တယ်၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်
လို့ကတော့ သူဋ္ဌေးဖြစ်နေပြီ၊ ဘယ်မှမသွားချင်လို့သာဟူသော စကားများလည်း
ကြားဖူးကြ ပေလိမ့်မည်။ အမှန်ပင်တော်ပါသည်။ ဂျပန်နိုင်ငံတွင် ဖွင့်မရတော့၍
လမ်းဘေးပုံထားသော တီဗွီတွေ၊ ဗွီဒီယိုပြစက်တွေ၊ ရေခဲသေတ္တာတွေ
မြန်မာပြည်ရောက်တော့ မြန်မာ့အစွမ်းဖြင့် နောင်ဆယ်နှစ် အနှစ်နှစ်ဆယ်
အသုံးခံသည့် ပစ္စည်းကောင်းတွေ ဖြစ်သွားကြသည်။ ကမ္ဘာစစ်အကြွင်းအကျန်
ဘတ်စကားအိုကြီးများ စင်းလုံးချော မဟုတ်သည့်တိုင် မူလဥပဓိရုပ်မပျက်ဘဲ
အန္တရာယ်ကင်းသည်ဟု ထင်ရသည်အထိတော့ စီးနင်းနိုင်အောင် မြန်မာတို့
စွမ်းဆောင်ထားသည်။

လိပ်ခုံးကား၊ ဂျစ်ကားတွေမှာ ကြည့်လျှင် ကမ္ဘာလှည့်
ခရီးသည်တွေ တအံ့တသြ ငေးကြည့်ရသေးသည်။ သူတို့နိုင်ငံများတွင် မျိုးတုန်း
ပျောက်ကွယ်သွားသော ကားများမှာ မြန်မာပြည်တွင် ငယ်ရုပ်ပင် မပျောက်သေးချေ။

အပိုပစ္စည်းလည်း မရှိတော့သည့်တိုင် မြန်မာတွေ ဘယ်ကဘယ်လို
တီထွင်ပြုပြင်ထားကြသနည်း၊ အလွန်ကို တော်သော မြန်မာ လူမျိုးများ
ဖြစ်ပါသည်ဟု ချီးကျူးကြသည်။

ထိုသို့ဖြင့် အားကိုးတကြီး လာရောက်၍
ယနေ့ခေတ်ပေါ် လပ်ဇ်ကား တစ်စင်းကို ပြုပြင်ခိုင်းလျှင် မူလီပင်
ဘယ်နားကဖြုတ်ရမှန်းမသိသော အခြေအနေ ဆိုက်သွားနိုင်သည်။ တွင်ခုံဆရာ၏ သား၊
မြေးတွေက မိုလုပ်သည့်စက်ကိုပင် မပိုင်သေးချေ၊ ဘိုးဘေးနည်း အတိုင်း
မျက်မှန်းနှင့် ဟိုနားထူ၊ ဒီနားပါး လုပ်နေကြဆဲပင် ဖြစ်သည်။ ဆိုလိုသည်မှာ
အဟောင်းကြီးများထဲမှ ဖောက်မထွက်နိုင်သေးဘဲ မိမိပရိတ်သတ်၊ မိမိအရပ်၊ မိမိ
ဇာတ်နှင့် ကျေနပ်နေကြခြင်းကြောင့်သာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် သူဋ္ဌေးကြီးတွေ အလွန်ပေါသည်ဟု ဆိုကြသည်။ ဒေသတွင်းသာမက
ကမ္ဘာ့အဆင့်ထဲတွင် ဝင်နိုင်လောက်အောင် ချမ်းသာသူများ ရှိသည်ဟု ဆိုကြသည်။
သို့သော် မည်သူမျှ ကမ္ဘာ့အဆင့်ဝင်အောင် ချမ်းသာပါသည်ဟု
ထုတ်ဖော်မကြေငြာချေ။ မည်သည့်နည်းနှင့် ချမ်းသာသနည်းဟု မပြောနိုင်ကြ၍
ဖြစ်သည်။ မပြောဝံ့ကြ၍လည်း ဖြစ်သည်။ သို့ရာတွင် နိုင်ငံအတွင်းတွင်တော့
ယခုလောက် ခက်ခဲကြမ်းတမ်းသော စနစ်ကြီးတွင်ပင် ယခုကဲ့သို့ ချမ်းသာအောင်
ကြိုးစားနိုင်ကြသည်။ စီးပွားရေးပိတ်ဆို့မှုသာ ဖွင့်ပေးလိုက်လျှင်
ယခုထက်ပိုမို ချမ်းသာလိမ့်မည်ဟု မြန်မာသူဋ္ဌေးတွေ ကိုယ့် ဟာဒယကို
ကိုယ်ပြန်၍ အစာကျွေးကြသည်။ ဝိတ်တန်းမတူသော ကမ္ဘာ့အဆင့် သူဋ္ဌေးများနှင့်
စိတ်ကူးထဲမှာ ကြိတ်ပြိုင်သလို အခြွေအရံများကလည်း ဘုန်းတော်ဘွဲ့၍
မြှောက်ပင့်ပေးသည်။ ဒေသတွင်း ကုမ္ပဏီခပ်သေးသေးတစ်ခု (သို့)
အောက်ဈေးနှိမ်၍ ဝယ်မည့် တရုတ်ကုမ္ပဏီ ခပ်ကြီးကြီးတစ်ခုနှင့်
အလုပ်တွဲလုပ်ရလျှင် မြန်မာသူဋ္ဌေးများ ဂုဏ်ယူမဆုံး ဖြစ်ကြသည်။
ကမ္ဘာ့ဈေးကွက်တွင် မိမိတို့ အမှန်တကယ် ရနိုင်သည့် အကျိုးအမြတ်ကို
ထိုကုမ္ပဏီ တွေက ယူ၍ အရိုးအရင်းသာ ပေးသွားကြသည်ကိုသိလျှင် မချိတင်ကဲ
ဖြစ်ပေဦးမည်။ မြန်မာသူဋ္ဌေးတွေ ကမ္ဘာနှင့် ယှဉ်နိုင်ပြီဆိုလျှင် ကမ္ဘာတွင်
မြန်မာ သူဋ္ဌေး၏ ကုမ္ပဏီက ထုတ်သောပစ္စည်း ဘယ်နှစ်မျိုးရှိ သနည်းဟု
ပြန်ကြည့်ရန်လိုသည်။ ဧရာမ စိုက်ကွင်းကြီးများ၊ ဧရာမ
မွေးမြူရေးစခန်းကြီးများ ရှိစေကာမူ ကမ္ဘာ့ဈေးကွက်တွင် မြန်မာပြည်ကထုတ်သော
တံဆိပ်နှင့် ဆန်၊ ရာဘာ၊ ဆီအုန်း၊ သားငါး မတွေ့ရချေ။ ထို့ကြောင့်
မြန်မာပြည်မှာ သူဋ္ဌေးတွေ သာ ကြီးပွားသည်။ စီးပွားရေးလုပ်ငန်းစုတွေက
မကြီးပွားဟု ဆိုရမည်။ ကုမ္ပဏီကြီးပွားမှ စီးပွားရေး အောင်မြင်သည်ဟု
ဆိုရမည် မဟုတ်ပါလော။ ကမ္ဘာ့ ဈေးကွက်တွင် မိုက်ခရို ဆော့၊ ဝါလ်းမတ်၊
ဖိုဒ့်၊ ဆမ်ဆောင်း စသည်ဖြင့် သူဋ္ဌေးတွေမှာ သူ့ဂုဏ်နှင့်သူရှိ သည်။
မြန်မာသူဋ္ဌေးများက လူကြီးပွားအောင်သာ ဟိုကပ်ဒီကပ်နှင့်
ကြံဖန်ကြိုးစားသွားကြသည်။ အောင်မြင်မှုဟူ၍ မည်မည်ရရ တစ်စုံတစ်ရာမရှိ။
ထို့ကြောင့် ကမ္ဘာ့တန်းမှီ သူဋ္ဌေးများနှင့် ယှဉ်ပြိုင်ရာတွင်
တစ်တန်းလျော့သလို ဖြစ်နေရသည်။ ပြဿနာမှာ စွန့် ဦးတီထွင်လိုစိတ် မရှိ
သောကြောင့်သာ ဖြစ်သည်။

