ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 25, 2011

ဘောလုံးနိုင်ငံရေး

>

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည် .. ဦးဇော်ဇော် ဖိတ်ကြား သော မြန်မာ-လာအို ဘောလုံးပွဲ ကို သွားရောက် အားပေး ကြည့် ရှု ခဲ့ - ဆိုသော သတင်း ကြောင့်..အားလုံး လို လို ..အနည်း နဲ့ အများ စိတ်ဝင် တစား မျက်ခုံးချီ မိ သွား ကြ ပေ မည်။

ကျမ လည်း..ချီ မိ ပါသည်။ သို့သော်လည်း.. အတွေး မှတ်ညဏ် ထဲ ကို.. ချက်ခြင်း ဆိုသလို ပြန်လည်
ဝင်ရောက် လာ တဲ့ .. ရုပ်ရှင် ကား ကြီး တခု ကြောင့်..ကျမ မျက်ခုံး တွေ..ပြေလျော့ သွားသလို ရှိပေ တော့၏။

**Invictus နဲ့ တောင်အာဖရိက**
တောင်အာဖရိက နိုင်ငံ ရဲ့.. အခြေအနေ တွေက.. တင်းမာ သ ထက် တင်းမာ လာ နေ သည် မို့.. Apartheid - အသားအရောင် ခွဲခြား တဲ့ စနစ် ကို ဥပဒေ တခု အဖြစ် ကနေ ပယ်ဖျက် ရ ပေ တော့ သည်။ Afrikaners လို့ ခေါ် တဲ့..အဖြူ အုပ်ချုပ်သူ လူတန်းစား တွေ ဘက်က.. အခြေအနေ မှန် ကို နားလည် စွာ.. တထစ် ပြီး တော့.. နှစ်ထစ်..၊ ဒီလို နဲ့..အထစ် တချို့ လျှော့ ပေး လိုက် ရ ပြီ။

**၁၉၉၄ **

၂၇ နှစ်လုံးလုံး.. အကျဉ်း ချ ထား ခံ ခဲ့ ရ တဲ့..လူမဲ ခေါင်းဆောင်ကြီး နယ်လဆင် မန်ဒဲလား ..ရွေးကောက်ပွဲ မှာ..အနိုင် ရ ခဲ့ ပြီ။ တောင်အာဖရိက နိုင်ငံ ရဲ့.. လူမဲ သမ္မတ ကြီး ဖြစ်လာခဲ့ ပြီ။ လူဖြူ တွေ ဘယ်လို တွေး တော ပူပန် ကြ မလဲ..။ သူတို့ တော့..ခံ ရ တော့မယ်..သူတို့ ပိုင်ဆိုင်မူ တွေ..သူတို့ လုပ်ကိုင် နေတဲ့..အဆင့်မြင့် အရာထမ်း အလုပ်တွေ…အဖယ်ရှား ခံ ရ တော့ မယ်.. အပိုင်သိမ်း ခံ ရ တော့ မယ် လို့.. မျှော်လင့် ထားသူ တွေ မရှား ပါဘူး။ အဲဒီ အထဲ မှာ.. အဖြူ တွေ ရဲ့..အသဲစွဲ ကစားနည်း တခု ဖြစ်တဲ့..ရပ်ဘီ ဘော လုံးပွဲ လည်း ပါ ခဲ့ သည် ပေါ့။ အဖြူ တွေ သာ လွှမ်းမိုး ကြီးစိုးနေ တဲ့..အဲဒီ ကစားပွဲ တွေ ကို.. ပြောဆို ပိုင်ခွင့် တွေ ရ လာ ကြ ပြီ ဖြစ် တဲ့..အမဲ တွေ က..ဖျက်သိမ်း ပြစ် ဖို့.. အသံ မြှင့် လာ ကြ သည်။

