ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 29, 2011

လူထုကျန်းမာရေး (စိမ်းပြာရေညှိ နှင့် ကျန်းမာရေးအာနိသင်များ)

>
**Public Health**

ကမ္ဘာပေါ်တွင် ရေညှိမျိုးစိတ်ပေါင်း ၂၅၀၀၀ ခန့်ရှိသည်။ ၄င်းတို့အနက် စိမ်းပြာရေညှိသည် ကမ္ဘာပေါ်တွင် အစောဆုံးသက်ရှိ တစ်မျိုးဖြစ်သည်။ စိမ်းပြာရေညှိသည် အပူပိုင်းနှင့် အယ်လ်ကာလီ သတ္တိရှိ ရေငံတွင် ရှင်သန်ပေါက်ရောက်သော သေးငယ်သည့် ရေညှိပင် ဖြစ်သည်။ အရောင်မှာ စိမ်းပြာရောင်ဖြစ်ပြီး၊ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်လျှင် ကြောင်အိမ်လှေကား သဏ္ဌာန်ရှိ၍ Spirulina ဟုခေါ်တွင်ခြင်း ဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ သိပ္ပံပညာရှင်များ၊ ဆေးပညာရှင်များ၏ စမ်းသပ်ချက်အရ စိမ်းပြာရေညှိသည် ရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ် ပေးခြင်းနှင့် ဆေးကုသမှု့အပိုင်းတွင် ပံ့ပိုးကူညီမှု့ ပေးနိုင်သော အာနိသင်ရှိသည့်အပြင် မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်ခြင်း မရှိပေ။

စိမ်းပြာရေညှိသည် အောက်စီဂျင်ကို ထုတ်လုပ်ပေးပြီး ခန္ဓာကိုယ်ဇီဝ လည်ပတ်မှူ့ကို ကူညီအားပေးသည်။ စိမ်းပြာရေညှိ တွင်ပါဝင်သော ဘီတာကယ်ရိုတင်း၊ ဗီတာမင် E နှင့် အဆီအက်ဆစ် တို့သည် ခန္ဓာကိုယ်၏ အိုမင်းဆုတ်ယုတ်သောဖြစ်စဉ်ကို နှေးကွေးစေခြင်း၊ Metabolism ကို ချိန်ဆထိန်းချုပ်ပေးခြင်း၊ သံဓာတ်ပါဝင်သောကြောင့် ကိုယ်အလေးချိန် လျှော့ချရာတွင် သံဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်းကို ကာကွယ်ပေးသည်။

**Spirulina Tablet**
စိမ်းပြာရေညှိတွင် ဗီတာမင်အေ၊ ဗီတာမင်ဘီအုပ်စု ( B-1, B-2, B-3, B-6, B-9 )၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ပါဝင်သည်။ ဆီးချိုရောဂါရှင်များ သကြားခံနိုင်ရည်ပမာဏကို ပြုပြင်ပေးနိုင်သည်။ သွေးတွင်း သကြားနှင့်အဆီကို လျှော့ချပေးနိုင်သည်။ အစားအသောက် ရှောင်ရှားရသော ဆီးချိုရောဂါရှင်များ အတွတ် လိုအပ်သော အာဟာရများကို ဖြည့်စွမ်းပေးနိုင်သည်။ စိမ်းပြာရေညှိ သည် အမိုင်နိုအက်စစ် ပမာဏ မြောက်မြားစွာပါဝင်သောကြောင့် အသည်းဆဲလ်ပျက်စီးမှု့ကို ပြုပြင်ပေးခြင်းကြောင့် အသည်း၏ စွမ်းဆောင်ချက်ကို ပြန်လည် ကောင်းမွန်စေသည်။ အသည်းရောင် ရောဂါကုသမှု့အတွက် များစွာအထောက်အကူ ပေးသည်။

**စိမ်းပြာရေညှိ**
ခန္ဓာကိုယ်ရောဂါခုခံခြင်း စနစ်သည် ရောဂါပိုးများ ၀င်ရောက်လာပါက ခုခံတိုက်ထုတ်သော ကိုယ်စောင့်တပ် ဖြစ်သည်။ အကယ်၍ ရောဂါခုခံခြင်းစနစ်သည် အကြောင်းအမျိုးမျိုးကြောင့် ဖျက်ဆီးတိုက်ခိုက်ခံရလျှင် ခန္ဓာကိုယ်၏ ရောဂါခုခံနိုင်သော စွမ်းရည် နိမ့်ကျလာစေသည်။ ထိုအချိန် ရောဂါပိုးများ ၀င်ရောက်လာပါက ဆိုးဝါးသောကျန်းမာရေးယိုယွင်းမှု့ ဖြစ်စေသည်။ စိမ်းပြာရေညှိသည် ခန္ဓာကိုယ်တွင် ကုန်ဆုံးသွားသော အာဟာရဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးခြင်း၊ ဇီဝစွမ်းဆောင်မှု့ ညီညွတ်မျှတအောင် ချိန်ညှိပေးခြင်း၊ လူ့ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်ပျက်ခြင်း Metabolism ကို အထောက်အကူပေးခြင်း၊ ကိုယ်ခံအား ကောင်းမွန်စေခြင်းဖြင့် ရောဂါခုခံရန်နှင့် ရောဂါကာကွယ်ရန် ကောင်းမွန်သည်။

