**အိန္ဒိယနိုင်ငံ၌ အထည်စက်ရုံမီးလောင် သုံးဦးသေဆုံး၊ ၁၅ ဦးဒဏ်ရာရ**
(နယူးဒေလီ၊ စက်တင်ဘာ ၂၃)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ် သိန်းမြို့မှ အတည်စက်ရုံတစ်ရုံ စက်တင်ဘာ ၂၂ ရက် နံနက်စောစောက မီးလောင်သဖြင့် သုံးဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသွားသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြပါရှိသည်။ စက်ရုံတွင် အလုပ်သမားများ ညဆိုင်းဆင်းနေစဉ် စက်တင်ဘာ ၂၂ ရက် နံနက်စောစောက မီးစတင်လောင်ခြင်းဖြစ်သည်။ စက်ရုံမီးလောင်သဖြင့် ထိခိုက်ဒဏ်ရာရသူများကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိသည်။ (အင်တာနက်)

(One dead, dozens wounded in Russia twin blasts )
**ရုရှားနိုင်ငံ၌ ဗုံးခွဲတိုက်ခိုက်မှု တစ်ဦးသေဆုံး**
(မော်စကို၊ စက်တင်ဘာ ၂၃)
ရှရှားနိုင်ငံ အနောက်တောင်ပိုင်း ဒါချက်စတန်ဒေသတွင် စက်တင်ဘာ ၂၂ ရက် စောစောပိုင်းက ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားစဉ်အတွင်း လူတစ်ဦးသေဆုံးပြီး ၆၁ ဦး ဒဏ်ရာရကြောင်း၊ ဒဏ်ရာရသူအများစုမှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း အီတာတာ့စ်သတင်းဌာနက ကြေညာသည်။ လူတစ်ဦးက မော်တော်ကားအတွင်း လျှို့ဝှက်ထောင်ထားသည့် ဗုံးတစ်လုံးကိုဒါဂျက်စတန်မြို့တော် မာခတ်ကာလ၌ ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲက ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ ရုတ်တရတ်ရောက်ရှိစဉ် ဒုတိယဗုံးဖောက်ခွဲသည်။ အဆိုပါတစ်နေရာတည်း၌ ဗုံးခွဲမှုနှစ်ကြိမ် ဖြစ်ပွားရာတွင် ဒုတိယဗိုလ်မှူးကြီးတစ်ဦး သေဆုံးပြီး လူ ၆၀ ကျော် ဒဏ်ရာရရှိသည်။ (အင်တာနက်)
**စုစည်းဘာသာပြန် - မိုးမြင့်လင်းလက် **

No comments:
Post a Comment