ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 25, 2011

ဇာတိမာန်

>
မန္တလေးသည် ကျွန်မ၏ ငယ်အိပ်မက်ဖြစ်ပါသည်။ မန္တလေး ဆိုတာကို ကြားလိုက်ရသည်နှင့် ဆွေမျိုးရင်းချာကို တွေ့ရသလို ကျွန်မရင်မှာ နွေးထွေးလှိုက်ခုန်ပြီးသား ရင်းနှီးချစ်ခင်ပြီးသား ဖြစ်နေခဲ့သည်။

ဘာလို့လဲဆိုတော့ ကျွန်မက မန္တလေးသူလေ။ မန္တလေးက ကျွန်မရဲ့ ဇာတိချက်မြှုပ်။
ငယ်ငယ်ကတော့ မန္တလေးသူ စစ်စစ်တွေလို စကားပြောရင် "ကျွန်တော် ကျွန်တော်" နှင့် ထည့်ပြောတတ်ခဲ့၏။ အရွယ်ရလာတော့ အလုပ်ထဲမှာ လူကြီးတွေနှင့်ဆက်ဆံရာမှာ အဆင်ပြေစေဖို့ "ကျွန်တော်" နေရာမှာ "ကျွန်မ" နာမ်စားကို သုံးရင်း အကျင့်ဖြစ်သွားခဲ့ပြီ။

သို့ပေမယ့် အခုချိန်ထိ ရွယ်တူ မတိမ်းမယိမ်း သင့်တော်ရာအခြေအနေမှာ "ကျွန်တော်"လို့ ပြောမိသည့်အခါ ပြောမိဆဲ။ ဇာတိမပျောက်သည့် သဘောလေးတွေပေါ့။

တချို့က "အံမယ်... မန္တလေးသူလားဟ" ဟု စသလို နောက်သလို ပြောလိုက်ရင်လည်း ကျွန်မက ကျေနပ်ညွတ်နူးမိမြဲ။

"တကယ့်ကို မန္တလေးသူအစစ်ပါရှင်"လို့ အံ့သြသလို ဖြစ်သွားသည့်သူတွေကို မျက်နှာလေးမော်ပြီး ပြုံးပြရတာ ဂုဏ်ယူမြဲ။

သို့ပေမယ့် ကျွန်မ မန္တလေးကို တစ်ခါမျှ မရောက်ဖူးပါ။ သည်လိုပြောလျှင် မိတ်ဆွေတချို့က ရယ်မောကြပါသည်။ "ဘုရားစူး... မန္တလေးသူပေါ့" ဟု စကြ၏။

ကျွန်မမွေးပြီးခါစ လသားအရွယ်မှာပင် မိဘတွေက တာဝန်ကျရာ မန္တလေးမြို့ကြီးဆီမှ တခြားနယ်မြို့တမြို့ကို ပြောင်းရွှေ့မိတ်ကျလာသည်မို့ မန္တလေးနှင့်ကျွန်မ အဲဒီအချိန်ကတည်းက ဝေးခဲ့ရသည်။
ဖေဖေနှင့်မေမေက အစိုးရ၀န်ထမ်းပီပီ နယ်တကာလှည့်လည် ရွှေ့ပြောင်းနေရလေတော့ ကျွန်မ၏ ဇာတိချက်ကြွေ မန္တလေးမြေကို ခြေဦးပြန်မလှည့်အားတော့။

ဘယ်မြို့ဘယ်နယ်ရောက်ရောက် `သမီးက မန္တလေးသူမို့ အသားမည်းတာပေါ့´ ဟု မိသားစုထဲမှာ အသားနည်းနည်းညိုသည့် ကျွန်မကို မေမေအမြဲစနေကျ စကားလေးက ကိုယ့်ကိုယ်ကိုယ် မန္တလေးသူဆိုပြီး ပညတ်စွဲစေခဲ့၏။ `မန္တလေး´ ကို မမြင်ဖူးပေမယ့် သံယောဇဉ်ထူးကဲစေခဲ့သည်။ မန္တလေးနှင့်ကျွန်မက တသားတည်းဟု စွဲမှတ်စေခဲ့သည်။

သည်လိုနှင့် `မန္တလေး´ `မန္တလေး´ ဟု နှလုံးသားထဲမှာ ရေရွတ်နေရင်းနှင့် မိဘများနှင့်အတူ ကချင်တောင်တန်းတွေပေါ်ကလည်း ပြန်လာခဲ့ပြီ၊ မြစ်ဝကျွန်းပေါ် သောင်ခုံတွေပေါ်ကိုလည်း ကူးဖြတ်ခဲ့ပြီ၊ မြေပြန့်လွင်ပြင်တွေကိုလည်း ဖြတ်သန်းပြီးပြီ။

