ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 7, 2011

ကွတ်ကီသူခိုး

>

တစ်ည…
လေဆိပ်တစ်ခုမှာ အမျိုးသမီးတစ်ယောက် လေယာဉ်စောင့်နေသည်။ သူစီးရမည့် လေယာဉ်က နာရီပေါင်းများစွာ ကြာအောင်စောင့်ရဦးမည်။ လေဆိပ်က ဆိုင်မှာ သူစာအုပ်တစ်အုပ်ရှာသည်။ ပြီးတော့ ကွတ်ကီးတစ်ထုတ်ဝယ်ကာ တစ်နေရာမှာ ကျောက်ချထိုင်နေလိုက်သည်။

စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းက သူတစ်ခု သတိထားမိလာသည်။ ကြည့်စမ်း။ သူမနံဘေးက လူသည် အတင့်ရဲလှချည်လား။ သူတို့ နှစ်ယောက် ကြားမှာ ရှိနေသည့် သူမရဲ့ ကွတ်ကီထုတ်ထဲက ကွတ်ကီတွေ တစ်ခုလား.. နှစ်ခုလား နှိုက်ယူသည်။ အင်း.. သိပ်ပြီး တော့..ဆာများနေလို့လား..? ပြောမနေချင်သည်နှင့် သူမလည်း မသိချင်ယောင် ဆောင်နေလိုက်မိသည်။

အမျိုးသမီး စာဆက်ဖတ်သည်။ ကွတ်ကီကိုလည်း မြုံ့သည်။ မကြာခဏ နာရီကိုလည်း ကြည့်ရသည်။ အတင့်ရဲလှသည့် ကွတ်ကီသူခိုးကြောင့် သူ့အထုတ်ထဲရှိ မုန့်က လျှော့သထက် လျှော့လာသည်။ နာရီစက်သံ တစ်ချက်ချက်ရွေ့သည်နှင့်အမျှ သူ့စိတ်ကလည်း တိုသထက်တိုလာသည်။

” အင်း..ငါ့လို သဘောကောင်းတဲ့ သူမို့သာပေါ့..နို့မို့ မျက်ခွက်ကို ပိတ်ကိုထိုးမိမှာ..” သူ့စိတ်ထဲက ကျိတ်ရေရွတ်သည်။

သူ့စိတ်ထဲ ဘယ်လိုနေနေ ဟိုလူကတော့ ကွတ်ကီတစ်ခု ကိုယ်နှိုက်လျှင်သူလည်းတစ်ခုနှိုက်သည်။ နောက်ဆုံး ထုတ်ထဲ ကွတ်ကီတစ်ခုဘဲကျန် သည့်အခါ ဒီလူ ဘာလုပ်မလည်းဟု အမျိုးသမီးက စောင့်ကြည့်မိသည်။ ကြည့်စမ်း မျက်နှာမှာအပြုံးစနှင့် ခတ်ဟက်ဟက် တစ်ချက်ရယ်လျှက် သူက နောက်ဆုံးကွတ်ကီကို နှိုက်ယူလိုက်ကာ နှစ်ပိုင်းပိုင်းလိုက်သည်။

ပြီးမှ အမျိုးသမီးကို တစ်ပိုင်းပေးပြီး ကျန်သည့်တစ်ပိုင်းသူစားသည်။ အမျိုးသမီးက သူကမ်းပေးသည့်တစ်ပိုင်းကို ဆတ်ကနဲဆွဲယူပြီးစဉ်းစားသည်။

” ကြည့်စမ်းပါဦးတော်..ဒီလူကရဲတင်းယုံမက..ရိုင်းလည်းရိုင်းသေးတယ်၊ ကျေးဇူးတင်တဲ့ အမူယာတောင်တစ်စက်လေးမှပြဖော်မရဘူး..” အမျိုး သမီး စိတ်မှာ ဒီလောက်ကြိတ်မနိုင် ခဲမရ၊ အခံရခက်တာမျိုး တခါမျှမကြုံဘူးခဲ့။

