ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 28, 2011

“ ငွေပုံပေးကာ ကျေးဇူးဆပ်ရုံနှင့်လုံလောက်ပြီလား ”

>

လူတိုင်းလူတိုင်း အခွင့်သာလျှင် မိဘကျေးဇူးကို ဆပ်ချင်ကြသည်ချည်းပင်၊
တချို့ က “ မိဘကျေးဇူးဆပ်တာပဲ ငွေပေးဆပ်လိုက်ရင်ပြီးတာပဲ” ဟု ထင်နေတတ်ကြ၏။
မိဘကျေးဇူးကို ငွေကြေးနှင့်တန်ဖိုးဖြတ်ကာ ဆပ်နေလိုက်ကြသည်မှာ- မိန်းမကလည်းသူ့ 
မိဘဆီကို တစ်လတစ်ခါပို့ လိုက်၊ ယောက်ျားကလည်း အားကျမခံပို့ လိုက်၊ သည်လိုနှင့်
ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ကြိုးစားကာ အများအမြင်မှာတော့ သားကောင်း သမီးအ
လိမ္မာပြီးတွေပေါ့။
“ မိဘကို ငွေပေးရုံနဲ့ လုံလောက်ပါပြီ ” လို့ ဆိုတဲ့ ထိုထိုလူသားများအတွက်
လေ့လာ ဖတ်ရှုဖူးသော ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြလိုက်ချင်သေး၏။ ရပ်ကွက်တစ်
ခုတွင် အင်မတန် စရိုက်ဆိုးသည့် လင်မယားနှစ်ယောက်ရှိ၏။ တစ်ယောက်က အရက်ကို
အလွန်အကျွံသောက်ကာ မူးလာရင် လူမှန်းသူမှန်းမသိတဲ့ ဆိုက္ကာသမား၊ တစ်ယောက်က
ဈေးထဲမှာ ငါးရောင်းရရှာသည့် ငါးစိမ်းသည်၊ သူတို့ နှစ်ယောက် ရေစက်ဆုံပံဆုံနည်းက
လည်း ရပ်ကွက်ထဲမှာ သြချစရာ၊ အရက်မူးလွန်ပြီး ကင်းတဲတစ်ခုမှာ အိပ်ပျော်နေတုန်း
( ကားသများတွေရန်ကိုကြောက်လို့  ခိုကိုးရာမဲ့ ပြေးလွားခဲ့သည့် ) အမျိုးသမီးက ဗြုန်းဆို
သူ့ နောက်မှာ ဝင်ပုန်းရင်း မထင်မှတ်ဘဲ ညားခဲ့ကြရသည့် ဇနီးမောင်နှံ၊ နာမည်က ကိုထွန်း
ရင်နှင့် မသိန်းမြ-တဲ့၊ ချစ်ခြင်းမေတ္တာတွေလည်းမပါ၊ သံယောဇဉ်တွေလည်းမရှိ၊ ဟိုကြောက်
သည်ကြောက်နှင့် ညားခဲ့ကြသည်မို့  နေ့ လည်း တကျက်ကျက် ညလည်းတကျက်ကျက် ရန်