သို့ပေမယ့် အနီးအပါးကသာ ပွတ်ကာသီကာဖြတ်သွားရပေမယ့် ကျွန်မအရွယ်ရောက်လာသည်အထိ မန္တလေးကို မရောက်ဖူးခဲ့သေးပါ။ မိဘများက အလုပ်တဖက်နှင့် မအားလပ်သလို ကျွန်မကလည်း ရောက်ဖူးချင်သည့် စိတ်ဆန္ဒ ပြင်းပြပေမယ့် တယောက်တည်း ခရီးသွားနိုင်မည့် အရွယ်မတိုင်သေး။

နောက်ဆုံးတော့ မိဘများ ပင်စင်ယူ အခြေချသည့် မြေလတ်မြို့ကလေးမှာ မန္တလေးနှင့် သိပ်မဝေးလှသလို သိပ်တော့လည်း မနီးလှ။ `မန္တလေးမှာ အခြေမချဘူးလား မေမေ´ ဟု ဇာတိစွဲသံယောဇဉ်နှင့် ပြောမိသော ကျွန်မကို မေမေက ခေါင်းလေးအသာပုတ်က `ရေကြည်ရာ မြက်နုရာပေါ့သမီးရယ်´ ဟု ဖြေခဲ့၏။

ကျွန်မ မန္တလေးကို မရောက်ဖူးဘဲနှင့် လွမ်းပါသည်။ မေမေတို့ အခြေချသော မြေလတ်မြို့လေးမှာလည်း မပျော်ပါ။

အဲသည်မှာ မန္တလေးကို အလွမ်းပြေစေဖို့ မြေလတ်မြို့ကလေးမှာ အနေပျော်စေဖို့ မန္တလေးသားတစ်ယောက် ကျွန်မနားကို ရောက်အောင်ပို့ပေးလိုက်သော ကံကြမ္မာကို ကျွန်မကျေးဇူးတင်ရတော့၏။

`မန္တလေးက ပြောင်းလာတဲ့ မန္တလေးသား´ ဆိုသည်နှင့် ကျွန်မရင်မှာ နွေးပြီးသား။

ကျွန်မကလည်း `မန္တလေးသူ´ ဆိုတော့ သူကလည်း မျက်လုံးများ အရောင်လက်လာကာ ငယ်ပေါင်းကြီးဖော်ပမာ နားလည်မှုတွေကိုယ်စီနှင့် ရင်ခုန်သံတူညီသွားတော့၏။

ကျွန်မမရောက်ဖူးသည့် မန္တလေးအကြောင်းတွေ သူက ပြောပြသည်။ နန်းရှေ့မှာနေသည့် သူက နန်းတွင်းမှ စက်ဘီးဖြတ်စီးကာ ကျောင်းသွားတက်သည့်အကြောင်း၊ ရေနီမြောင်းမှာ ရေအကူးကောင်းလို့ ရေနစ်မလိုဖြစ်ခဲ့သည့် အကြောင်း၊ ဦးပိန်တံတားနားမှ မယ်ဇယ်ပင်တန်းအကြောင်း လွမ်းလောက်အောင် သူပြောပြသည်။

အံ့သြစရာကောင်းသည်က မန္တလေးသားက ခွဲခွာလာခါစ မန္တလေးကို မလွမ်းလှဘဲ ကျွန်မရှိရာ မြေလတ်မြို့ကလေးမှာ ပျော်သည်တဲ့။ ချစ်သူရှိရာ မြေမို့တဲ့။ ကျွန်မ မယုံပါ။

ကျွန်မကတော့ ချစ်သူရောက်လာပေမယ့် မန္တလေးကိုသာ လွမ်းပါသည်။ ချစ်သူလာခဲ့ရာလမ်းကိုသာ မျှော်မှန်းနေပါသည်။ ကျွန်မအစွဲအလမ်း ကြီးလွန်းနေသည်လား။ မန္တလေးသားနှင့် ချစ်သူဖြစ်ကာမှ မန္တလေးကို ပိုလို့ပင် တသလာပါသည်။

သူကတော့ အနုပညာထွန်းကားရာ ယဉ်ကျေးမှုရှင်သန်ရာမြေမှ လာသူမို့လားမသိ။ စကားပြော နူးညံ့ယဉ်ကျေး၍ ဂစ်တာအတီးလည်း အလွန်ကောင်းပါသည်။ အပျော်တမ်း တီးဝိုင်းတစ်ခု ဦးဆောင်ဖွဲ့စည်းကာ တီးခတ်တော့လည်း ( အဲသည်တုန်းက မြို့ကလေးမှာ မင်္ဂလာဆောင်တိုင်း တီးဝိုင်းပါတတ်သည်မို့) အလွန်အောင်မြင်ခဲ့၏။

ကျွန်မသူနှင့် လက်ထပ်ပြီးတော့လည်း သူ့တီးဝိုင်းပေါ်တက်ကာ အပျော်တမ်းအဆိုတော်လုပ်၊ မင်္ဂလာဆောင်များ၊ ရပ်ကွက်ပွဲများ လိုက်ဆိုနှင့် ပျော်စရာအလွန်ကောင်းပါသည်။
သို့ပေမယ့် ကျွန်မ မန္တလေးကို မမေ့ပါ။ သူနှင့်အတူ မန္တလေးသွားဖို့သာ မျှော်လင့်နေပါသည်။

