ရေမွှေးနဲ့ပတ်သက်လို့စိတ်ဝင်စားတဲ့ကျမကရေမွှေးဆောင်းပါးလေးတွေအမျိုးမျိုးကိုဘာသာပြန်ခဲ့ဖူးပါတယ်။
ဖက်ရှင်မှာရောမုခမှာရောပေါ့။ဒါပေမဲ့လဲရေမွှေးအသစ်တွေ က အမျိုးမျိုးထွက်ေါ့်လာတာနဲ့အမျှရေးစရာတွေကလဲ
တမျိုးပြီးတမျိုးမရိုးရအောင်ထွက်ပေါ်နေတဲ့အတွက် အခုတခေါက် Judy Bachrach
ရေးထားတဲ့ SEX in a BOTTLE ရယ်PERFUME PARADOXES ရယ်ကို ဆီလျော်အောင်
ဘာသာပြန်ပေးလိုက်ချင်ပါတယ်။
* ခေတ်အဆက်ဆက်ပန်းရနံ့၊သစ်သီးရနံ့၊ဟင်းခတ်အမွှေးအကြိုင်ရနံ့တွေကနေပေါင်းစပ်တီထွင်ပြီးရေမွှေးအဖြစ်
အမျိုးသမီးများကမက်မက်မောမောတန်ဘိုးထားသုံးစွဲလာကြတာပါ။ဒါပေမဲ့ဒီဘက်ခေတ်အခါမှာတော့သဘာဝ
သစ်ဥသစ်ဖုနံ့၊သစ်သားနံ့၊သစ်ရွက်နံ့၊မြက်အနံ့၊ပင်လယ်နံ့၊နဲ့ဟင်းခတ်အမွှေးအကြိုင်ပိုကဲတဲ့ အနံ့တွေ ကိုသုံးပြီး
အမျိုးသားသုံးရေမွှေးများအဖြစ်တီထွင်ဖော်စပ်လာကြပါတယ်။
* အမျိုးသားသုံးရေမွှေးတွေရဲ့ရနံ့ကအမျိုးသားတွေလက်ခံရုံသာမကအမျိုးသမီးထုတရပ်လုံးကိုအဓိကပစ်မှတ်ထားပြီး
ထုတ်လုပ်ခဲ့တာပါ။အမျိုးသမီးတွေကဒီရေမွှေးနံ့ရရင်စိတ်ထဲကြည်နူးသာယာမယ့်၊ရင်ခုံမယ့်၊သွေးခုန်နှုံးမြန်လာ
မယ့်ရနံ့မျိုးကိုရေမွှေးဗေဒပညာရှင်တွေကဓါတ်ခွဲခန်းတွေထဲကြိုးစားစမ်းသပ်ရှာဖွေလာခဲ့ကြတာဖြစ်ပါတယ်။
* ရေမွှေးရနံ့တွေကိုရနံ့အလိုက်ခွဲခြားပြီးစိတ္တဗေဒပညာရှင်တွေကလဲIntrospectivetypeအတွေးနဲ့စိတ်ခံစားချက်ကို
သုံးသပ်ဦးစားပေးလေ့ရှိသူအကြိုက်၊Extroverts ပျော်ပျော်နေတတ်သူတွေ အကြိုက် ၊Deep thinker
နက်နက်နဲနဲအတွေးသမားအကြိုက်၊sensative type
စိတ်ခံစားချက်ပြင်းထန်သူအကြိုက် စသဖြင့် အမျိုးမျိုးထပ်ခွဲခြားပါသေးတယ်။
*ဒါပေမယ့်ဒီအမျိုးသားသုံးရေမွှေးတွေကိုဈေးကွက်မှာတင်ရောင်းချတဲ့အခါထူးဆန်းတာတခုကိုတွေ့လာရပါတယ်။
အမျိုးသားသုံးရေမွှေးဈေးကွက်မှာ အမျိုးသား တွေ က အမြဲတမ်း
၁၀၀%ဈေးဝယ်သူတွေ ဖြစ်မလာပါဘူး။ကုန်ပစ္စည်းရဲ့ ၁၅% ကနေ ၂၀%
အထိအမြဲတမ်းဖောက်သည်က
အမျိုးသမီးတွေဖြစ်နေပါတယ်။အကြိမ်ရေနဲ့တွက်ရင်၇၀%ကအမျိဲးသမီးဈေးဝယ်သူဖြစ်နေခြင်းပါဘဲ။ဒါကို
ကြည့်ခြင်းအားဖြင့်ရေမွှေးဗေဒပညာရှင်တွေ
