ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 20, 2011

အဖွဲ့လိုက်လူတွေ့စစ်ဆေးခြင်းကိုရင်ဆိုင်ဖြေကြားနည်း (How to Deal with Group Interviews)

> အဖွဲ့လိုက် လူတွေ့စစ်ဆေးခြင်း (Group Interview)၊တနည်းအားဖြင့် အကဲဖြတ်အဖွဲ့ ဖြင့်လူတွေ့စစ်ဆေးခြင်း(Panel Interview)သည် တစ်ယောက်ချင်းတွေ့ဆုံရတဲ့ လူတွေ့စစ်ဆေးခြင်းနဲ့ မတူပါ။ ဘာကြောင့်လဲဆိုတော့ တွေ့ဆုံမေးမြန်းသူတွေက အဖွဲ့လိုက်ဖြစ်နေလို့ပါပဲ။ အဲဒီလိုမျိုးအဖွဲ့လိုက် တွေ့ဆုံခြင်းကို ရင်ဆိုင်ရမှာဆိုတာကို သိထားရင် (သို့) အဲဒီလို တွေ့ဆုံဖို့ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုရင် ဒီလိုမျိုးတွေ့ဆုံမှုက ဘာကို မျှော်လင့်ထားရမယ် ဆိုတာကို သိအောင် လုပ်ထားခြင်းသည် ကောင်းသော အတွေးအခေါ် ပင်ဖြစ်သည်။

အဖွဲ့လိုက် လူတွေ့စစ်ဆေးခြင်းအမျိုးအစားများ
(Types of Group Interviews)

အဖွဲ့လိုက်လူတွေ့စစ်ဆေးခြင်းအမျိုးအစားသည်အခြေခံအားဖြင့် ( ၂ )မျိုးရှိပါတယ်။

- အလုပ်လျှောက်ထားသူများအဖွဲ့ (Candidate Group)
- အကဲဖြတ်သူများအဖွဲ့ (Panel Group)

အလုပ်လျှောက်ထားသူများအဖွဲ့ကိုလူတွေ့စစ်ဆေးခြင်း(Candidate Group Interview)တွင် သင့်အား အခြားအလုပ် လာလျှောက်သူများနှင့်အတူ အခန်းတစ်ခန်းထဲမှာ ထည့်ထားမှာဖြစ်ပါတယ်။ အများအားဖြင့် သူတို့တွေဟာလည်း သင်လျှောက်ထားတဲ့ ရာထူးကိုပဲ လျှောက်ထားသူ များဖြစ်ပါတယ်။ အဲဒီလိုမျိုး တွေ့ဆုံမေးမြန်းတဲ့အခါမှာ သင့်ကို ကုမ္ပဏီနှင့်လည်းကောင်း၊ လျှောက်ထားတဲ့ရာထူးနဲ့လည်းကောင်း ပတ်သက်တဲ့ သီတင်းအချက်အလက်များကို မလွှဲမသွေ နားထောင်ခိုင်းမှာဖြစ်ပါတယ်။ ပြီးတော့ မေးခွန်းများကို ဖြေခိုင်းခြင်းနှင့် အဖွဲ့လိုက် လေ့ကျင့်မှုတွေမှာ ပါဝင်ခြင်း တို့ကိုဆောင်ရွက်ခိုင်းပါလိမ့်မည်။

အလုပ်လျှောက်ထားသူ အဖွဲ့လိုက်ကိုလူတွေ့စစ်ခြင်းထက် ပို၍ အသုံးများတဲ့ အကဲဖြတ်သူများအဖွဲ့က လူတွေ့စစ်ဆေးခြင်း (Panel Group Interview) တွင်၊ အဖွဲ့ဝင်နှစ်ဦး (သို့) နှစ်ဦးထက်ပိုသော အဖွဲ့ဝင်များက သင်တို့ကိုတစ်ဦးချင်း ခေါ်၍တွေ့ဆုံမေးမြန်းဖို့ များပါတယ်။ ဒီလိုမျိုး တွေ့ဆုံမေးမြန်းခြင်းမှာ အမေးအဖြေပဲ လုပ်ရတာ များပါတယ်။ ဒါပေမဲ့ သင့်ရဲ့အနာဂတ်လုပ်ငန်းခွင်ကို ရုပ်လုံးဖေါ်ပြမဲ့ လေ့ကျင့်ခန်း (သို့မဟုတ်) စစ်ဆေးမှု တစ်ခုခုမှာတော့ ပါဝင်ခိုင်းကောင်းခိုင်းနိုင်ပါတယ်။