ဖြစ်တတ်ကြ၏။ ရပ်ကွက်ထဲမှ အိမ်နီးနားချင်းများ ဆယ်အိမ်မှူး ရာအိမ်မှူးများ ဖြေရှင်းပေးလို့ 
ကမဆုံးနိုင်။
( လင်နဲ့ မယား လျှာနဲ့ သွား-ဆိုတာလို လင်ကရှာရှာလာသမျှ မယားကသွားသွား
ဖြုန်းလို့ လျှာနှင့်သွားပမာ တစ်ခါတစ်ရံမှ ထိမိခိုက်ကြသည်မဟုတ် ) ၊ ကိုထွန်းရင်ကလည်း အ
ရက်သမားပီပီ စရိုက်ကြမ်းကြမ်း မသိန်းမြကလည်း ငါးစိမ်းသည်ပီပီ နှုတ်သီးကစွာတာတာ၊ ဝါ
သနာမတူညီ၊ စရိုက်ကိုယ်စီမို့  ခုနှစ်သံချီပြီး ရန်ပွဲကို အမြဲနွဲနေကျ။
သည်လိုနှင့်နေလာခဲ့ကြရာ တစ်နေ့ မှာတော့ သူတို့ လင်မယားနှင့်ဘယ်လိုမှပတ်သက်
ဆက်နွယ်သည်ဟု အထင်ရလောက်အောင် ချောမေလှပသည့် အသက်နှစ်ဆယ် အရွယ် မိန်းမ
ပျိုလေးတစ်ယောက် သူတို့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့၏။ အလှတွင် အယဉ်
ဆင့်-ဆိုတာလို မျက်နှာလေးက လှပရုံမက ကျက်သေရရှိလွန်းလှ၏။ မျက်နှာအချောအလှလေးကို
မြင်လိုက်သည်နှင့် သဘောမနေကောင်းမည့်သူလေဖြစ်ကြောင်း မသိန်းမြက မှတ်ချက်ပြုလိုက်၏။
၎င်းမိန်းခလေးသည် ကိုထွန်းရင်၏ ပထမအိမ်ထောင်မှ မွေးခဲ့သော သမီးကလေး
မေမိုးဝသန်-ပင်ဖြစ်ပါသတဲ့၊ မိခင်ဖြစ်သူ ကွယ်လွန်သွားပြီမို့ ၊ အဖွားတွေလက်ထဲမှာ ကြီးပြင်းလာ
ခဲ့ရသည့် မေမိုးဝသန်၊ ယခုသူမ၏ဖခင် ကိုထွန်းရင်ဆီကို ဘာလာလုပ်တာလဲ-ဟု ထွန်းရင်ကိုယ်တိုင်
က နားမလည်နိုင်၊ ငိုင်တိုင်တိုင်နှင့် ငေးကြည့်နေ့ သည့်ဖခင်အား သမီးလေး မေမိုးဝသန်က “ သမီး
အဖေ့ကျေးဇူးတွေ ဆပ်ချင်လို့ လာခဲ့တာပါ၊ အဖေ သမီးကို တစ်နှစ်တော့ လက်ခံပါ ”ဟု ပြောသည့်
အခါ အဖေအရင်းဖြစ်တဲ့ ထွန်းရင်ကတော့ ဘာပြောနေမလဲ၊ စကားတစ်လုံးတည်း “ သမီးနေမယ်
ဆိုရင်နေပေါ့ ” တဲ့၊