အာလူးကြော်ဆိုလျှင် မြန်မာလုပ် အာလူးကြော်ကို မစားလိုကြ၊ တရုတ်ကလာသော
တာရှည်ခံ အရောင်ဆိုး အရည်အသွေးမမှီ အားလူးကြော်ကိုမှ စားချင်သည်။
ကိုရီးယားတွင် ဝါးရှားပါး၍ ထမင်းလိပ်လုပ်ရောင်းသည်ကို ခေတ်မှီသည်ဟု၍
ထမင်းလိပ်စားသည်။ မြန်မာခဲတံချောင်းနှင့် သဘောသဘာဝ အတူတူပင် ဖြစ်သည်။
ရပ်ကွက်ထဲက မုန့်ဆိုင်တွေမှာ မြန်မာဇီးထုပ် ရောင်းသည်ကိုပင်
မတွေ့ရတော့ချေ။ ယိုးဒယားနှင့် တရုတ်မုန့်များက နေရာယူ နေသည်။ မည်သည့်
အစားအသောက်က အန္တရာယ်ကင်းသည်ကို မြန်မာတိုင်းသိသော်လည်း
နိုင်ငံခြားဖြစ်ကိုသာ စားချင်သည်။ အထုပ်အပိုး ပြင်ဆင်မှုတွင် စားချင်စဖွယ်
ဆွဲဆောင်ထား၍ဖြစ်သည်။ အဓိကပြဿနာမှာ မိမိတို့လုပ်ငန်းကို ရိုးရာအတိုင်း
စွဲကိုင်ထားခြင်းဖြစ်ပြီး အပြောင်းအလဲကို မလုပ်လိုခြင်းသာ ဖြစ်သည်။
မူလလက်ဟောင်းဆိုသည့် နာမည်တစ်လုံးနှင့်ပင် ကျေနပ်နေပြီး ခေတ်နှင့်ညီအောင်
ပြောင်းလဲ လုပ်ကိုင်နိုင်မှု မရှိ၊ စဉ်းလည်း မစဉ်းစားပေ။ ထို့ကြောင့်
လူတစ်ဦးချင်း၊ လုပ်ငန်းတစ်ခုချင်း နောက်ကျကျန်ခဲ့ရင်းမှ
တိုင်းပြည်အတိုင်း အတာနှင့်ပါ နောက်ကျကျန်ခဲ့တော့သည်။

နောင်လာမည့် သုံးလေးနှစ်အတွင်း အာဆီယံကုန်သွယ်မှုဇုန်တွေ လာပေတော့မည်။
ယခုပင်လျှင် တရုတ်နှင့် ယိုးဒယားပစ္စည်းတွေကို မယှဉ်နိုင်လျှင်၊
ပြိုင်ဘက်တွေ များလာသည်နှင့်အမျှ မြန်မာ့ရိုးရာလုပ်ငန်းတွေ
ပပျောက်သွားဖို့သာ ရှိသည်။ တိုးရစ်တွေ အမှတ်တရ လာကြည့်သည့် ပြတိုက်ထဲက
လုပ်ငန်းလေးတွေသာ ဖြစ်သွားဖို့ရှိသည်။ ယနေ့ လုပ်စားနေရသည့်
အခြေအနေမျိုးကို သာယာနေ၍မရ၊ လုပ်ငန်းတွေ နေ့မြင်ညပျောက် ဖြစ်နေသာ
အရှိန်အဟုန် ပြင်းလွန်းသည့် ကမ္ဘာ့ဈေးကွက်တွင် မြန်မာသူဋ္ဌေးတွေ
ရပ်တည်နိုင်ကြမည်လော၊ သူဋ္ဌေးတွေတင်မဟုတ် လက်မှုပညာသည်၊
ကျွမ်းကျင်ပညာသည်တွေရော ထိုကမ္ဘာ့ဈေးကွက်ထဲတွင် ရှိနေကြသော
အလုပ်သမားများနှင့် ယှဉ်ပြိုင်နိုင်မည်လော။ စဉ်းစားကြဖို့သာ ရှိသည်။
ပြန်လည်ကူးယူဖော်ပြသည်

(ပါဝင်သော အကြောင်းအရာများမှာ မူလစာရေးသူ၏ အမြင်များသာ ဖြစ်ပါသည်။)
(တင်ထားပြီးသား၊ ဖတ်ထားပြီးသား သူများအတွက် မေးလ် ရှုပ်သလိုဖြစ်သွားလျှင်
မရည်ရွယ်ပါကြောင်း..။)

**စစ်မင်း**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)