**ကုမဏီများအနေဖြင့် အဖွဲ့လိုက်လူတွေ့စစ်ဆေးခြင်းကို အသုံးပြုရခြင်းအကြောင်း (Why Companies Use Group Interviews)**

အလုပ်လျှောက်သူများကို စစ်ဆေးရန်အတွက် အဖွဲ့လိုက် လူတွေ့စစ်ဆေးခြင်း (Group Interview) ကို အသုံးပြုလာသော ကုမ္ပဏီအရေအတွက်မှာ ပို၍များပြားလာပါပြီ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုရင် အလုပ်ထွက်သွားတဲ့ ၀န်ထမ်းတွေကို အစားထိုးရသောနှုန်းကို လျော့ချစေချင်တဲ့ ဆန္ဒနှင့် အလုပ်ဌာနများတွင် အဖွဲ့လိုက် ဆောင်ရွက်မှုကပို၍ အရေးပါလာသောကြောင့်ဟု ယူဆရပါတယ်။ အလွယ်ဆုံးပြောရရင်တော့ ခေါင်းတစ်လုံးထက် ခေါင်းနှစ်လုံးက အမြဲလိုလို ပို၍ ကောင်းသောကြောင့် ဖြစ်ပါတယ်လို့ ပဲပြောရမလား။ တစ်ယောက်ထက် ပိုသောအကဲဖြတ်သူများက နေပြီး လူတွေ့ စစ်ဆေးတဲ့အတွက် အလုပ်ခန့်ရာတွင် မှားယွင်းစွာ ဆုံးဖြတ်ချက်ချမဲ့ အခွင့်အလမ်းဟာ လျော့သွားနိုင်ပါတယ်။

**အဖွဲ့လိုက်တွေ့ဆုံမေးမြန်းသူများအနေဖြင့်စစ်ဆေးသောအချက်များ (What Group Interviewers Look For)**

အဖွဲ့လိုက် လူတွေ့စစ်ဆေးသူများသည် အခြားတွေ့ဆုံမေးမြန်းသူများ စစ်ဆေးတဲ့အကြောင်းအရာတွေကိုပဲ စစ်ဆေးကြပါတယ်။ သူတို့ဟာ အများနဲ့ ကောင်းအောင် ဘယ်လိုးပူးပေါင်ဆောင်ရွက်ရမယ် ဆိုတာကိုသိပြီး ကောင်းမွန်စွာ ပြုမူ ပြောဆို နေထိုင်တတ်တဲ့အပြင် လုပ်ငန်းခွင်၌ အလုပ်ကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်စွမ်းရှိမဲ့ ကြံ့ခိုင်တဲ့သူကို ရှာဖွေကြပါတယ်။ သူတို့သည် အောက်ဖော်ပြပါအချက်များကို အသေအချာ စီစစ်ကြပါသည်။

- သင်၏ ရုပ်သွင်
(Your Appearance)
ဝတ်စားဆင်ယဉ်မှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ သင်၏ ရုပ်သွင်နှင့် သက်ဆိုင်သော မည်သည့်အရာကိုမဆို စစ်ဆေးမှာဖြစ်ပါတယ်။ သင့်အနေဖြင့် မိတ်ကပ် အများကြီးလိမ်းသွားမယ်။ ဒါမှမဟုတ် ရေမွှေးအများကြီးဆွတ်သွားမယ်ဆိုရင် မေးမြန်းသူထဲမှ တစ်ယောက်ယောက်ကတော့ သတိထားမိမှာပါပဲ။ အဲဒီလိုပဲ ချွေးနံ့ပျောက်ဆေး လိမ်းဖို့မေ့သွားရင် ခြေအိတ် 2-ခုဟာ ဖက်မညီဘူးဆိုရင် မေးမြန်းသူတွေထဲက အနည်းဆုံး တစ်ယောက် ကတော့ တွေ့လိုက်မှာပါပဲ။