ဒါပေမယ့် အဖေ့မိန်းမ မသိန်းမြက သိပ်မကြည်ချင်၊ ဘဝင်မကျ နှုတ်က ရေရွတ်သည်မှာ
“ အဖေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်လည်း ငွေလေးဘာလေး ထောက်ပံ့ပေးရင်ပြီးရောပေါ့ ” တဲ့၊ ဒီ
လိုနဲ့ ပဲ လမ်းလုံကျော် ရပ်ကွက်ကျော် အိမ်တော်ကြီးမှာ မိသားစုသုံးယောက်ဖြစ်သွားလေတော့၏။

သမီးလေး မေမိုးဝသန် ရောက်ပြီးသည့်နောက်တစ်နေ့ မနက် ဝေလီဝေလင်းအချိန်မှာ
အရက်သမားကိုထွန်းရင်နှင့် ငါးစိမ်းသည် မသိန်းမြတို့ ၏ အိမ်ထဲမှ အင်မတန်သာယာတဲ့ ကြေးစည်
သံလေး ထွက်ပေါ်လာပါတော့၏။ မေမိုးဝသန်ရဲ့ ဘုရားရှိခိုးသံ မေတ္တာပို့ သံတွေကြားရသည့်အခါ
အားလုံး တအံ့တသြ ဖြစ်ကြကုန်၏။ ကလေးမလေးသည် မြန်မာရိုးရာ ယဉ်ကျေးမှုတွင်မကပဲ စစ်မှန်
သည့် ဗုဒ္ဓဘာသာဝင်တစ်ယောက်လို ပီပီပြင်ပြင်ရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်မှန်း တစ်ရပ်ကွက်
လုံး သိလိုက်ကြရတော့၏။
ဘယ်တုန်းကမျှ ဆွမ်းလောင်းလေ့မရှိတဲ့ သူတို့ အိမ်ကို ဆွမ်းခံကိုယ်တော်လေးတွေ ပင့်
ဖိတ်ပြီး ကလေးမလေးက ဆွမ်းလောင်း၏၊ ညဘက်ရောက်သည့်အခါ အဖေ့ကိုတစ်လှည့် မိထွေးကို
တစ်လှည် နှိပ်နယ်ပေးရင်း ဘုရားအကြောင်းတရားအကြောင်း သူ့ အသိပညာအတိုင်းအထွာလေးနှင့်
ပြောပြလေ့ရှိပါသတဲ့။
( မှတ်ချက်-မိခင်နှင့်အဘွားတို့ ၏ ထိန်းကွယ်မှုအောက်မှာ လူလားမြောက်ခဲ့ရသည့် မေမိုးဝ
သန်၊ သည်ကလေး၏ လိမ္မာရေးခြားရှိပုံကို တွေ့ မြင်းရသည့်အခါ လောကနီတိဆရာ၏ အဆိုပြုချက်
တစ်ရပ်ကို သွား၍ သတိပြုမိတော့၏-
* အမိအုပ်ထိန်းသောသမီးနှင့် အဘအုပ်ထိန်းသောသမီး မတူ၊ အမိအုပ်ထိန်းသော သမီးက
သိမ်မွေ့ သည်၊ က္ကုနြေ္ဒရှိသည်၊ လိမ္မာရေးခြားရှိသည်။
* အမိအုပ်ထိန်း သောသားနှင့် အဘအုပ်ထိန်းသောသားသည်မတူ၊ အဘအုပ်ထိန်းသော
သားက လိမ္မာရေးခြားရှိသည်။
* အမိရော အဘရောနှစ်ဦးစလုံးအုပ်ထိန်းသော သားသမီးများသည် ပို၍လိမ္မာရေးခြားရှိသည်၊
လူတော်လူကောင်းလေးများ ဖြစ်လာတတ်သည်၊ သမီးမိန်းခလေးကို အုပ်ထိန်းရန် အမိတွင်ပို၍တာဝန်
ရှိသည်၊ သားယောက်ျားလေးကို ထိန်းသိမ်းကွပ်ညှပ်ရန် အဖတွင် ပို၍တာဝန်ရှိဘိ၏၊။ ဤသည်မှာ လော
ကနီတိ အဆိုဖြစ်၏ )
မေးမိုးဝသန်က သူ့ အဖေကိုလည်း ( အရက်မသောက်ပါနဲ့ လား အဖေရယ် ) ဟု တစ်ခွန်းမှမ
ပြော၊ ထိုနည်းတူ သူ့ မိထွေးကိုလည်း ( ငါးမရောင်းပါနဲ့ လား အမေရယ် ) ဟု တစ်ခွန်းမှမဟ၊ ဘာမျှမ
