ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 29, 2011

ရေကြည်တပေါက်၊ အေးရိပ်မြမြ အမွေ

>
တောကိုမှီ၍သာ လူသား မျိုးနွယ်စု၏ ယဉ်ကျေးမှု သမိုင်းခရီးရှည်ကို ချီတက်
နိုင်ခဲ့ကြ၏။ ဥာဏ်အလင်းကိုလည်း တောမှာပင် ရှာမှီး သိမြင်ခဲ့လေပြီ။
“ဥတုရာသီ တောကို မှီ၏” ဟူသော ရှေးလက်ဆောင်ကလေးလည်း မပျောက်ပျက်စကောင်း။
ထို့ထက် အဖိုးတန်သော ပညာအမွေသည်လည်း မရှိနိုင်ခဲ့။ ရှင်သန်မှုအတွက်
လိုအပ်ချက်များ၏ ပင်ရင်းလည်း ဖြစ်သည်မို့တမုံ့။

ချိုသော အသီးကို သုံးဆောင် နေရသေးသည့်အတွက် ကျေးဇူးတင်ပါ၏။ မွှေး ကြူသော
ရနံ့နှင့် ဗဟုအရောင် ပန်းလက်ဆောင်တို့အတွက် မိမိတို့မှာ ထပ်တူ
ပြန်မပေးနိုင်ပါ။ ကြည်သော ရေချိုကြောင့်သာ အမိနို့ရည်ကို
စို့နိုင်ခဲ့သည်။ အသို့ ကျေးဇူး တုံ့ရပါမည်နည်း။ သန့်သော လေနှင့်
ငြိမ်းသော အေးရိပ်ဆာယာအောက်တွင် ပညာခရီး ဆက်ခဲ့ကြပြန်ပါသည်။ ပျော်ရွှင်
ကြည်နူးစွာ တူတူပုန်းတမ်း ကစားနိုင်သော အခွင့်အရေး အတွက်လည်း ကျေးဇူးပါ။

အပွင့်အရွက်များ ဆွတ်ခူးခြင်း၊ သစ်သီးဝလံများ ယူသုံးခြင်းနှင့်
အကိုင်းအခက်များ ချိုးဖျက်ရုံမကဘဲ ပင်စည်ကိုလည်း ဖြတ်ပြီး အမြစ်ပါမကျန်
တူးဆွ ခုတ်လှဲကြသူတို့၏ မိုက်မဲမှု ဒဏ်ကို အားလုံး ခံစားနေကြရပြီ။ တောကို
ခုတ်ခဲ့ကြသည်။ တောင်ကို ဖြိုချနေဆဲ။ မြစ်တို့၏ လွတ်လပ်ခွင့်ကို
သိမ်းယူချင်ပြန်သေးသည်။

မြစ်တို့သည့် မာယာ မများခဲ့။ မကောက်ကျစ်ခဲ့။ သူမသည် စီးဆင်းရုံမျှသာ။
တောတို့သည်လည်း မလှည့်စားတတ်ခဲ့။ မခြောက်လှန့်ခဲ့။ ပံ့ပိုးရုံမျှသာ။
သန့်စင်သော ရိုးရာဂီတတို့ကို တောမှာ ဖွဲ့စည်းခဲ့ကြသည်။ စိတ်၏
ရုန့်ရင်းမှုကိုလည်း တောက ပြေလျော့စေခဲ့သည်။

မြစ်တို့ ကောသည့်အခါ၊ တောတို့ ကွယ်သည့်အခါဝယ် လူတို့ ရိုင်းပြလာကြမည်။
ကွန်ကရစ်တောတွင် အဘယ်ပန်းတို့ ရနံ့မွှေးပါသနည်း။ တောရှိပါမှ
ငြိမ်းချမ်းရေးလည်း အရသာရှိမည်။ လူတို့ အဆွေ ငါးကြီးများ၊
ငှက်ငယ်များနှင့် သားရဲတို့၏ နားခိုရာ ရေကျင်း၊ ပင်မြင့်ယံနှင့်
ဂူအိမ်တို့သည်လည်း မရှိသင့်ပြီလော။

စိမ်းညို့သော တောရင်ခွင် နောက်ခံနှင့် ပြာစင်သော မြစ်ဝမ်းအိမ်တို့မှ
မွေးဖွား လာခဲ့ ကြသည့် ပညာရှိ ဦးဇီးကွက်၊ ဆင်ရိုင်းကြီးကို
အပေါင်းအဖော်များနှင့် ညီညီညွတ်ညွတ် အံတုခုခံ ခဲ့သည့် ဘီလုံးငှက်၊
ကလေးကယ်ဆယ်သည့် အံ့ဖွယ် ဝန်ပိုငှက်ကြီးများ၊ မတူသော ပတ်ဝန်း ကျင်ကြောင့်
အကျင့်စာရိတ္တ ကွဲပြားရှာရသည့် ကျေးညီနောင်၊ သစ္စာတရား ကြီးမားလွန်းလှသူ
အောက်ချင်းငှက် မောင်နှံ၊ ရွှေဥသော ဘဲငန်း၊ ပျားဖွပ်သည့် ဝက်ဝံကြီးများ၊
သက်ကယ်ရိတ် သွားသော ရွှေယုန်နှင့် ရွှေကျား၊ ကျေးဇူး သိတတ်သည့်
ကြွက်ငယ်နှင့် ခြင်္သေ့မင်း၊ ဒေါင်းယောင် ဆောင်သော ကျီး၊ ဆယ်လမွန်
ငါးများနှင့် ကြိုးကြာငှက်တို့၏ မိုင် ထောင်ချီ အိမ်အပြန်ခရီး ပုံပြင်
ဇာတ်လမ်းတို့ကို ငွေလသာသော ညများတွင် ကုက္ကိုပင်အောက် ကွပ်ပျစ်ပေါ်၌ အဖွားက
ပြောပြ ခဲ့ခြင်းကြောင့် မိမိတို့ အတွေးဥာဏ်နှင့် ရသ ခံစားမှုတို့ စတင်
မွေးဖွားလာခဲ့လေသည်။