- သင်၏ တင်ဆက်မှုစွမ်းရည် (Your Presentation Skills)
သင့်ကိုသင် ဘယ်လို မိတ်ဆက်တယ်ဆိုတာကို မေးမြန်းသူတွေက အထူးဂရုစိုက်ပြီး ကြည့်နေမှာဖြစ်ပါတယ်။ သင့်ဟာ ပျင်းတိပျဉ်းတွဲပုံစ (slouch) ပေါက်နေလား ဒါမှမဟုတ် ဂနာမငြိမ် (fidget) ဖြစ်နေသလား။ စကားပြောတဲ့အခါ မျက်လုံးချင်းဆုံကြည့်ရဲ့လား? အခန်းထဲမှာရှိတဲ့လူတိုင်းနဲ့ လက်စွဲနှုတ်ဆက်ဖို့ သတိရရဲ့လား?။

- သင်၏ဆက်သွယ်မှုစွမ်းရည်များ (Your Communication Skills)
ဘယ်လိုအလုပ်ကိုပဲ လျှောက်လျှောက်ဆက်သွယ်မှု ပြုတတ်ဖို့ လိုအပ်ပါတယ်။ မေးမြန်းသူတွေ အထူးစစ်ဆေးတာကတော့ သင့်ရဲ့ နားထောင်နိုင်စွမ်း၊ ညွှန်ကြားချက်ကို လိုက်နာနိုင်စွမ်း၊ ကိုယ့်ရဲ့အတွေးအခေါ်တွေကို တစ်ဖက်လူနားလည်အောင် ပြောပြ နိုင်စွမ်း တို့ကိုပဲ ဖြစ်ပါတယ်။

- သင်၏ စိတ်ဝင်စားမှုအဆင့်(Your Interest Level)
မေးမြန်းမှုအစမှအဆုံးအထိ မေးမြန်းသူတွေက သင်ဟာ လျှောက်ထားတဲ့ ဒီအလုပ်ပေါ်မှာ စိတ်ဝင်စားမှု ဘယ်လောက်အထိရှိသလဲ ဆိုတာကို မပြတ် အကဲဖြတ်နေမှာဖြစ်ပါတယ်။ သင့်ရဲ့ပုံစံဟာ ပျင်းနေတဲ့ပုံစံ၊ အာရုံလွင့်နေတဲ့ပုံစံ ပေါက်နေရင်တော့ တခြားတစ်ယောက်အတွက်နဲ့ သင့်ကို ချန်ထားခဲ့လိုက်မှာ ဖြစ်ပါတယ်။

