ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 25, 2011

အိပ်မက်ဆိုး

>
(၁)

`ပေ့စ်´ လမ်းပျောက်နေပြီ။ ဤကိစ္စနှင့်ပတ်သက်၍ သံသယဖြစ်စရာကို မလိုတော့။ အစပိုင်းတွင် တောအုပ်သည် အတော်အတန် ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်မည့်ပုံထင်ရသည်။ စိတ်ဝင်စားစရာ ငှက်များ၊ တိရိစ္ဆာန်များနှင့် ပြည့်နှက်နေသည်။ မီးမွှေးရန် ဖြစ်နိုင်မည် ထင်ရသော အပင်များလည်း အနှံ့အပြား ပေါက်ရောက်နေကြသည်။

ယခု လေးရက်ခန့်ကြာသော် အပင်များက မီးမွှေးရန် စွတ်စိုထိုင်းမှိုင်းလွန်းပြီး ငှက်များကလည်း ပေ့စ် ညအခါ အိပ်မရနိုင်လောက်အောင် ဆူညံလှုပ်ရှားနေကြကြောင်း တွေ့ရှိရသည်။ သူ့အား အန္တရာယ်ပေးရန်ကြိုးစားသည့် တိရိစ္ဆာန်တစ်ကောင်ကောင်နှင့် ယခုထိ ရင်မဆိုင်ရသေးသည်ကိုသာ ကျေးဇူးတင်ရတော့မည်။ မဟုတ်သေး။ သူ့အား အောင်မြင်စွာ အန္တရာယ်ပေးနိုင်သည့် တိရိစ္ဆာန်တစ်ကောင်ကောင်ဆိုလျှင် ပိုမှန်လိမ့်မည်။

အပြိုင်စကြ၀ဠာတစ်ခု၏ ဝေးလံခေါင်ဖျားလှသော ဂြိုဟ်တစ်ခုပေါ်မှ နေထိုင်သူမရှိ၊ အစိမ်းသက်သက် တောကြီးမျက်မည်းကြီးတစ်ခုအတွင်း ပေ့စ် လမ်းပျောက်နေခြင်းဖြစ်သည်။ ဤနေရာရှိ တဒုန်းဒုန်း ဆူညံသံများကလည်း သူ့ကို ရူးသွားစေမတတ်။ နေထိုင်သူမရှိသည့် တောကြီးထဲမျက်မည်းထဲတွင် ဤတဒုန်းဒုန်း ထုရိုက်သံများက မည်ကဲ့သို့ ရောက်နေသနည်းဟု ရုတ်တရက်တွေးမိလိုက်စဉ်မှာပင် သူ၏ ဘယ်ဘက်ရှိ ခြုံပုတ်တစ်ခုအတွင်းမှ တင်းပုတ်တစ်ခု ပေါ်ထွက်လာသည်ကို သူ ရိပ်ခနဲ မြင်လိုက်ရလေသည်။

[ ၂ ]

သူ ပြန်လည် သတိရလာချိန်တွင် ကမ္ဘာမှ အတော်ဆုံးဒီဇိုင်နာ လက်မှိုင်ချရလောက်အောင် လှပသေသပ်သည့် သားမွှေးဘီကီနီတစ်မျိုးအား ၀တ်ဆင်ထားကြသော မိန်းမပျို လေးဒါဇင်ခန့် ၀ိုင်းရံထားသော တလင်းပြင်တစ်ခုအတွင်း ထိုင်နေသည်ကို ကိုယ့်ကိုယ်ကိုယ် တွေ့လိုက်ရသည်။ အိပ်မက်မဟုတ်ကြောင်း သေချာစေရန် မိမိကိုယ်ကို ဆိတ်ကြည့်ချင်စိတ်ကို သူ အနိုင်နိုင် မြိုသိပ်လိုက်ရသည်။

`ဟဲလို´
ဦးခေါင်းမှ ဒဏ်ရာကြောင့် ရီဝေေ၀ဖြစ်နေသည့်ကြားမှ သူက နှုတ်ဆက်လိုက်သည်။
အသက် ၁၈ နှစ်ဝန်းကျင်ခန့်ရှိမည့် ကောင်မလေး တချို့ တလင်းပြင်ကိုဖြတ်ကာ ဘေးနားတစ်ဝိုက်မှ ရွံ့နှင့်ဆောက်ထားသော တဲကလေးများဆီသို့ ပျံသန်းသွားကြ၏။
`ဘုရား ဘုရား´
သူတို့ပျံသွားတဲ့ပုံစံက နတ်သမီးလေးတွေအတိုင်းပါပဲလားဟု သူတွေးလိုက်မိသည်။