ရှေ့ နှစ် မှာ အိမ်ရှင် နိုင်ငံ အဖြစ် ကျင်းပ တော့ မဲ့.. ကမ္ဘာ့ ဖလား ခြေစစ် ပွဲ ကို.. လာရောက် ကြည့် ရှု အားပေး တဲ့.. သမ္မတ အသစ်ကြီး မင်ဒဲလား တယောက် လည်း.. တချိန် တုန်း က.. သူ ကိုယ်တိုင် အဲဒီလို တွေး ခဲ့ မိ ဘူး တာ ကို..သတိရ နေ မိ သည်။ ဒါပေမဲ့..အဲဒီ နေ့ မှာ တော့.. အားကောင်း မောင်းသန် ကစား နေ တဲ့.. Springboks ဘောလုံး အသင်း နဲ့ အသင်းခေါင်းဆောင် Pienaar ကို ကြည့် ရင်း..သူ့ အတွေး တွေ ပြောင်းပြန် ဆန့်ထွက် သွား ခဲ့ လေ တော့ သည်။

နောက်တနေ့ မှာ..အသင်းခေါင်းဆောင် Pienaar ကို သူ့ရုံးခန်း မှာ လက်ဖက်ရည် သောက် ဖိတ်ကြား ခဲ့ သည်။ နိုင်ငံ့ ထိပ်တန်း ရပ်ဘီ ဘောလုံး အသင်းကြီး ကို ဖျက်သိမ်း ပြစ်ဖို့ များ လား လို့..မမှန်းဆ တတ်အောင် ဖြစ် နေ တဲ့.. Pienaar ကို..သမ္မတ ကြီး က၊ လက်ဖက် ရည် ကိုယ်တိုင် ဖျော် ပေး ရင်း..နှစ်လိုဖွယ် အပြုံး နဲ့.. Invictus ကဗျာ ကို ရွတ်ဆို ပြ သည်။ ပြီးတဲ့ အခါ မှာ တော့..သူတို့ နှစ်ယောက်.. အပေးအယူ တခု..(သို့) စိမ်ခေါ်ပွဲ တခု ကို.. သဘောတူ လိုက် ကြ သည်။

အဲဒီ နေ့ က စ လို့.. မင်ဒဲလား ရဲ့..ထောက်ခံ အားပေး မူ နဲ့.. Springboks အသင်း ကြီး..တခု လုံး၊ ပိုပြီး လေ့ကျင့် ကြ ရ သည်။ အခြေခံ လူတန်းစား အမဲ တွေ ကြားထဲ မှာ..ပိုပြီး လှုပ် ရှားပြ ရ သည်။ အမဲ တွေ ချည်း ရှိ တဲ့.. မူလတန်း ကျောင်းစုတ်စုတ် ကလေး တွေ ဆီ ကိုလည်း သွားပြီး..ကလေးတွေ နဲ့ ထိတွေ့ သည်။ ဘောလုံး ကစား နည်း တွေ ပြ ပေး သည်။ တသင်း လုံး မှာ အမဲ တယောက် သာ ပါ တဲ့..သူတို့ Springboks အသင်း ကြီး..ဘက်စ် ကားကြီး နဲ့..ကျောင်းကို ရောက်လာ တော့..ခလေး တွေ မှာ.. မိုးပေါ် က..နတ်သား တွေ ကျ လာ သလို..။

နောက်တော့.. မန်ဒဲလား အကျဉ်း ကျ စဉ် နေခဲ့ ရ တဲ့.. Robben ကျွန်းကလေး ကို လည်း.. တသင်း လုံး သွားပြီး ကြည့် ကြ သည်။ အရင်တုန်းက..ပုန်ကန် ထကြွ သူ အမဲ ခေါင်းဆောင် တယောက် အဖြစ်သာ..သူတို့..သိမြင် ကောင်း သိမြင် ထား မိ တဲ့..မန်ဒဲလား ဆိုတဲ့ ပုဂ္ဂိုလ် ကြီး ရဲ့..၂၇ နှစ် လုံးလုံး နေထိုင် ခဲ့ ရ တဲ့ အခန်းကျဉ်း ကလေး က..သူတို့ ရဲ့..နားလည် လက်ခံ မူ တွေ ကို..အများကြီး ပြောင်းလဲ သွား စေ ခဲ့ တော့ သည်။