**အဖွဲ့လိုက်လူတွေ့စစ်ဆေးခံရခြင်းကို အောင်မြင်စေနိုင်မည့် အကြံပြုချက်များ (Tips to Help You Ace Your Group Interview)**
တွေ့ဆုံမေးမြန်းခြင်း၊ အထူးသဖြင့် အဖွဲ့လိုက်တွေ့ဆုံမေးမြန်းခြင်းကို အောင်မြင်စွာ ဖြေဆိုနိုင်ဖို့ အဓိကကျတဲ့ အချက်ကတော့ ကြိုတင်ပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အမှားတစ်ခုခု လုပ်မိရင် မေးမြန်းသူတွေထဲက အနည်းဆုံး တစ်ယောက် ကတော့ မလွဲမသွေ သတိထားမိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အား တွေ့ဆုံမေးမြန်းသူတွေက အထင်ကြီးပြီး ကျန်ရစ်ခဲ့ရအောင် အောက်တွင်ဖော်ပြထားတဲ့ အကြံပြုချက် အနည်းငယ်ကိုပေးလိုက်ရပါတယ်။
တွေ့ဆုံမေးမြန်းသူတစ်ဦးချင်းကို နှုတ်ဆက်ပါ။ မျက်လုံးချင်းဆုံပါ။ “Hello” လို့ပြောပါ။ ဖြစ်နိုင်ရင် လက်ဆွဲနှုတ်ဆက်ပါ။ တစ်ဦးတစ်ယောက်ထဲအပေါ် အာရုံမစိုက်ပါနဲ့။ မေးခွန်းမေးတဲ့အခါ (သို့)ဖြေတဲ့အခါ အဖွဲ့ထဲမှာပါတဲ့ သူတိုင်းရဲ့အာရုံကို ရယူဖို့ ကြိုးစားရပါမယ်။ အဖွဲ့လိုက်တွေ့ဆုံမေးမြန်းခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အံ့သြမှု၊ စိတ်အနှောက် အယှက်ဖြစ်မှု တို့ကို မပြမိပါစေနဲ့။ အဖွဲ့လိုက်တွေ့ဆုံခြင်းအတွက် ကြိုတင် ပြင်ဆင်ပါ။ အမေးခံနိုင်မဲ့မေးခွန်းများကို စာရင်းပြုစုပြီး ဘယ်လိုဖြေမလဲ ဆိုတာကို ကြိုတင်လေ့ကျင့်ပါ။ အဖွဲ့လိုက်တွေ့ဆုံမေးမြန်းခြင်းရဲ့ အုပ်စုလိုက်လေ့ကျင့်ခန်းတွေမှာ သင့်အရည်အချင်း အချို့ကို ဖော်ပြရမှာဖြစ်ပါတယ်။ အဲဒါတွေကတော့ ခေါင်းဆောင်နိုင်စွမ်း၊ ဖိစီးမှုဒဏ်နဲ့ အလုပ်ပိတဲ့ဒဏ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း၊ ပူးပေါင်းဆောင်ရွက် နိုင်စွမ်း၊ ဝေဖန်မှုကို ခံနိုင်ရည်ရှိခြင်း၊ ဝေဖန်တတ်ခြင်းတို့ပဲဖြစ်ပါတယ်။ မေးမြန်းသူတိုင်ကို ကျေးဇူးတင်ကြောင်းပြောပါ။ နောင်တွင် ကျေးဇူးတင်ကြောင်း စာရေးပို့နိုင်ရန်အတွက် နာမည်များနှင့် ရာထူးများကို မှတ်သားထားပါ။

Read more: အဖွဲ့လိုက်လူတွေ့စစ်ဆေးခြင်းကိုရင်ဆိုင်ဖြေကြားနည်း (How to Deal with Group Interviews) - Myanmar Network http://www.myanmar-network.net/forum/topics/group-interviews-how-to-deal-with-group-interviews?xg_source=facebook#ixzz1XF5mMips

**Posted by kyaw Kyaw Oo **

**Thiri Yadanar Soe**

အဖွဲ့လိုက် လူတွေ့စစ်ဆေးခြင်း (Group Interview)၊တနည်းအားဖြင့် အကဲဖြတ်အဖွဲ့ ဖြင့်လူတွေ့စစ်ဆေးခြင်း(Panel Interview)သည် တစ်ယောက်ချင်းတွေ့ဆုံရတဲ့ လူတွေ့စစ်ဆေးခြင်းနဲ့ မတူပါ။ ဘာကြောင့်လဲဆိုတော့ တွေ့ဆုံမေးမြန်းသူတွေက အဖွဲ့လိုက်ဖြစ်နေလို့ပါပဲ။ အဲဒီလိုမျိုးအဖွဲ့လိုက် တွေ့ဆုံခြင်းကို ရင်ဆိုင်ရမှာဆိုတာကို သိထားရင် (သို့) အဲဒီလို တွေ့ဆုံဖို့ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုရင် ဒီလိုမျိုးတွေ့ဆုံမှုက ဘာကို မျှော်လင့်ထားရမယ် ဆိုတာကို သိအောင် လုပ်ထားခြင်းသည် ကောင်းသော အတွေးအခေါ် ပင်ဖြစ်သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)