ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 7, 2011

လူထုကျန်းမာရေး (တစ်ညကို ငါးနာရီအိပ်ရုံနဲ့တင် အဆင်ပြေအောင်)

>
**Public Health**

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကျနော်ဟာ တစ်နေ့ကို လေးငါးနာရီလောက်ပဲအိပ်ရုံနဲ့ အဆင်ပြေလာပါတယ်။ ဒါဟာ တော်တော်ထူးခြားတယ်ဆိုတာကို ကျနော့်ရဲ့ မိတ်ဆွေတစ်ချို့နဲ့ စကားပြောမကြည့်မီအထိ မသိသေးပါဘူး။ သူတို့အတော်များများက ဒီလိုပြောကြတယ်။ ” အိုး … ကျနော်ကတော့ တစ်နေ့ကို ၈ နာရီလောက် အိပ်မှဖြစ်တာဗျ ” ။ အဲဒီတော့ ကျနော်စဉ်းစားမိတယ်။ ဒီ ၈ နာရီအိပ်မှ လုံလောက်တယ်ဆိုတဲ့ ဒဏ္ဍာရီဟာ ဘယ်ကနေ ဆင်းသက်လာတာပါလိမ့်လို့။ ကျနော် ရှာဖွေလေ့လာမှုတွေ လုပ်ရပါတော့တယ်။ အဲဒီမှာ သိပ္ပံနည်းကျ တွေ့ရှိချက်တွေကို ကျနော် တွေ့ရပါတယ်။ သိပ္ပံပညာရှင်တွေပြောတာက ဘာလဲဆိုတော့ အသက်အရွယ်၊ လိင် နဲ့ အလုပ်လုပ်မှုပုံစံတွေပေါ်မူတည်ပြီး လူတွေဟာ တစ်နေ့ကို ၇ နာရီကနေ ၉ နာရီအထိ အိပ်ချိန်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါဆို ကျနော်ကျတော့ ဘာကြောင့် တစ်ညကို လေးငါးနာရီပဲ အိပ်ဖို့လိုအပ်ပြီး ကျနော့် ဇနီးနဲ့ ကျနော့်ရဲ့ မိတ်ဆွေတွေကတော့ ဘာကြောင့် ၈နာရီအိပ်ဖို့ လိုအပ်တာလဲ ?
ကျနော် လက်တွေ့စမ်းသပ်မှုနည်းနည်းလုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ညကို ၈နာရီအိပ်ဖို့ ရက်သတ္တပတ် သုံးလေးပတ်လောက် ကျနော် ခက်ခက်ခဲခဲ ကြိုးစားရပါတယ်။
ကျနော့်ရဲ့ ရလာဒ်တွေက ထူးဆန်းပါတယ်။ အစပိုင်း ရက်တွေမှာ ကျနော် မနက် ၄နာရီခွဲ ၅နာရီလောက်ဆို နိုးပြီ။ ကျနော့်ကိုယ်ကျနော် အိပ်ရာထဲ အတင်းပြန်လှဲခိုင်းပြီး အိပ်ပျော်အောင် ကြိုးစားရတယ်။ အိပ်ဆေးတွေဘာတွေ သောက်ရတယ်။
၅ ရက်မြောက်နေ့မှာတော့ ကျနော်ဟာ ၇နာရီလောက်ကြာအောင် အိပ်လို့ရသွားပြီ။ ဒါပေမဲ့ ကျနော် နိုးလာတဲ့အချိန်မှာရော ကျန်တဲ့တစ်နေ့တာလုံးမှာပါ လူက မူးနောက်နောက်ဖြစ်နေပါတယ်။ ပြီးတော့ အလုပ်တွေလည်း ကပျာကယာနဲ့ အလျင်မီအောင် လုပ်ရတယ်။
နောက်ဆုံး ရက်သတ္တပတ်မှာတော့ ကျနော် အကျင့်ရလာပါပြီ။ ၇ နာရီ ၇ နာရီခွဲလောက်ကြာအောင် အိပ်တတ်လာပါတယ်။ မူးနောက်နောက်ဖြစ်တာတွေလည်း နည်းသွားပါတယ်။ ပြီးတော့ အလုပ်တွေကိုလည်း သွက်သွက်လက်လက် လုပ်နိုင်လာပါတယ်။