**၁၉၉၅**

အဲဒီလို နဲ့..ကမ္ဘာ့ ဖလား ရပ်ဘီ ဘောလုံး ပွဲ ကြီး.. တောင်အာဖရိက နိုင်ငံ မှာ .. အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ရ ပြီ။ ဘယ်လိုပဲ ပြောပြော..အဖြူ တွေ ရော..အမဲ တွေပါ.. တလှုပ်ရွရွ..တအား တက်တက်..။ တကယ့် အဖြစ် အပျက် တွေက.. ရုပ်ရှင်ထက် ပင် ဇာတ်လမ်းဆန် လှ တယ် ဆိုတာ..တကယ်ပဲ လား မသိ။

နိုင်ခြေ သိပ် မရှိ လှ ပေမဲ့.. Underdog ဖြစ်နေတဲ့..အိမ်ရှင် တောင်အာဖရိက အသင်း ကြီး က၊ နောက်ဆုံး ဗိုလ်လု ပွဲ ကို တက်လာ တော့.. ပြိုင်ဖက် ကစားရ မှာက..တကမ္ဘာလုံး မှာ ပြိုင်ဖက် ကင်း နေ တဲ့.. နယူးဇီလန် ရဲ့..ကမ္ဘာကျော် All blacks ဆိုတဲ့ အသင်း ကြီးပါ ။ ဆိုပါတော့..ခပ်တိုတို ပြော ရရင်.. သမ္မတ ကြီး မန်ဒဲလား ရဲ့.. အနီးကပ် အားပေး ထောက်ပံ့ မူ အောက်မှာ.. လူသန်ကြီး Pienaar က လည်း ..Springboks အသင်းကြီးကို.. အကြိတ် အနယ် ဦးဆောင် ပြီး ကစား သွား လိုက် တာ.. ပွဲပြီးကာ နီး လေး မှာ.. ကပ်ပြီး..အနိုင် ရ ဗိုလ်စွဲ သွား လေ တော့ သတည်း.... ဆိုတဲ့.. သာမန် ဇာတ်လမ်း လေး ပါ ပဲ။

ဒါပေမဲ့.. တကယ် စိတ်ဝင် စား စရာ ကောင်း တာက..ဒီ ဇာတ်လမ်း လေး က..တကယ့် အဖြစ်မှန် တခု ဖြစ် ခဲ့ တယ် ဆို တာ ပါ။ Springboks အသင်းခေါင်းဆောင် Pienaar ရဲ့.. အတွေ့ အကြုံ တွေ ကို..အခြေခံ ပြီး ရေးသား ထုတ်ဝေ ခဲ့ တဲ့.. Playing the Enemy ဆိုတဲ့.. စာအုပ် ကို နာမယ်ကျော် ဟောလိဝုဒ် ဒါရိုက်တာ ကြီး Clint Eastwood က စိတ်ရှည် လက်ရှည် ပြန်လည် ရိုက်ကူး ထား တာ တဲ့.. စံချိန်မီ ရုပ်ရှင် တကား ပါ ။ ထုံးစံ အတိုင်း သူ့ ရုပ်ရှင် ဟာ.. ဖျော်ဖြေရေး သက်သက် ကြည့်ချင်ပွဲ မျိုး မဟုတ် ပဲ.. လေးလေး နက်နက် နဲ့..တွေးစရာ တွေ ကျန် အောင် ရိုက်ပြ ထား လေ တယ် ။