စိမ်းပြာရေညှိတွင် သီးသန့်ထူးကဲသော အာဟာရပါဝင်ပြီး လူ့ခန္ဓာကိုယ်ရောဂါခုခံခြင်း စွမ်းဆောင်ချက်ကို တိုးစေနိုင်သည့် ဓာတ်ပေါင်းများကြွယ်ဝစွာပါဝင်ပါသည်။ ဥပမာ - ဘီတာကယ်ရိုတင်း၊ ရေညှိစိမ်းပရိုတင်း၊ ပေါ်လီ သကြား အစရှိသည်တို့သည် ခန္ဓာကိုယ်ရောဂါခုခံခြင်းစနစ်၏ ရှင်သန်နိုင်သောသတ္တိကို ထင်ရှားစွာ မြှင့်တင်ပေးသည်။ေ၇ာဂါအမျိုးမျိုးတို့ကို ထိရောက်စွာ သုတ်သင်ပစ်နိုင်သောကြောင့် ခန္ဓာကိုယ်၏ရောဂါ ခုခံနိုင်သော စွမ်းရည်ကို အဖက်ဖက်မှ မြှင့်တင်ပေးပြီး ကူးစက်ခံရမှူ့၊ ကင်ဆာဖြစ်ပွားမှူ့နှုန်းကို ထိရောက်စွာနှိမ်နှင်းနိုင်သည်။

စိမ်းပြာရေညှိ သည် အမိုင်နိုအက်ဆစ်ပမာဏ မြောက်မြားစွာပါဝင်သောကြောင့် အသည်းဆဲလ်ပျက်စီးမှူ့ကို ပြုပြင်ပေးခြင်းကြောင့် အသည်း၏စွမ်းဆောင်ချက်ကို ပြန်လည်ကောင်းမွန်လာစေသည်။ အသည်းရောင် ရောဂါကုသမှူ့အတွက် များစွာအထောက်အကူ ပြုပေးနိုင်သည်။ ၎င်းအပြင် စိမ်းပြာရေညှိ သည် ခန္ဓာကိုယ် ခွန်အားကို ဖြည့်ဆည်းပေးခြင်းနှင့် ပြန်လည်ကျန်းမာလာခြင်းတို့ကို အထောက်အကူပေးသည်။ ၎င်းသည် Metalibolism ကို ချိန်ဆထိန်းချုပ်ပေးခြင်း၊ ကိုယ်တွင်းအင်္ဂါ၏ ဆောင်ရွက်ချက်ကို အားကောင်းစေခြင်း၊ အောက်ဆီဂျင်ချို့တဲ့မှူ့ကိုခုခံပေးခြင်း ပြုလုပ်နိုင်သည်။ ထို့ကြောင့် လူတို့သည် စိမ်းပြာရေညှိ ကို ရေရှည်မှီဝဲ သုံးစွဲပါက ခန္ဓာကိုယ် ခွန်အားပြည့်ဖြိုးနေသည်ဟု ခံစားရပါသည်။

ဆေးပညာရှင်၏ တွေ့ရှိချက်အရ စိမ်းပြာရေညှိသည် ရောဂါခုခံခြင်းစနစ်ကို လှူုံ့ဆော်ပေးနိုင်သည့်အပြင် ခန္ဓာကိုယ်မှ သွေးဥဆဲလ်အသစ် ဖြစ်ပေါ်စေသော စွမ်းရည်ကို တိုးမြှင့်စေနိုင်သည်။ ရောဂါခုခံသောစနစ်တွင် အဓိကပါဝင်သော ရိုးတွင်းခြင်ဆီဆဲလ်၊ ဖာဂိုဆိုက်၊ T ဆဲလ်နှင့် သဘာဝအလျှောက် နာနေသောဆဲလ်ကို သုတ်သင်ပေးသည့်ဆဲလ်၊ သရက်ရွက်နှင့် အဆုတ်ဂလင်းတို့၏ စွမ်းဆောင်မှူ့ကို တိုးမြှင့်အားကောင်းလာစေ သည်။ ဤသို့ဖြစ်ခြင်းမှာ ဖာဂိုဆိုက် ( Phagocytes ) အရေအတွက်များလာခြင်း၊ ရှင်သန်သတ္တိအားကောင်း လာခြင်း၊ ပိုးမွှားကို ထိရောက်စွာသတ်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်။
ဂျပန်သိပ္ပံပညာရှင်တို့၏ နောက်ဆုံးထုတ်ပြန်သော သုတေသနပြုစာတမ်းတွင် စိမ်းပြာရေညှိမှ အထူးထုတ် ယူသော အရာတစ်မျိုးသည် AIDS ရောဂါ၊ ရေယုန်၊ ကူးစက်တုပ်ကွေးရောဂါ၊ ပါးစောင်အကျိတ်ရောင်ရောဂါ ကျောက်ကပ်ရောင်ရောဂါ၊ ကျောက်ရောဂါများနှင့် အဆိပ်ဖြစ်ခြင်းတို့ကို တားဆီးထိန်းချုပ်နိုင်ပြီး လူ့ခန္ဓာ ကိုယ်ဆဲလ်အတွက်ကိုမူ ဥပါဒ်မရှိ စိတ်ချစွာစားသုံးနိုင်ပါကြောင်း...........

(အင်တာနက်ရှိ စိမ်းပြာရေညှိနှင့်ပတ်သတ်သမျှ လေ့လာမိသလောက် ပြန်လည်မျှဝေပေးတာပါ......)

**ကိုတင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)