ရဲ့ပစ်ချက်ကထိရောက်တယ်လို့သိသာနေပါပြီ။အမျိုးသမီးတွေကသူမတို့ရဲ့စိတ်ကြိုက်ရနံ့ရင်ဖိုလှိုက်မောဖွယ်ရနံ့ကို
သူမတို့ရဲ့ချစ်သူ၊ခင်ပွန်းသည်၊မိတ်ဆွေတို့ကိုဆင်ယင်ပေးခြင်းပါ။သူမတို့ကိုဆွဲဆောင်တဲ့ရနံ့
သူမတို့ ရင်ခုံတဲ့ ရနံ့ ကို သူမတို့စိတ်ဝင်စားသူရဲ့ ကိုယ်ပေါ်
တနည်းအားဖြင့်သူမရဲ့ အနားမှာရှိနေစေတာဘဲ ဖြစ်ပါတယ်။
* နောက်တခုကအမျိုးသမီးတော်တော်များများကအမျိုးသားသုံးရေမွှေးနံ့ကိုဆွတ်ချင်ရှုရှိုက်ချင်ကြတာတွေ့ရပါတယ်။
ယောင်္ကျားဆန်ဆန်မိန်းကလေး၊ယောင်္ကျားလျာတွေအပြင်လုပ်ငန်းခွင်မှာကျားကျားလျားလျားယောင်္ကျားတွေနဲ့
ရင်ဘောင်တန်းအလုပ်လုပ်နေတဲ့အနောက်နိုင်ငံကမိန်းကလေးတွေတချို့ကအမျိုးသားသုံးရေမွှေးကိုရွေးချယ်
လေ့ရှိပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့အမျိုးသားသုံးရေမွှေးကအမျိုးသမီးသုံးရေမွှေးတွေထက်ပိုလို့ရနံ့စွဲမြဲမှု
တာရှည်ခံပြီးချွေးနံ့ကိုယ်နံ့ကိုပိုထိမ်းချုပ်နိုင်တာရယ်၊မိန်းကလေးရေမွှေးတွေလိုSexyမဖြစ်တာရယ်၊လုပ်ငန်းခွင်မှာ
ယောင်္ကျားတွေကမိန်းမတယောက်လိုစိတ်ခံစားချက်မဖြစ်စေလိုလို့ မိန်းမတယောက် အဖြစ်မခွဲခြားစေလိုလို့ ဆိုတဲ့အချက်တွေ ကြောင့်ဘဲ ဖြစ်ပါတယ်။ဒီ အချက်တွေကြောင့်ဘဲ ၁၅%
-၂၀%သောထွက်ကုန်တွေ က အမျိုးသမီးဝယ်လက်ဆီရောက်သွားရခြင်းဖြစ်ပါတယ်။
* အမျိုးသား သုံးအမွှေးရနံ့တွေကေ၇မွှေးတခုထဲရယ်လို့မဟုတ်ဘဲ After
shave မုတ်ဆိတ်ရိတ်ပြီးသုတ်လိမ်းရတဲ့ အမွှေးရည်။shaving foam
မုတ်ဆိတ်ရိပ်ရင် သုတ်လိမ်းရတဲ့ အမြုပ်၊ facial foamမျက်နှာသစ် ဆပ်ပြာ
။Deodorentsချွေးနံ့ပျောက်ဆေးများ /roll-on/stickအရေအခဲအတောင့်
ပုံစံမျိုးစုံရှိပါတယ်။
* Bodyspray။Bodymistစတာတွေလဲရှိပါသေးတယ်။နောက်ပြီးHairproductsတွေပေါ့haircream
ခေါင်းလိမ်းဆီmousseဆံပင်ပုံသွင်းတဲ့အမြုပ်တွေGelsဂျဲလ်lotionစတဲ့ပုံစံမျိုးစုံပစ္စည်းတွေမှာလဲအမျိုးသမီးသုံး
productsတွေနဲ့မတူတဲ့ကွဲပြားခြားနားတဲ့မွှေးရနံ့တွေ
ထဲ့ ထားပါတယ်။men shampoo
ခေါင်းလျော်ရေ/menshowerGelရေချိုးဆပ်ပြာရည်/mensuntancreamနေရောင်ခံလိမ်းဆေးတွေရောပါဘဲ။
Valentine’sday ချစ်သူများနေ့အတွက် လက်ဆောင်မွန်တွေထဲမှာတော့