ကြာလိုက်တဲ့ တစ်နှစ်တာမပြည့်တပြည့် အချိန်လေးမှာ ကိုထွန်းရင်တစ်ယောက် အရက်ပျက်သွား၏။
ဒီတစ်ယောက်ပဲလားဆိုတော့ မဟုတ်သေးပါ။ မသိန်းမြလည်း ငါးမရောင်းတော့ပဲ မိန်းခလေးအဝတ်အ
ထည်တွေချုပ်တဲ့ အပ်ချုပ်ဆိုင်ကလေး ဖွင့်လိုက်ပါတော့၏။ ( အချိန်ကလည်း တက္ကသိုလ်ကျောင်းသူ
တွေ မြန်မာဆန်ဆန် အဝတ်အစားတွေ ဝတ်ရမည့်အချိန်အခါဖြစ်နေလေတော့ အဆင်ပြေလိုက်သည်
မှာ အတိုင်းအထက်အလွန်ပင် )
မထင်မှတ်လောက်အောင် ပြောင်းလည်းသွားသော သည်မိသားစုလေးကိုကြည့်၍ တစ်ရပ်ကွက်
လုံး တအံ့တသြဖြစ်ကုန်ကြ၏။ သူတို့ အိမ်ကလေးမှ ထွက်လာသည့် ဝတ်ရွှတ်သံကိုနားခံရင်း နေ့ စဉ်နှင့်
အမျှ ကြားနေရသည့် သမီးလေးမေမိုးဝသန်၏ ဘုရားရှိခိုးသံ ကြေးစည်သံများကြောင့် အားလုံးမှာ ဝမ်း
သာပီတိဖြစ်ကာ စိတ်ချမ်းသာသွားကြ၏ ၊ သြော်- ဘာလိုလိုနဲ့  တစ်နှစ်ဆိုသည်မှာ ဘာမှမကြာလိုက်၊
အဘွားတွေက မေမိုးဝသန်ကို ပြန်လာခေါ်ကြပြီမို့  လင်မယားနှစ်ယောက်လုံး ဗြုန်းကနဲဝမ်းသာ, ဗြုန်းက
နဲ့ ဝမ်းနဲဆိုတာလို ဖြစ်ကြကုန်၏။
သို့ သော် သမီးလေးရဲ့ ရှေ့ ရေးအတွက် ကိုထွန်းရင်နဲ့ မသိန်းမြတို့ လည်း- မငြင်းသာတော့ပဲ
ဝမ်းနည်းစွာနှင့် ပြန်ခွင့်ပြုလိုက်ကြရ၏။ ပြန်ခါနီးလေမှာ မေမိုးဝသန်က သူ့ မိထွေး မသိန်းမြကိုမေးသည်
မှာ “ မေမေ သမီးကိုချစ်ရဲ့ လား ” တဲ့၊ မသိန်းမြကလည်း ရှိုက်ကြီးတငင်နဲ့  “ ချစ်တာပေါ့ သမီးလေးရယ်”
ဟု ပြောကာငိုရှာလေ၏ ။ “ သမီးကိုချစ်ရင် သမီးကိုယ်စား ဖေဖေ့ကိုချစ်ပါနော်၊ ဖေဖေ့အတွက် သမီးအ
ကောင်းဆုံး ကျေးဇူးဆပ်နိုင်တာ မေမေပါပဲ ” လို့ ပြောပြီး မိဘနှစ်ပါးကို ရှိခိုးဦးချကာ သူ့ အဘွားတွေရဲ့ 
ပါရာဒိုကားကြီးနဲ့  ရက်ကွက်ထဲမှ ထွက်ခွါသွားတော့၏။ ထွန်းရင် မသန်းမြတို့ နည်းတူ တစ်ရပ်ကွက်လုံး
စိတ်မကောင်းကြ။
“ သည်ခလေးမနှယ် အဖေကိုကျေးဇူးဆပ်ချင်ရင် ပိုက်ဆံလေးဘာလေးပေးလည်းပြီးရော ” ဟု
ပြောခဲ့ကြသည့် ထိုထိုလူသားများ ပြောမိသည့်စကားအတွက် နောင်တရကြလိမ့်မည်ထင်ပါကြောင်း။

(သီတာရေစင်အမည်တွင်သော စာအုပ်မှ ပြန်လည်မျှဝေခြင်းပါ)

သားသမီးတိုင်း မိဘကျေးဇူးသိတတ်ကြပါစေလို့ ဆန္ဒပြုရင်း
ကိုယ်ကိုတိုင်လည်းကြိုးစားလျက်

**လူကလေး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)