**ဆင်းရဲမွဲတေမှု လျော့ပါးရေး ငွေကြေးပိုမိုထည့်ဝင်ရန် ဘန်ကီမွန်းတိုက်တွန်း**
(ဂျီနီဗာ၊ စက်တင်ဘာ ၁၈)
၂၀၁၅ ခုနှစ်ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက်များ (အမ်ဒီဂျီ) အောင်မြင်ရေးအတွက် ငွေကြေးပိုမိုထည့်ဝင် ပေးသွင်းကြပါရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက စက်တင်ဘာ ၁၇ ရက်တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။ ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်များ အောင်မြင်အောင် ဖော်ဆောင်မှုကို ယခုအခါ အတားအဆီးဖြစ်စေသည့်ဆိုးရွားသော ဘဏ္ဍာရေးအခြေအနေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထောက်ပြလျက် ကုလသမဂ္ဂဌာနချုပ်တွင် အထက်ပါအတိုင်းနိုးဆော်လိုက်ခြင်းဖြစ်သည်။ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ ငတ်မွတ်ခေါင်းပါးမှု။ ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ်သေဆုံးမှုလျှော့ချရေး၊ ရောဂါဘယ ဖြစ်ပွားမှုလျှော့ချရေးများကို ရည်ရွယ်သည့် ထောင်စုနှစ်ရည်မှန်းချက်များကို တစ်ကမ္ဘာလုံးက သဘောတူလက်ခံခဲ့ကြသည်။ (အင်တာနက်)

(Tourist Bus Overturns in Southwest China - 7 Killed, 30 Injured)
**တရုတ်နိုင်ငံ၌ ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားမှောက်**
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်ထူထပ်သော ဒေသတစ်ခု၏ လမ်းတစ်နေရာ၌ စက်တင်ဘာ ၁၇ ရက်က ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ခုနစ်ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။ အဆိုပါ မတော်တဆမှုသည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က စီချွန်ပြည်နယ် အဘာဒေသတီဘက်ကီယန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ်အတွင်း စုပန်စီရင်စုရှိ ဟူအန်လောင် ကမ္ဘာလှည့်ခရီးသွားများ ရပ်နားရာနေရာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ခြောက်ဦးမှာ ယင်းနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးပြီး ကျန်တစ်ဦးမှာဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
**တရုတ်နိုင်ငံ ရှန်စီပြည်နယ်၌ မြေပြိုမှုဖြစ်ပွား ကိုးဦးသေဆုံး၊ အချို့ပျောက်ဆုံးနေ**
(စီအင်၊ စက်တင်ဘာ ၁၈)
တရုတ်နိုင်ငံ ရှန်စီပြည်နယ် အနောက်မြောက်ပိုင်းတွင် စက်တင်ဘာ ၁၈ ရက်က မိုးသည်းထန်ပြီး မြေပြိုမှုဖြစ်ပွားခဲ့ရာ သေဆုံးသူကိုးဦးရှိကာ အချို့ပျောက်ဆုံးလျက်ရှိကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ ရှန်စီပြည်နယ် မြို့တော်စီအင်မြို့ဆင်ခြေဖုံးရှိဘိလပ်မြေစက်ရုံတစ်ရုံအနီးသို့ စက်တင်ဘာ ၁၇ ရက်မွန်းလွဲ ၂ နာရီခန့်က အနီးရှိ တောင်ပေါ်မှ ကျောက်တုံးများနှင့် မြေစိုင်ခဲကြီးများပြိုကျမှုဖြစ်ပွားခဲ့ရာ ၄င်းစက်ရုံလည်း ပျက်စီးခဲ့သည်။ ထိုသို့မြေပြိုကျမှုကြောင့် ကနဦး လေးဦးသေဆုံးခဲ့ပြီးနောက်ထပ်ငါးဦးသေဆုံးနေမှုကို မြေကြီးများအောက်မှရှာဖွေတွေ့ရှိခဲ့သည်။ ဒဏ်ရာရရှိသူ ငါးဦးကို ဆေးရုံသို့တင်ပို့ပေးထားသည်။ သေဆုံးသူများမှာ ဒေသခံများဖြစ်ကြသည် (အင်တာနက်)
**ကလပ်စတာဗုံးများသုံးစွဲမှု တားမြစ်ရန်ဘေရွတ်ညီလာခံက တိုက်တွန်း**
(ဘေရွတ်၊ စက်တင်ဘာ ၁၈)
ဘက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်ရှိ ကလပ်စတာဗုံးများဆိုင်ရာ ညီလာခံလေးရက်ကြာ ကျင်းပလျက်ရှိရာ နိုင်ငံပေါင်း (၁၃၀)မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။ ညီလာခံတက်ရောက်သူများက အစ္စရေးမှ ၂၀၀၆ ခုနှစ်တွင် ဘက်ဘနွန်နိုင်ငံအပေါ် ကလပ်စတာဗုံးများကြဲချမှုအပါအ၀င် ကမ္ဘာတစ်ဝန်း ကလပ်စတာဗုံးများ အသုံးချမှုကို ပြစ်တင်ရှုတ်ချကြသည်။ ဘေရွတ်ညီလာခံမှာ ကလပ်စတာဗုံးများဆိုင်ရာ ကွန်ဗင်းရှင်း၏ ဒုတိယအကြိမ်ညီလာခံဖြစ်သည်။ ဤကွန်ဗင်းရှင်းက ကလပ်စတာဗုံးများသုံးစွဲမှုထုတ်လုပ်မှု စုဆောင်းသိုလှောင်မှုနှင့် လွှဲပြောင်းပေးအပ်မှုတို့ကို တားမြစ်ထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment