**ဂျင်နီဖာလောရင့် နဲ့ Hunger Games**
မင်းသမီးချော ဂျင်နီဖာလောရင့် (Jennifer Lawrence) ဟာ အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားမှာ Hunger Games လို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကြီးဟာ ဆူဆန်နီကောလင်းရဲ့ ၀တ္ထုကိုအခြေခံပြီး တောတွင်းစွန့်စားခန်းများအဖြစ် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို လိုင်းယွန်းဂိတ် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးနေခြင်းဖြစ်ပြီး လာမယ့်နှစ် မတ်လတွင် ပြသနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Hunger Games လို့ အမည်ရတဲ့ ဒီရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်များအဖြစ် ဂျင်နီဖာလောရင့်၊ ဂျိုးဆက်ဟွတ်ချာဆင်နဲ့ လျန်ဟမ်းဆ၀ပ်တို့က အဓိက သရုပ်ဆောင်များအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Hunger Games )
.................................
ဒီဇာတ်ကားကြီးကို မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ တောနက်ကြီးတစ်ခုအတွင်းမှာ ရိုက်ကူးထားခြင်းဖြစ်ပြီး သည်းထိတ်ရင်ဖိုစွန့်စားခန်းများစွာနဲ့ ရိုက်ကူးထားခြင်းဖြစ်ကြောင်း လိုင်းယွန်းဂိတ် ရုပ်ရှင်ထုတ်လုပ်ရေးက ပြောပါတယ်။ (အင်တာနက်)
**ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး သရုပ်ဆောင် တိုင်လာပါရီ**
(ဆန်ဖရန်စ္စ္စကို၊ စက်တင်ဘာ ၁၈)
စွယ်စုံရအနုပညာရှင် တိုင်လာပါရီ(Tyler Perry)ဟာ ဟောလိဝုဒ်မှာ ၀င်ငွေအကောင်းဆုံးသရုပ်ဆောင်ဖြစ်တဲ့အကြောင်း ဖောဘက်မဂ္ဂဇင်းက ဖော်ပြထားပါသည်။

သရုပ်ဆောင် တိုင်လာပါရီကို ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ ထုတ်လုပ်သူ၊ စာရေးဆရာနဲ့ သီချင်းရေးဆရာအဖြစ် လူသိများကြပါတယ်။ သူဟာ ၂၀၁၀ ခုနှစ် မေလမှစပြီး ယခုနှစ် မေလအထိဟောလိဝုဒ်မှာ ၀င်ငွေအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၃၀ ၀င်ငွေရှိတဲ့အကြောင်း အဆိုပါ မဂ္ဂဇင်းရဲ့ ၀က်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။ (အင်တာနက်)
**ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပမည်**
(ဘူဆန်၊ စက်တင်ဘာ ၁၈)
တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပမယ့် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို လာမယ့် အောက်တိုဘာ ၆ ရက်မှ ၁၄ ရက်အထိ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အခုကျင်းပမယ့် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်က (၁၆) ကြိမ်မြောက် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို တောင်ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်၊ ဆွစ်ဇာလန်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ဥဇဘတ်ကစ္စတန်၊ အီရန်၊ စင်ကာပူ၊ ထိုင်းစတဲ့ ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ရုပ်ရှင်ကားပေါင်း ၅၀ ကျော် ပါဝင်ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ (၁၆) ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ ဖွင့်ပွဲနေ့မှာ ဒါရိုက်တာ ဆောင်အီဂွန်ရိုက်ကူးတဲ့ တောင်ကိုရီးယားရုပ်ရှင်ကား Alwaysနဲ့ ပြသဖွင့်လှစ်မှာဖြစ်ပြီး ပိတ်ပွဲနေ့မှာတော့ ဂျပန်ရုပ်ရှင်ကားဖြစ်တဲ့ ဒါရိုက်တာ မာဆာတိုဟာနာဒါ ရိုက်ကူးထားတဲ့ Chroncile of My Mother ဇာတ်ကားနဲ့ ပြသမှာဖြစ်ပါတယ်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:
Post a Comment