ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 7, 2011

ဘဝ မီးပွိုင့်

>
ကလေးဘဝကနေ ကြီးလာတဲ့အထိ ကံကြမ္မာဆိုးကြီးက မိုက်ကယ်အပါးမှာ
အရိပ်လိုလိုက်နေခဲ့တယ်။ မိုက်ကယ် ၄နှစ်အရွယ်မှာ မတော်တဆ
ယာဉ်တိုက်မှုကြောင့် မိဘနှစ်ပါးဆုံးခဲ့ရတယ်။ သူ့ကိုခေါ်ယူ စောင့်ရှောက်တဲ့
ဦးလေးကလည်း သူ့အပေါ် မကောင်းရှာဘူး။ ဒါကြောင့် တစ်ခြားကလေးတွေထက်
မိုက်ကယ် ပိုသိတတ်နားလည်ခဲ့တယ်။ ပိုကြိုးစားခဲ့တယ်။ နာမည်ကြီး
တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရအောင် သူသင်ယူခဲ့တယ်။

သူကျောင်းပြီးတဲ့နှစ်မှာပဲ သူတို့နိုင်ငံတစ်နိုင်ငံလုံး
စီးပွားရေးကပ်ဆိုက်ခဲ့တယ်။ အလုပ်တစ်ခုကို ပင်ပင်ပန်းပန်း ရှာခဲ့ပေမယ့်
အရာမရောက်ခဲ့ဘူး။ မိုက်ကယ်စိတ်ပျက် အားငယ်နေချိန်မှာ မိုက်ကယ်အပေါ်
ကောင်းတဲ့လူဆိုလို့ ဆံပင်ဖွေးဖွေးဖြူနေတဲ့ အသက်၆ဝကျော်
အိမ်ရှင်အဘွားကြီးပဲ ရှိခဲ့တယ်။ အဘွားအိုဟာ မိုက်ကယ် အိမ်ပြန်လာတိုင်း
ခေါ်ပြောနှုတ်ဆက်တတ်တဲ့အပြင် သော့ကိုယ်စီရှိရက်နဲ့ မိုက်ကယ်အတွက်
တံခါးထဖွင့်ပေးတတ်တယ်။

မိုက်ကယ် စိတ်မချမ်းမသာဖြစ်တိုင်း အဘွားအိုက "ကိစ္စက
ထင်သလိုမဆိုးနိုင်ပါဘူး။ အရာအားလုံး ကောင်းသွားမှာပါ" လို့
အမြဲနှစ်သိမ့်တတ်တယ်။ အဘွားအိုနှစ်သိမ့်တာတွေကို မိုက်ကယ်ခံစားမိပေမယ့်
အခြေအနေဆိုးတဲ့ ကိုယ့်အဖြစ်ကို အဘွားအို သိနိုင်မှာ မဟုတ်ဘူးလို့
မိုက်ကယ်တွေးမိတယ်။ နေ့တိုင်း အဘွားအိုလို ဘာမှမလုပ်ဘဲ လမ်းမဘက်က
ယာဉ်သွားယာဉ်လာတွေကို ထိုင်ငေးနေရရင် ကောင်းမယ်လို့လည်း တွေးမိပြန်တယ်။
ဆူညံလှုပ်ရှားနေတဲ့ လူတွေကို ထိုင်ငေးရရင် ပျော်စရာကောင်းမယ်လို့
မိုက်ကယ်ထင်ခဲ့တယ်။

တစ်နေ့မှာ လမ်းဘက်ကို အာရုံစိုက်ပြီး ကြည့်နေတဲ့ အဘွားအိုကို
မိုက်ကယ်တွေ့တော့ "သူဘာတွေ ကြည့်နေပါလိမ့်? သူ့အတွေးထဲမှာ
ဘာတွေထည့်ထားပါလိမ့်? ယာဉ်သွားယာဉ်လာကလွဲလို့ ဘာထူးခြားချက်မှ
မရှိတဲ့လမ်းကို ဘာဖြစ်လို့ ကြည့်နေပါလိမ့်" လို့ တွေးမိပြီး အဘွားအိုကို
မေးလိုက်တယ်။

"အဘွား.. လမ်းမဘက်ကို နေ့တိုင်း အဘွားဘာတွေကြည့်နေတာလဲ? ဘာအဓိပ္ပါယ်တွေ ရှိလို့လဲ"

"အဓိပ္ပါယ်ရှိတာပေါ့ လူလေး.. ဟောဟို မီးပွိုင့်က နေ့တိုင်း
လူတွေဖြတ်သန်းကြတဲ့ မရေမတွက်နိုင်တဲ့ ဘဝခရီးစဉ်တွေကို ရေးမှတ်ခဲ့တယ်လေ"

"ဒါပေမယ့် မီးပွိုင့်ပဲလေ.. ဘာများ ကြည့်စရာရှိလို့လဲ"

"အဘွားပြောတာကို လူလေး သဘောမပေါက်သေးဘူး။ လူ့ဘဝဟာလည်း
မီးပွိုင့်တစ်ခုလိုပါပဲ။ နီလိုက်၊ ဝါလိုက်၊ စိမ်းလိုက်နဲ့။

နီတဲ့အချိန်ဆိုရင် လှုပ်လို့မရတော့ဘူး။ လှုပ်လိုက်တာနဲ့ မတော်တဆမှုတွေ
ဖြစ်တော့တာပဲ။ စိမ်းတဲ့အခါကျတော့လည်း ဘာအတားအဆီးမှ မရှိဘူးဘဲ
အဆင်ပြေနေရော"

"အဝေးကနေကြည့်ရင် စိမ်းနေတဲ့မီးက အရှိန်ပြင်းပြင်းနဲ့
မောင်းလာတဲ့ကားတစ်စီး အနီးနား ရောက်လာရင် ရုတ်တရက် နီသွားနိုင်တယ်။ အဝေးက
ကြည့်ရင် မီးနီပဲ ဒါပေမယ့် အနီးနားရောက်လာရင် စိမ်းသွားနိုင်တယ်။
တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးနီမိနိုင်တယ်။ တစ်ချို့ကားက
လမ်းဆုံတိုင်းမှာ မီးစိမ်းနဲ့တိုးနိုင်တယ်။ မီးနီပဲမိမိ၊
မီးစိမ်းပဲတိုးတိုး လူတွေက အဲဒီနေရာကို ကျော်ဖြတ်ပြီး ကိုယ်လိုရာကို
ခရီးဆက်ကြတာချည်းပဲ မဟုတ်လား..? ဒီလိုပြောင်းနေတဲ့ မီးစိမ်း၊
မီးနီတွေရှိလို့ လူတွေဟာ ဘဝရဲ့ခြေလှမ်း အနှေးအမြန်ကို လိုက်ညှိကြတယ်။
ဒါမှ အရောင်စုံတဲ့ ဘဝရဲ့ အရသာကို ခံစားလို့ရမှာ... မီးနီတစ်ခါမိရုံနဲ့
ဘာဖြစ်လို့ စိတ်မချမ်းမသာဖြစ်ရမလဲ? မီးစိမ်းတစ်ခါကြုံရုံနဲ့ ဘာဖြစ်လို့
စိတ်လှုပ်ရှားပျော်ရွှင်ရမလဲ? "

အဘွားအိုရဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ စကားကို မိုက်ကယ်တဖြေးဖြေး
သဘောပေါက် နားလည်လာခဲ့တယ်။ အခုချိန်မှာ သူ့ဘဝဟာ မီးနီမိနေတဲ့အချိန်၊
မီးစိမ်းမယ့်အချိန်လည်း ရှိနိုင်သေးတယ်လို့ တွေးပြီး အသစ်တစ်ဖန်
ပြန်ကြိုးစားခဲ့တယ်။

မိုက်ကယ် အသက် ၄ဝမှာ အမေရိကားက နာမည်ကြီး ကွန်ပြူတာ ကုမ္ပဏီတစ်ခုကို
တည်ထောင်နိုင်ခဲ့တယ်။ သူ့ရဲ့ ဟားဗတ်တက္ကသိုလ် ဟောပြောပွဲမှာ
မိုးခြိမ်းသံအလား လက်ခုပ်သံကြားက အိမ်ရှင်အဘွားကြီးရဲ့ စကားတွေကို
သူမမေ့ခဲ့ဘူး။ "ကျွန်တော့်ဘဝ မီးစိမ်းနဲ့ ကြုံခဲ့ပါတယ်" လို့ သူ
ညင်ညင်သာသာပြောခဲ့တယ်။

အောင်မြင်ချိန်မှာ ဘဝလမ်းမှာ မီးနီရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ့။
ရှုံးနိမ့်ချိန်မှာ ဘဝလမ်းရဲ့ရှေ့မှာ မီးစိမ်းရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ့ ။

**နိုင်းနိုင်းစနေ** ဘာသာပြန်မှ

**ကိုတင့်**
(မျှဝေပေးလိုက်ပါသည်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)