ပန်းနဲ့ချော့ကလက်ပြီးရင် နံပါတ်စဉ်ထိပ်ဆုံးမှာရှိနေတာရေမွှေးပါ။သူတို့စီက
လူကြိုက် အများဆုံး အမျိုးသားရေမွှေးလေးတချို့ကို တင်ပြပေးချင်ပါသေးတယ်။

1. FABERGE’S BRUT အရောင်းရဆုံးစာရင်းဝင်
အမျိုးသားရေမွှေးပါ။အစိမ်းရောင်ဖန်ပုလင်းငွေေ၇ာင် အဖုံး၊ငွေ
တံဆိပ်ပြားလေးကိုငွေကြိုးလေးနဲ့ပုလင်းလည်ပင်းဆွဲလျက်ပေါ.။မြန်မာဈေးကွက်မှာလဲနှစ်တော်တော်များများ
ထဲကနေရာယူခဲ့ပြီးသားတံဆိပ်ဖြစ်ပါတယ်။ဘော်ဒီစပရေး၊ရိုးအွန်အတောင့်တွေအနေနဲ့လဲအခုနောက်ပိုင်းဝင်
လာပါတယ်။

2. JOVAN MUSK
အမျိုးသားရေမွှေးကတော့ဆန့်ကျင်ဘက်လ္လိင်အပေါ်ညှို့အားအပြင်းထန်ဆုံးရနံ့လို့ကြော်ငြာထားပါတယ်။အ၀ါရင့်
ရောင်အရည်ပါတဲ့ ဖန်ပုလင်းအကြည်ပါ။အဖုံးကငွေရောင်ဖြစ်ပါတယ်။ထူးထုးခြာခြားဆန့်ကျင်ဘက်လ္လိင်ရဲ့
အာရုံဏ်စူးစိုက်မှူစိတ်ဝင်စားမှုကိုရရှိနိုင်မယ့်ညှိုးအားပြင်းရနံ့ပါတဲ့။

3. JOVAN WHITE MUSK ဒိအမျိုးသားရေမွှေးကိုလဲ calvin kleinကဘဲထုတ်တာပါ
ESCAPE ကပါဘဲ။ သူုကြော်ညာတိုင်းကို အဖြူအမဲ စုံတွဲပုံနဲ့ဘဲ
ကြော်ညာပါတယ်။ဒီရနံ့ကို စွမ်းအားဆိုတဲ့ စာလုံးလေးဘဲ
သုံးပါတယ်။အချစ်ရဲ့စွမ်းအား၊ယုံကြည်ခြင်းရဲ့စွမ်းအား၊အောင်မြင်မှုရဲ့စွမ်းအားလို့ကြွားရလောက်အောင်ရနံ့လေးက
စွမ်းအားအပြည့်နဲ့ဆွဲဆောင်နေပါတယ်။

4. ETERNITY FOR MEN ဒီအမျိုးသားရေမွှေးကတော အမျိုးသား
ရေမွှေးဈေးကွက်မှာနာမည်အရဆုံးပါ။Calvin
Kleinကုမ၌ဏီကထုတ်လုပ်တာဖြစ်ပါတယ်။ဖန်ပုလင်းအကြည်မှာအ၀ါနုရောင်အရည်နဲ့ပါ။အဖုံးကငွေရောင်ပါဘဲ။
ကျမနှစ်ချိုက်မှု အရှိဆုံး အမျိုးသားရေမွှေးရနံ့ဘဲ ဖြစ်ပါတယ်။
5. MINOTAURE ဆိုတဲ့ရေမွှေးကတော့ ကမ္ဘာတ၀ှမ်းရေပမ်းစားတဲ့
အမျိုးသားရေမွှေးပါ။အနံ့ ကတော့ ခပ်ပြင်းပြင်းပါဘဲ။အသိဥာဏ်ပညာနဲ့
ပြည့်စုံပြီးစိတ်ခံစားချက်ပြင်းထန်တဲ့ အမျိုးသားတွေ အတွက်
ရည်ရွယ်တယ်လို့ကြော်ညာပါတယ်။ဒါကိုသုံးရင်
ခပ်ညံ့ညံ့ယောင်္ကျားမဟုတ်ဘူးပေါ့လေ။
6. DAVIDOFF COOL WATER Cool-water အမျိုးသားရေမွှေးကိုတော့DAVIDOFF
companyကထုတ်လုပ်တာပါ။အပြာရောင်
ဖန်ပုလင်းလေးထောင့်လေးဖြစ်ပါတယ်။outdoorstyleယောင်္ကျားလေးတွေအတွက်ရည်ရွယ်ပါတယ်။