တော၏ နိဂုံး၊ တောင်၏ နေဝင်ချိန်နှင့် စီးထွက်သွားတော့မည့် မြစ်တို့နှင့်
အတူ လက်ဦးဆရာလည်းဖြစ်သည့် ချစ်စရာ့ မြန်မာမှု ပုံပြင်၊ ကဗျာ တို့ကို
ဆုံးရှုံးသင့်ပါ၏လော။

စမ်းချောင်းလေး ကျဉ်းလှတယ်
မြစ်လောက်သူ မကျယ်
ပင်လယ်ကြီးက အကျယ်ဆုံး
လှိုင်းတွေ တဝုန်းဝုန်း။

ငယ်စဉ်တောင်ကျေး အရွယ်ကတည်းက ခံစားသိမြင်ခွင့် ပေးခဲ့ကြသူ ဆရာဆရာမ
တို့ထံမှ မြန်မာ့ရေမြေတောတောင် အမွေမှာ အသွေးအသားထဲ စိမ့်ဝင်နေခဲ့ပြီ။

တောင်တောရယ်သာ
မာလာက ငုံဖူး
တပင်ကို နှစ်ပင်ယှက်တယ်
ကျေးငှက်က မြူး။

ပြတိုက်ထဲတွင် ချန်ထားရစ်လို့ မရသည့် အရာများစွာကို မည်သို့ လက်ဆင့်ကမ်း
ကြပါမည်နည်း။ နောင်မျိုးဆက်တို့အတွက် တောတစ်တောနှင့်
မြစ်တစ်စင်းလောက်တော့ ကျန်ရှိနေသင့်ပါသည်။

မြစ်ဧရာ

မြသားငယ်တဲ့ ရေယမုန်။
ငွေလှိုင်းတွေ ဖြူစွာနှင့်
မြစ်ဧရာ နဒီကြောမှာ
မျောကြဒိုက်ပုံ။

ကျူဝါးရုံ တူစုံကွဲ့ ဖော်နှော။
ဘုံမတီး ရယ်နှင့်
ငှက်ကြီး ရွှေဝန်ပိုတို့
ဝဲခိုလို့ မျှော။ ။

အသိဥာဏ် ကြီးမြင့်ကြရန် အချိန်များစွာ မနှောင်းသေးပါ။
အကျွန်ုပ်တို့အားလုံးတွင် ဆင်ခြင်တုံတရားလည်း ရှိနေပါသေးသည်။
တော၏ သင်ရိုးညွှန်းတမ်းနှင့် မြစ်ရေစီးသံ၏ ဖတ်စာကို လျစ်လျူမရှုစကောင်း။
သမိုင်းနှစ်ထောင်ချီသည့် ရာဇဝင် အဆက်ဆက် မြန်မာတို့ကို ရေချိုကြည်အေး
တိုက်ကျွေးခဲ့သည့် ထိုထိုသော မိခင်မြစ်ကြီးများ၏ ကျေးဇူး တရားကိုလည်း
စော်ကားရန် စိတ်ကူးမျှသော် မထားလေနှင့်။
အကျွန်ုပ်တို့မှာ သဘာဝကို ဖန်တီးတည်ဆောက် တုပခြင်းငှါ မစွမ်းသာ၍။
သို့သော် ပြုစုယုယခွင့်နှင့် ထိန်းသိမ်းစောင့်ရှောက်ခွင့်လေးတော့ ရှိနေပါသေးသည်။

ကျေးဇူးတရား ကြီးမားသူတို့ကို ပြန်လည်ကျေးဇူး ပြုခြင်းတည်း၊
မမေ့မလျော့ခြင်းတည်း ဟူသော ကတညုတ၊ ကတဝေဒီ မင်္ဂလာတရားနှင့် အညီ
ရှင်သန်ခွင့်ကို ရယူကြသင့်ပါ၏။ လောကတ္ထစရိယကို ကျင့်သုံးသည့် ရွာသားတို့၏
ဇာတိပုညနှင့် အစဉ်အလာကို ဆင်ခြင် ကြပါစို့။
ထိုထက်ပို၍ ကြီးမြင့်သော ဥာဏ်ပညာ မရှိပြီတည်း။

အဖိုးအဖွားတို့ ချန်ထားခဲ့ကြသည့်အတွက် မိမိတို့သည် စိမ်းလန်း လတ် ဆတ်သော
လေနှင့် ရှင်သန်နိုင်ခဲ့ကြသည်။ စိမ့်ကြီး၊ မြိုင်ကြီးတို့၏ ရင်ခွင်တွင်
လုံခြုံစွာ ခိုနား ခဲ့ကြရသည်။

မွေးဖွားလာကြဦးမည့် မျိုးဆက်တို့အတွက် မြို့ ဦး၊ ရွာဦးထိပ်တွင် အရိပ်
ကောင်းကောင်း မန်ကျည်းပင်ပျို တစ်ပင်နှင့် အေးစိမ့်နေသော ရေချိုကြည်မြ
ထည့် ထားသည့် ရေချမ်းအိုးစင်ငယ်လေး တစ်စင်လောက် ချန်ရစ် ထားပေးခဲ့
ကြပါစို့။

ကမ္ဘာကြီးလည်း အရိပ်ရပါစေ။

**ကိုတင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)