လေယာဉ်ခရီးစဉ်ခေါ်ပြီဆိုတော့မှ ဒီလိုလူလက်က ငါတော့ လွတ်ပြီ ကျွတ်ပြီဟု စိတ်ထဲအများကြီးပေါ့ပါးသွားပြီး သက်ပြင်းချမိသည်။ သူများ ကွတ်ကီနှိုက်စားပြီး ကျေးဇူးတင်စကား တစ်ခွန်းမျှပြောဖော်မရသည့်အဲ့ဒီလူကို တစ်ချက်မျှပင်လှည့်မကြည့်နေဘဲ ကိုယ့်အိတ်တွေဆွဲပြီး လေယာဉ် ထွက်မည့်ဂိတ်ဆီ သူထွက်လာမိတော့သည်။

လေယာဉ်ပေါ်ရောက်သည်။ ထိုင်ခုံမှာထိုင်ချလိုက်ပြီး ပြီးခါနီးစာအုပ်ကို ဆက်ဖတ်ရန် အိတ်ထဲနှိုက်သည်။ အဲ့သည်အခါကျမှ သူအကြီးအကျယ် အံအား သင့်ကာ ဟယ်ကနဲ ဖြစ်သွားရသည်။ သူဝယ်လာသည့် ကွတ်ကီထုတ်က သူ့ဆီမှာဘဲရှိနေသည်။

” ငါ့အထုတ်ကဒီမှာဆိုရင်……….. ဟိုဟာက..သူ့အထုတ်ပေါ့………..”

အမျိုးသမီး အကြီးအကျယ် စိတ်ဓာတ်ကျသွားသည်။

” လက်စသတ်တော့…သူ..ငါ့ကို..စားပါစေလို့..ပေးနေတာကိုး….”

ဟိုလူ့ကို သူအကြီးအကျယ် အားနာသွားသည်။ ခုမှလည်း..တောင်းပန်ဘို့..မဖြစ်နိုင်တော့..။ သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွားမိသည်။ ခုတော့ . …… သူမသာလျှင်…..ရိုင်းသောသူ….. သူမသာလျှင်….သူတစ်ပါးမုန့်ကိုခိုးစားသောသူ…. နောက်… သူမက… ကွတ်ကီသူခိုး…….။

{ ကျွန်မတို့ပါတ်ဝန်းကျင်မှာလည်း ဒီလို သံတူကြောင်းကွဲ အလားတူဖြစ်ရပ်မျိုးတွေ ရှိနေတတ်ပါတယ်..။ ပြသနာတစ်ခုကို ရင်ဆိုင်ကြုံ ရချိန်မှာ အားနာစိတ်နဲ့ လတ်တလောပွင့်ပွင့်လင်းလင်း မဖြေရှင်းမိခြင်းမျိုး..၊ အခြေနေတစ်ခုကိုသေခြာမသုံးသတ်ဘဲလွယ်လွယ်နဲ့ ကောက်ချက် ချမိတာမျိုး..၊ တဘက်လူကို အပေါ်ယံကြည့်ပြီး အထင်အမြင်သေးမိတာမျိုး…၊ တဘက်လူရဲ့ စေတနာကို ဂရုမပြုမိတဲ့အတွက်.. အချိန်လွန်ကာမှ နောင်တရမိကြတာမျိုး..၊ တွေ့ကြုံမိရတတ်ပါတယ်..။ ဒီတော့… အခြေအနေကို သေခြာ သုံးသပ်ပါ.. ပွင့်လင်းပါ..အတူတကွ ရင်ဆိုင်ဖြေရှင်းရင်… ရလာဒ်ကောင်းတွေ မလွဲမသွေ ရလာကြ မှာအမှန်ပါဘဲ..။ }

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မူရင်း ။ Valerie Cox ၏ Chicken Soup For The Soul မှ The Cookie Thief
ဘာသာပြန် ။ ဆရာဖေမြင့် ၏ နှလုံးသားအဟာရ ရသစာများ မှ ကွတ်ကီသူခိုး

** မြသွေးနီ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)