
ဘာမှ မဟုတ်ဘူး
လူဖြစ်လို့ ရူးနေတာ . . .
တွေးတောဆင်ခြင် ခြင်းဟာ
ငါကိုးကွယ်တဲ့ နတ်ဘုရား
အရာအားလုံးထက် တန်ခိုးထွားတယ် . . .
တကယ်တော့လဲ ဘာမှမဟုတ်ပါဘူး
ဆုပ်လေစူး အသိညဏ်မြူးတဲ့အဖြစ်
ဘာမှမဟုတ်တာသိနေတော့လဲ
ကိုယ့်ဟာကိုယ်ပဲ ကြံဖန်ရစ် . . .
တစ်လောကလုံးနဲ့မနိုင်းပါနဲ့
ကိုယ့်ဘ၀မှာတောင် ပန်းတွေမဝေနိုင်
ယိုင်တိုင်တိုင် ခြေထောက်တွေကို
လူမြင်မှာ စိုး လို့
အမောက် ပဲ ထောင်ထောင် ပြမိ . . .
ခလုတ်တိုက် လဲကျတိုင်း
ဖုတ်ဖက်ခါ ပြန်ထ
ဒါဟာဘ၀ပါ လို့
အရှက်ပြေကြွေးကျော်
မျက်နှာပြင် ပေါ်က
သိမ်ငယ်စိတ်တွေကို
ဟန်ပန်အမှုအယာ တွေလောင်း
ငါ . . .
ဒီမြောင်းထဲ က ကို မတက်နိုင်တော့ဘူး . . .
**မာဃလုလင်**

ဘာမှ မဟုတ်ဘူး
လူဖြစ်လို့ ရူးနေတာ . . .
တွေးတောဆင်ခြင် ခြင်းဟာ
ငါကိုးကွယ်တဲ့ နတ်ဘုရား
အရာအားလုံးထက် တန်ခိုးထွားတယ် . . .
တကယ်တော့လဲ ဘာမှမဟုတ်ပါဘူး
ဆုပ်လေစူး အသိညဏ်မြူးတဲ့အဖြစ်
ဘာမှမဟုတ်တာသိနေတော့လဲ
ကိုယ့်ဟာကိုယ်ပဲ ကြံဖန်ရစ် . . .
တစ်လောကလုံးနဲ့မနိုင်းပါနဲ့
ကိုယ့်ဘ၀မှာတောင် ပန်းတွေမဝေနိုင်
ယိုင်တိုင်တိုင် ခြေထောက်တွေကို
လူမြင်မှာ စိုး လို့
အမောက် ပဲ ထောင်ထောင် ပြမိ . . .
ခလုတ်တိုက် လဲကျတိုင်း
ဖုတ်ဖက်ခါ ပြန်ထ
ဒါဟာဘ၀ပါ လို့
အရှက်ပြေကြွေးကျော်
မျက်နှာပြင် ပေါ်က
သိမ်ငယ်စိတ်တွေကို
ဟန်ပန်အမှုအယာ တွေလောင်း
ငါ . . .
ဒီမြောင်းထဲ က ကို မတက်နိုင်တော့ဘူး . . .
**မာဃလုလင်**


No comments:
Post a Comment