သရုပ်ဆောင် ပိုင်နိုင် တဲ့.. Morgan Freeman ကြီး ကလည်း တကယ့် Nelson Mandela ကြီး ပါပဲ။ သမ္မတကြီး အဖြစ် နဲ့..ရုံးတက် ရ အောင် ရောက်လာ လာတော့.. စိုးရိမ် သံသယ တွေ နဲ့.. ခပ်တန်းတန်း ဖြစ် နေ ကြ တဲ့.. သမ္မတ ရုံး က..လူဖြူ ၀န်ထမ်း တွေ က စလို့.. လူဖြူ ကိုယ်ရံတော် တွေ အားလုံး ကို.. အပြုံး တခု အောက်မှာ လုံခြုံ သေချာ စေ ခဲ့ သည်။ သူ့ ရဲ့ လူမဲ နောက်လိုက် တွေ .. ပါတီဝင် တွေ.. မကျေ မနပ် ဖြစ် ကြ တဲ့ ကြား ထဲက.. အများစု လူဖြူ ကိုယ်ရံ တော် တွေ နဲ့ပဲ.. စိတ်ချ လက်ချ သွားလာ နေ ထိုင် ပြ ခဲ့ သည်။ ဒီရုပ်ရှင် လေး ထဲ မှာ..ဒါရိုက်တာက.. အလေး ပြေ အောင် ပေါ့ပေါ့ပါးပါး လေး တချို့ ထဲ့ ပေး ထား တဲ့ အထဲ မှာ.. အမြဲ ရန် ဖြစ် နေတဲ့.. ခပ်တုံးတုံး..လူ ဖြူ ကိုယ်ရံ တော် နဲ့.. ခပ်အအ လူမဲ ကိုယ်ရံ တော် ..နှစ်ယောက် ရဲ့.. ဟာသ ခန်းလေး တွေ က လည်း.. အဖြူ အမဲ ဆက်ဆံ ရေး ကို.. ဖွဖွ လေး သရုပ်ဖော် ပေး သွား သေး တယ်။ ပြီး တော့.. ရပ်ဘီ ဘောလုံးကို.. ရူးသွပ် လွန်း လို့.. ကမ္ဘာ့ဖလား ပွဲစဉ် တွေ ကို ၊ ကွင်းထဲ ၀င် မကြည့် နိုင် ပေမဲ့..ကွင်းအပြင် မှာ..ရစ်သီ နေ ခဲ့ ရ တဲ့.. လူဆင်းရဲ အမဲ ကောင် ငယ် ကလေး တယောက် ကို လည်း..ဇာတ်ပို့ အဖြစ်.. သနားစရာ..ပြုံးချင်စရာ ကောင်း အောင် ထဲ့ ထား သေး တယ်။ ဒါလေး ကလည်း.. အခြေခံ လူတန်းစား လူမဲ တွေ ရဲ့.. ဘ၀ သရုပ် တခု ပေါ့။

အကြိုက်ဆုံး ဇာတ်ဝင် ခန်း တခု က တော့.. လူဖြူ အုပ်ချုပ်ရေး ကနေ.. လူမဲ အုပ်ချုပ်ရေး ကို အပြောင်းလဲ ကြီး ပြောင်းလဲ လာ စ .. နိုင်ငံရေး ပေါ်လစီ ရေး တွေ ရှုပ်ထွေး နေ တဲ့.. အစည်း အဝေး ခန်းမ တခု ထဲ မှာ..မန်ဒဲလား တယောက် .. သူ့ရဲ့..ရပ်ဘီ ဘောလုံး နိုင်ငံရေး ကိုသာ..စိတ် တွေ ရောက် ပြီး..ဘာမှ စိတ်မ၀င်စား နိုင်.. ဖြစ်နေ တာ လေးပါ။ အဲဒီ အချိန်မှာ..သူ့ လက်ထောက် တယောက်က.. အစည်းအဝေး ခန်းမ ထဲကို ၀င်လာပြီး၊ ပွဲကောင်းနေ ပြီ လို့..အနားကပ် တိုးတိုးလေး ပြော လာ တော့ ၊ ကျန်တဲ့သူ တွေ ကို ပြုံးပြုံးကြီး နဲ့.. ခွင့်တောင်း ပြီး..အစည်းအဝေး ခန်းမ ထဲက.. ထွက်ပြီး .. တီဗွီ ရှေ့ ရောက် သွား တဲ့ အခန်း လေး ပါ။

အဖြူ- အမဲ.. ခွဲခြားမူ ကနေ.. အမဲ- အဖြူ မုန်းတီးမူ ဆို ပြီး.. အကွဲ တခု ကနေ.. နောက်ထပ် အဟ တခု ကို သွားနေ တဲ့.. သိပ်ကို အရေးကြီး နေတဲ့ နိုင်ငံရေး ရေချိန် တခု မှာ.. မန်ဒဲလား တယောက်.. ရပ်ဘီ ဘောလုံး ပွဲ ကို၊ အာရုံ ရောက် နေတာ ကို..ဘယ်သူ မှ နားမလည် နိုင် ခဲ့ ပေ။