အသက် ၂၃ နှစ်ခန့် ရှိဟန်တူသည့် အကြီးဆုံးမိန်းကလေးက ပေ့စ်အား ခြေဆုံးခေါင်းဆုံးကြည့်နေသည်။
`ရှင်က ယောက်ျားလား´ ဟု မေးလိုက်သည်။
`ခင်ဗျား မသိဘူးလား´ တုန်ရင်နေသော အသံကို ကြိုးစားထိန်းချုပ်ရင်း ပေ့စ်က ပြန်ပြောလိုက်သည်။

`လိပ်မျိုးနွယ်တွေနဲ့ ဖြစ်တဲ့ ပဋိပက္ခတစ်ခုမှာ ကျွန်မတို့ရဲ့ ယောက်ျားတွေ အကုန်လုံး သေသွားခဲ့တယ်။ နေဦး ရှင် မမေးနဲ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျွန်မတို့ဟာ ယောက်ျားများများရှိအောင် ဒီတောအုပ်ထဲမှာ ရှာဖွေရင်း အချိန်ကုန်ခဲ့ရတယ်။ ကလေးမွေးတဲ့ကိစ္စအတွက် ကူညီနိုင်အောင်လေ´

ဤအဖြစ်အတွက် နောက်တစ်ခါ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ဆိတ်ကြည့်ပြီး အိပ်မက်လားဟု စမ်းသပ်ရန် မကြိုးစားတော့ဟု ပေ့စ် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
`ဒါဆို ကျွန်တော် ဘယ်တော့ စ,ရမလဲဟင်´
`ရှင် စ,ချင်ရင် အခုချက်ချင်းပဲပေါ့´
ဘယ်ဘက်ရှိ အရပ်ရှည်ရှည် ဆံညိုမလေးက ပြောလိုက်သည်။
ဝမ်းသာလုံးဆို့ကာ ပေ့စ်က သူ့လက်ဖ၀ါးများကို ပွတ်သပ်နေမိသည်။
`ကလေးတွေက ဟိုဘက်မှာ´ ဆံနီမလေးက ဆိုသည်။
ပေ့စ် အနည်းငယ် ကြောင်သွားသည်။
`ကလေးတွေဆိုတာ..´

`ဟုတ်တယ်လေ။ အစတုန်းကတော့ ကျွန်မတို့မှာ ယောက်ျားလေး လုံလုံလောက်လောက် ရှိခဲ့ပါတယ်။ လိင်ကိစ္စအတွက် အားတက်သရောနဲ့ အခမဲ့ ကူညီကြမယ့် ယောက်ျားတွေရှိတဲ့ မျိုးနွယ်စုတွေ ဒီတောထဲမှာ ပြည့်လို့။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ကလေးတွေ မွေးမြူရတာ အရမ်းအလုပ်ရှုပ်ပြီး ကိုယ်တိုင်လုပ်ဖို့ အချိန်မရတော့ဘူး။ ဒါကြောင့် တခြား ဘယ်ယောက်ျားကိုမဆို အဲဒီ ဗာဟီရတွေလုပ်ဖို့ တာဝန်ချထားရတော့တယ်´ ဟု ရွှေရောင်ဆံပင်နှင့် ကောင်မလေးက စိတ်ရှည်လက်ရှည် ရှင်းပြသည်။

ရှေ့ဆုံးမှ ကောင်မလေးက ပေ့စ်လက်မောင်းကို ဆွဲယူလိုက်သည်။
`မပူပါနဲ့။ ထွက်မပြေးဘူးဆိုရင်၊ ကလေးအနှီးလဲတဲ့အလုပ်တွေကိုပဲ စိတ်ပါလက်ပါလုပ်မယ်ဆိုရင် ရှင့် ရှေ့လျှောက်ဘ၀က အဆင်ပြေမှာပါ´
ထို့နောက် သူမက နားမလည်နိုင်ဟန်ဖြင့်…
`ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဆိတ်နေရတာလဲရှင့်..´

(Paul O’Neill Phase in Space အား ဘာသာပြန်ဆိုသည်။)

**တေဇာ (လရောင်လမ်း)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)