ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 26, 2011

လူထုကျန်းမာရေး (ကင်ဆာရောဂါ-ကြောက်စရာတဲ့လား)

>
(skin_cancer)

**Public Health**

ကင်ဆာရောဂါဖြစ်ပွားမှုဟာ ဒီနေ့ခေတ်မှာ ကြောက်စရာကောင်းလောက်အောင်ကို တိုးတက်များပြား လာနေပါတယ်။ ဒါဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်မှု ပုံစံကြောင့် အဓိကဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယူဆထားကြပါတယ်။ ကင်ဆာရောဂါဆိုတာက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ မထိန်းချုပ် နိုင်လောက်အောင် ကြီးထွားပွားများပြီး ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။
သာမန်ကျန်းမာတဲ့ ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်တွေ စတင်ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်ခုခံအားစနစ်က သိရှိပြီး ကင်ဆာဆဲလ်တွေကို အမြန်ဖျက်ဆီးပစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ အစားအသောက်တွေက ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်း(Carcinogen) တွေကို ခန္ဓာကိုယ်ထဲရောက်ရှိစေရုံ သာမက ခန္ဓာကိုယ် ခုခံအားစနစ်ကိုလည်း အနှောင့်အယှက် အဟန့်အတားဖြစ်စေပါတယ်။
တချို့ကင်ဆာရောဂါက မျိုးရိုးလိုက်ပြီး ဖြစ်နိုင်ပေမယ့် ကင်ဆာရောဂါ အများစုက ဘဝနေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့အတွက် ကာကွယ်လို့ရနိုင်ပါတယ်။ ကင်ဆာကာကွယ်နိုင်တဲ့ ဘဝနေထိုင်မှု ပုံစံအတိုင်း လိုက်နာကျင့်သုံးနေထိုင်မယ်ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်ခြေကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။
သင်ဟာ ကင်ဆာရောဂါဖြစ်မှာကို တကယ်ကြောက်ရွံ့စိုးရိမ်တယ်ဆိုရင် အောက်ပါအကြံပြုချက်တွေအတိုင်း လိုက်နာနေထိုင်ဖို့ လိုပါတယ်။ ကင်ဆာရောဂါ ဖြစ်အောင် တွန်းအားပေးနိုင်တဲ့ အရာတွေကို ရှောင်ပါ။ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းဟာ ကင်ဆာရောဂါအားလုံးရဲ့ ၄၄ ရာခိုင်နှုန်းမှာ အဓိက အခန်းကဏ္ဍက ပါဝင်ပတ်သက်နေပါတယ်။ ကျပ်တင်ထားတဲ့အစာတွေ၊ တူးနေတဲ့ အစာတွေ၊ အသားနဲ့ နို့ထွက်ပစ္စည်းတွေ၊ အဆီများလွန်းခြင်း၊ သကြား၊ ကိုလက်စထရောနဲ့ နေရောင်တွေကတော့ ကင်ဆာရောဂါတစ်မျိုး ဒါမှမဟုတ် ဒါထက်ပိုပြီး ဆက်နွှယ်ပတ်သက်နေပါတယ်။

ကင်ဆာဖြစ်စေနိုင်တဲ့ တခြားပစ္စည်းတွေကတော့ ကျောက်ဂွမ်း(Asbestos)နဲ့ ချွေးနံ့ထိန်းစပရေးတွေကနေ ပိုးသတ်ဆေးအထိ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းအမျိုးမျိုး ပါဝင်ပါတယ်။ လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ သွေးလှည့်ပတ်မှုနဲ့ အစာချေဖျက်မှုကိုလည်း တိုးတက်စေပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုမရှိရင် ကင်ဆာအမျိုးမျိုးဖြစ်နိုင်ခြေကို ၃၀ - ၈၀ ရာခိုင်နှုန်းအထိ တိုးစေနိုင်ပါတယ်။

သင့်တော်တဲ့ အစာအာဟာရတွေကို စားသောက်ပါ အမျှင်ဓာတ်များပြီး ပရိုတင်းပါဝင်မှုနည်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာ ကာကွယ်နိုင်တဲ့ ပစ္စည်းတွေ ပါဝင်ပါတယ်။ နေ့စဉ်နဲ့အမျှ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို များများစားနိုင်အောင် ကြိုးစားပါ။ နေရောင်နဲ့ အသင့်အတင့် ထိတွေ့ပေးပါ။ နေရောင်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို တိုးတက်စေပြီး ကင်ဆာရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်ပါတယ်။ ဗီတာမင်ဒီဟာ ခန္ဓကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေရဲ့ ကြီးထွားမှုကို ဖိနှိပ်ပေး နိုင်ပါတယ်။ ဒါပေမဲ့ နေရောင်နဲ့ အလွန်အမင်းထိတွေ့လွန်းရင်တော့ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အရေပြားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။
သင့်တော်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းသိမ်းထားပါ။ ခန္ဓာကိုယ်အလေးချိန်အလွန်များပြီး အဝလွန်နေရင် ကင်ဆာဖြစ်နိုင်ခြေကို ၅၅ ရာခိုင်နှုန်း ပိုများစေနိုင် ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နည်းလမ်းတွေနဲ့ ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးစားပါ။ အဆီအအိမ့်နဲ့ ကယ်လိုရီများတဲ့ အစာတွေလျှော့စားပြီး လေ့ကျင့်ခန်း လုပ်ပါ။
စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ဖိနှိပ်ပြီး ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ အဓိကအန္တရာယ် အကြောင်းအချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုရှိရင် တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာလိုမျိုး ဖြေလျှော့တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ပါ။

**Ref : Good Health**

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)