အများစု လူမဲ ပရိသတ် က.. ကိုယ့်နိုင်ငံ အသင်း ကို အားမပေးပဲ.. တခြား နိုင်ငံ အသင်း တွေ ကို ချည်း ဖိအားပေး နေ တာ ကြောင့်.. အစောပိုင်း ပွဲ စဉ် တချို့ အခြေအနေ သိပ် မကောင်း နေ လေ တော့.. မန်ဒဲလား နဲ့.. Pienaar တို့ နှစ်ယောက် ၊ အနိုင်မခံ စိတ်ဓါတ် ကို သာ..ကြိတ်ပြီး.. မြှင့်တင် ရင်း.. ရင်တမမ နဲ့ ရှိ နေ ခဲ့ ကြ သည်။ နောက်ဆုံး ဗိုလ်လုပွဲ နေ့ မှာ တော့.. လူဖြူ တွေ က.. အကြမ်းဖက် သီချင်း လို့.. စွပ်စွဲ ပြီး..လက်မခံ နိုင်.. လိုက်မဆို နိုင် ဖြစ်နေခဲ့ တဲ့..တောင်အာဖရိက နိုင်ငံတော် သီချင်း အသစ် ကို..Springboks အသင်း က.. ကွင်းထဲမှာ..ပထမ ဆုံး စ ဆို လိုက် တော့... လူမဲ တွေရဲ့ အားပေး သံ တွေ.. ဘ၀ဂ် ညံ သွား ခဲ့ သည်။
-
တကယ် တော့.. ဘောလုံးပွဲ ကြီး တခု အပေါ် ကို.. ယိုဖိတ် စီးကျ လာတဲ့.. တိုင်းပြည်ချစ် စိတ် တွေက.. အားကစား ကွင်းကြီး ထဲ မှာ..လွင့်ပျံ့ နေခဲ့ တဲ့ ..အ၀ါ -အပြာ-အစိမ်း -အနီ-အဖြူ ..ငါးရောင်ခြယ် အာဖရိက အလံ တော် ကို.. တရောင် တည်း ခြယ်စေ ခဲ့ တာပါ။ အိမ်တိုင်း ရွာတိုင်း က..တီဗွီ ဖန်သားပြင် ရှေ့ မှာ..ထိုင်ကြည့် နေ ကြ တဲ့.. လူဖြူ လူမဲ အလွှာ မျိုးစုံ ကို လည်း.. ( ဟေးးးး ) လို့..တသားတည်း တသံ တည်း .. မြည်ကျွေး စေ ခဲ့ တာ ပါ။ သမ္မတကြီး နယ်လဆင် မန်ဒဲလား က .. ဘောလုံး နိုင်ငံရေး ကို လှလှ ပပ ကစားပြ သွား ခဲ့ တာပါ။

အခု လည်း.. ဒေါ်အောင်ဆန်းစု ကြည် က..မြန်မာ နိုင်ငံ ရဲ့.. ကွဲပြား ခြားနား နေ တဲ့.. လူထု လူတန်းစား တွေ ထဲ မှာ.. ဘောလုံး နိုင်ငံရေး ကို.. ကစား စေ ချင် လေ သလား.. ကျမ တို့ အသေအချာ တော့..မပြော နိုင် ပါ။ တောင်အာဖရိက နဲ့.. မြန်မာ ၊ အခြေ အနေ တွေ က လည်း.. ထပ်တူ တော့ မကျ နိုင် ပါ။ ပါဝင် ကစား ကြမဲ့ ..လူတွေ ခြင်း လည်း နှိုင်းယှဉ် လို့ တော့ မဖြစ်နိုင်ပါ။

သေချာ တာ ကတော့.. ကျမ တို့အားလုံး .. ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို.. အသေအချာ ယုံကြည် လေးစား လျက် ပင်။

..

**ကေ**
၁၅ စက်တင်ဘာ ၂၀၁၁
http://kthwe.blogspot.com/

htar* htar*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)