သူရနံ့လေးကရင်ကိုအေးစေပါတယ်။သူ့ရနံ့ရတာနဲ့သူကြော်ညာမော်ဒယ်ကောင်လေးတွေကိုမြင်ယောင်စေမှာပါ။
အသားညိုညိုချိုပြုံးရွှင်လန်းတဲ့မျက်နှာလေးတွေနဲ့ကျောက်ဆစ်ရုပ်လိုကြွက်သားကျစ်ကျစ်ခန္ဒာကိုယ်တွေ
ရေစိုပြီးပင့်တင်ထားတဲ့ဆံစရှည်၂ကပိုကရိုလေးတွေနဲ့မော်ဒယ်တွေ သုံးကြော်ညာပါတယ်။
7. ESCADA POUR
HOMMEဒီအမျိုးသားရေမွှေးကတော့ထူးထူးခြာခြားဆွဲဆောင်တဲ့ရနံ့ပါ။တန်ဖိုးကြီးကော့ညက်အရက်နံ့နဲ့
ငရုတ်ကောင်းနံ့ကိုဖြည့်စွက်ထားပါတယ်။ချစ်တတ်တဲ့လွတ်လပ်ပျော်ရွှင်ရယ်မောတတ်တဲ့အမျိုးသား
တယောက်ကရှက်ကိုးရှက်ကမ်းသူ့မျက်နျာကိုလက်ဝါးတဖက်ကာရယ်မောရင်းနှင်းဆီပန်းတွေတပွေ့
တပိုက်ချစ်သူစီယူလာပုံနဲ့ကြော်ညာထားတာက
ဒီရနံ့ပိုင်ရှင်ရဲ့ စရိုက်ပါတဲ့။ကြားရတာရင်ခုံချင်စရာပါဘဲ
ရနံ့တောင်မရသေးဘူးနော်။
8. OBSESSION BY CALVIN KLEIN
ဒီရေမွေးကိုcalvinkleincompanyကဘဲထုတ်တာပါ။အဆင့်အတန်းမြင့်မြင့်ရည်မှန်ူချက်မြင့်မြင့်
ယောင်္ကျားတယောက်ရဲ့ရနံ့ လို့ဆိုပါတယ်။
9. ESCAPE FOR MEN ဒီအမျိုးသားရေမွှေးရဲ့ကြော်ညာကတော့
ယောင်္ကျားတယောက်ရဲ့ စွန့်စားခန်းတစ်ရပ်ဟာဒီရေမွှေးကို ဆွတ်လိုက်တဲ့
အချိန်ကစတယ်လို့ဆိုရအောင် ယခင်က ကိုယ့်ကို စိတ်မ၀င်စားသူတွေရဲ့
သမင်လညိပြန်အကြည့်ကိုရရှိစေမယ်။အရွှူံးသမားဘ၀ကလွတ်မြောက်၊ကိုယ့်ကိုယ်ကို
ယုံကြည်ချက်တွေပိုလို့စွန်ု့စားခန်းတရပ်အတွက်အသင့်ဖြစ်စေမယ်တဲ့လေ။
10. MEDITERRANEUMဒိအမျိုးသားရေမွှေးကိုcreated for the pleasure of
women အမျိုးသမီးတွေ စိတ်ကျေနပ်ပျော်ရွှင်မှုအတွက်
တီထွင်ထုတ်လုပ်ထားတယ်လို့ကြေညာထားတာကိုက
စိတ်ဝင်စားစရာကောင်းနေပါတယ်။ဒီရေမွှေးနံ့ကို ကျမ မရှူဘူးသေးပါဘူး။ဒါပေမဲ့
ရင်းနှီးသူမိတိဆွေ တယောက်ကသုံးဘူးတယ်ပြောလို့မေးကြည့်တော့ ဒီရနံ့ကြောင့်
အမျိုးသမီးတွေတော်တော်များများရဲ့စိတ်ဝင်တစားအရောဝင်မှုကိုရရှိဘူးကြောင်းကြွားတာခံလိုက်ရပါသေးတယ်။
11. ZINO BY DAVIDOFFဒိအမျိုးသားရေမွှေးကိုDAVIDOFFကဘဲ For
sensitive men ဆိုပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။သူအနံ့လေးက ယဉ်ယဉ်လေးနဲ့
ညှို့ယူဖမ်းစားနိုင်ပါတယ်။