ပြီးခဲ့တဲ့ လေးငါးရက်အတွင်းက ကျနော် ပုံမှန်ပြန်ဖြစ်အောင် လုပ်ပါတယ်။ ညသန်းခေါင် အိပ်ရာဝင်ပြီး မနက် ၅နာရီမှာ ထပါတယ်။ အဲဒီမှာ အိပ်ချိန်ပုံစံက ကမောက်ကမဖြစ်သွားပြီး ကျနော် ပြန်ပြီး မူးနောက်နောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဒီနေ့ မနက်မှာတော့ ငါးနာရီအိပ်ပြီး အိပ်ရာအထမှာ လန်းလန်းဆန်းဆန်း ဖြစ်နေပါပြီ။
ဒါက ဘာကိုပြသလဲဆိုတော့ ကျနော်တို့ဟာ တစ်ခုခုကို ကျင့်သားရသွားရင် အဆင်ပြေလာတယ်ဆိုတာပါပဲ။ ကျနော်တို့ဟာ အိပ်စက်ခြင်းမှာ အလေ့အကျင့်တစ်ခုလုပ်လိုက်ရင် ကျန်တာတွေက သူ့အလိုလိုဖြစ်လာပါလိမ့်မယ်။ ကျနော့်ရဲ့ အလေ့အထက ငါးနာရီအိပ်ခြင်းဖြစ်ပါတယ်။ ဒီတော့ ကျနော့်ရဲ့ အိပ်စက်ခြင်းယန္တရားက ငါးနာရီအိပ်ချိန်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သူ့အလိုလို လုပ်ဆောင်သွားပါတယ်။
ကျနော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အနားယူဖို့လိုအပ်တယ်ဆိုတာ အသေအချာပါပဲ။ ကျနော်တို့ဟာ အိပ်ဖို့လိုအပ်တယ်။ ကျနော်တို့ရဲ့ အိပ်စက်ခြင်းယန္တရား၊ REM (Repid Eye Movement) အချိန်၊ ပြီးတော့ ဒယ်လ်တာ၊ အယ်လ်ဖာ၊ သီတာ အိပ်စက်ခြင်းတွေ၊ အဲဒါတွေက ကျနော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိပ်စက်ခြင်းယန္တရားကြီးဟာ ကျနော်တို့ရဲ့ အိပ်စက်ခြင်းအလေ့အကျင့်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သူ့အလိုလို လုပ်ဆောင်ပါတယ်။
အောက်ကနည်းလမ်းတွေကတော့ တစ်ညကို ၅နာရီအိပ်ရုံနဲ့တင် အဆင်ပြေစေဖို့ နည်းလမ်းတွေ ဖြစ်ပါတယ်။
၁။ သင့်ရဲ့ အိပ်စက်ခြင်းယန္တရားကို သိပါ။ အကြမ်းအားဖြင့် သင်ဘယ်အချိန်မှာ အိပ်ရာဝင်တယ်၊ ဘယ်အချိန်မှာ နိုးတတ်တယ်ဆိုတာ သင်သိပြီးသားပါ။ သင် တစ်ညကို ဘယ်နှနာရီလောက် အိပ်တယ်ဆိုတာ တွက်ကြည့်ပါ။
၂။ ပြီးတော့ သင် နှစ်သက်တဲ့ ၊သင်လိုချင်တဲ့ အိပ်ချိန်ကို ဆုံးဖြတ်ပါ။ ဥပမာ- ငါးနာရီအိပ်ရုံနဲ့တင် လုံလောက်ချင်တာလား၊ ဒါမှမဟုတ် ၆နာရီလား ။
၃။ အိပ်စက်မှုပုံစံအသစ်အတွက် ရက်သတ္တပတ် ၄ ပတ် လိုပါမယ်။ ဥပမာ- သင်ဟာ အခုလောလောဆယ်မှာ ၈ နာရီအိပ်မှ လုံလောက်သူတစ်ယောက်ဆိုပါစို့။ သင်က ၅ နာရီပဲအိပ်ချင်တယ်။ ဒါဆို သင့်ရဲ့ အိပ်စက်မှုပုံစံအသစ်က ဒီလိုမျိုးပေါ့။
ရက်သတ္တပတ် ၁ – တစ်ညကို ၇နာရီ ၁၅မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၂ – တစ်ညကို ၆နာရီ ၃၀မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၃ – တစ်ညကို ၅နာရီ ၄၅မိနစ် အိပ်ပါ။
ရက်သတ္တပတ် ၄ – တစ်ညကို ၅နာရီ အိပ်ပါ။
ဒီလိုမျိုး ရက်သတ္တပတ်တွေ ခွဲခြမ်းလိုက်ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး။ တစ်နေ့လုံး မူးနောက်နောက်ဖြစ်တာမျိုးတွေလည်း မရှိစေပါဘူး။ ပြီးတော့ ရက်သတ္တပတ်တစ်ပတ်ကို နာရီပေါင်း ၁၅နာရီကနေ ၂၅နာရီိ အပိုထွက်လာပါမယ်။
အခု သင်စိုးရိမ်ရမှာက အဲဒီ အပိုထွက်လာတဲ့ နာရီတွေမှာ သင် ဘာတွေလုပ်မလဲဆိုတာပါပဲ ။

Ref: How to get by on 5 hours of sleep a night by Steven Aitchison

Credit: www.yourlifesuccess.blog.com (Happiness, Success & Useful Tips for Your Life)
--

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)