12. JOOP ဒိအမျိုးသားရေမွှေးကြော်ညာကတော့ခပ်ကြမ်းကြမ်းပါ။အမျိုးသားများရာဂတက်မက်မှုနှင့်ဆိုင်သောဝါကျတစု
ဆိုတဲ့မှတ်ချက်လေးနဲ့ပါ။သူအရေအရောင်က ကော့ခ်တေးလ် အရက်လိုချစ်စရာအနီရောင်ပါ။ပထမ ဒီရေမွှေးကို
အနီရောင်ဖြစ်နေလို့ရောင်းရမယ့်ရေမျွှေးလို့မထင်ထားကြပေမယ့်ဈေးကွက်လဲတင်ရောရောင်းအားကောင်းတဲ့
အောင်မြင်ဆွဲဆောင်အားကောင်းတဲ့ ရနံ့ဖြစ်ခဲ့ပါတယ်။
* အမျိုးသမီးတွေ ကတော့ အမျိုးသားတွေ ဆိုတာခေါင်းမာတယ် သူတိုစရိုက်က
ပြောင်းလဲ ဖို့ မလွယ်ဘူးဆိုတာ ရာစုနှစ်များစွာထဲ က
သိထားပြီးဖြစ်ပါတယ်။သိပင်သိသော်လည်းသူမတို့ရဲ့ အချစ်နဲ့
အရာရာပြောင်းလဲနိုင်မယ်လို့ အတွေးမှားတတ်ပါသေးတယ်။
* ဒီလိုခေါင်းမာသူတွေ ဖြစ်တဲ့ အမျိုးသားတွေက သူတို့ရဲ့
စိတ်ခံစားမှုပိုင်းကိုလည်းအမျိုးသမီးတွေလိုဖုံးကွယ်လေ့တော့မရှိပါဘူး။အမျိုးသမီးတွေကသူတို့ချစ်သူဝယ်လာ
ပေးတဲ့ရေမွှေးကိုကြိုက်ကြိုက်မကြိုက်ကြိုက်..ကြိုက်ပါတယ်လို့ပြောပြီးဆွတ်ကြပါတယ်။အမျိုးသားတွေကတော့
အဲဒီလိုမဟုတ်ပါဘူး။မကြိုက်ရင်လုံးဝမသုံးတတ်တာမျိုးပါ ။ဒါကြောင့် ရေမွှေးဝယ်ပေးမယ်ဆိုရင်သူတို့လဲ
ကြိုက်မယ့်ရနံ့မျိုးဆိုတာ သေချာသင့်ပါတယ်။ဒါပေမယ့်
နာမည်ကြီးတံဆိပ်ရေမွှေးတွေ ကတော့ အဆင့်ဆင့် စမ်းသပ်ပြီးမှ
ထုတ်လုပ်တာဖြစ်တဲ့ အတွက် ဘယ်ယောင်္ကျားမှ ညင်းပါယ်နိုင်စွမ်းမရှိတဲ့
ဘယ်မိန်းမမှ လက်မခံနိုင်စရာမရှိတဲ့ အနံ့တွေ ပါ။ရနံ့ နဲ့ လ္လိင်ဆွဲဆောင်မှု
၊နှလုံးခုံမှု တွေမှာ မမြင်နိုင်တဲ့ ကြိုးတွေလို
ထူးထူးခြာခြားဆက်သွယ်မှုရှိတယ်။ရေမွှေးနံ့အပြင် ကိုယ်နံ့ ဆံပင်နံ့
ချွေးနံ့က အစလို့ ဆိုပါတယ်သူတို့ဆိုထားတဲ့ အတိုင်းရေးပြတာပါ။ကျမကတော့
ဘယ်လောက်ဆွဲဆောင်မှုရှိတဲ့ယောင်္ကျားချောချောဖြစ်နေပါစေ သူ့စီက
ချွေးစော်နံ၊ဂျိုင်းစော်နံရင်တော်တော်လေးခံစားရခက်ပါတယ်။သူအနားမှာရှိရင်အသက်တောင်ရဲရဲမရှုရဲပါဘူး၊
ရင်ခုံဖို့မပြောပါနဲ့။အဲ-ဒါပေမဲ့အမျိုးသားသုံးရေမွှေးနံ့အဆင့်မြင့်မြင့်လေးရလို့ ကတော့
ဘယ်လိုလူမျိုးပါလိမ့် အမိုက်စားဖြစ်မှာဘဲ ထင်တယ်ဆိုပြီး မျက်လုံးလေးတော့
မသိမသာ့ ၀င့်ကြည့်ခဲ့ဘူးပါတယ်လို့ ၀န်ခံပါရစေ။
* စန္ဒီ‘(artist)**

No comments:
Post a Comment