ဖြစ်ချင်တော့ သူ့မိဘတွေကလည်း ကျွန်မတို့ မြို့ကလေးမှာ အခြေချနေပြီ။ ဘိုးဘွားများကလည်း ရန်ကုန်ကို ပြောင်းရွှေ့တာကြာခဲ့ပြီ။ ဦးလေး အဒေါ်များကလည်း ရန်ကုန်မှာ အခြေချကုန်တာ များသည်။ မန္တလေးမှာ ဆွေပြမျိုးပြ လည်ပတ်စရာ အရင်းအချာတွေမရှိတော့။

သို့ဖြစ် မန္တလေးနှင့်ကျွန်မ ဝေးမြဲဝေးနေခဲ့ပါသည်။

ငယ်ရွယ်တက်ကြွသည့်အရွယ်မို့ ဇွတ်သွားချင်လှပေမယ့် အဲသည်တုန်းက ကျွန်မတို့မှာ အခြေအနေ မပေးခဲ့ပါ။ စီးပွားရေးကလည်း တူနှစ်ကိုယ်ဘ၀မှာ ထူထောင်ရုန်းကန်ခါစ။ ဆည်းလည်းလေးတွေ အိမ်မှာ ချိတ်ဆွဲမိတော့လည်း သူတို့လေးတွေကို ပြုစုပျိုးထောင်ဖို့ အချိန်ပေးရနှင့် မန္တလေးသားနှင့် ရခါမှ မန္တလေးက ကျွန်မဘ၀ခပ်ဝေးဝေးတွင် မှုန်ပျပျဖြစ်နေခဲ့ရသည်။

သို့ပေမယ့် ကျွန်မနှလုံးသားထဲကတော့ ထွက်ခွာမသွားပါ လွမ်းမြဲလွမ်းဆဲသာ ဖြစ်ပါ၏။ `တနေ့တလံ ပုဂံဘယ်ပြေးမလဲ´ဆိုသလိုပေါ့။ `တနေ့တစ်ခါ စိတ်ကူး၊ မန္တလေးမဝေးလောက်တော့ဘူး´ ဟုပဲ အားတင်းရပါတော့သည်။

-----
မဝေးတော့သည့် ထိုတစ်နေ့သည် တကယ်တမ်းရောက်လာတော့လည်း ဖျတ်ခနဲ လျင်မြန်စွာ ကျော်လွှားလွန်မြောက်သွားတော့မည်သာ။

မန္တလေးကို ကျွန်မရောက်လာခဲ့ပြီ။ ကျွန်မ မွေးရပ်မြေ၊ ကျွန်မ ဇာတိ၊ ကျွန်မ၏ ချက်မြှုပ်။

ကျွန်မ ကြက်သီးမြမြထရင်း ကျုံးလေကို အားရပါးရ ရှူသည်။ မန္တလေးသား ကျွန်မခင်ပွန်းသည်၏ ဆိုင်ကယ်နော်ကမှာထိုင်ရင်း မန္တလေးကို ရင်ခုန်ကြည်နူးသည်။

ခုတော့ မန္တလေးကို ကျွန်မတကယ်ရောက်ခဲ့ပြီဖြစ်သည်။ မြို့ကလေးမှ ရန်ကုန်၊ ရန်ကုန် မှ မန္တလေးသို့ ကျွန်မတို့မိသားစု လေးယောက်အပြင် ကျွန်မခင်ပွန်း၏ မိဘမောင်နှမများပါ အလည်အပတ် ခရီးထွက်လာကြခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် မန္တလေးမရောက်ဖူးသော မန္တလေးသူ ကျွန်မကို မန္တလေးလိုက်ပို့ ကြခြင်းပင်။

မန္တလေးကို မမှတ်မိခင် ခွဲခွာလာရသည်မှာ သုံးဆယ့်ရှစ်နှစ်ရှိခါမှ မန္တလေးကို ရောက်ရတော့သည်။ မန္တလေးရောက်ရောက်ချင်း တည်းခိုမည့်အိမ်မှာ ခရီးဆောင်အိတ်များ ချပြီးသည်နှင့် ကျွန်မက ခရီးမပန်းဘဲ တက်ကြွနေ၏။ ခင်ပွန်းကလည်း အလိုက်တသိ ဆိုင်ကယ်ငှားကာ နှစ်ယောက်သားထွက်ဖို့ပြင်သည်။

လူကြီးတွေက `ဟဲ့... နားကြဦးလေ။ ခရီးပန်းလာတဲ့ဟာ။ မနက်ကျတော့ တစ်မြို့လုံးအနှံ့ ပို့ပေးမှာပဲ´ ဟုပြောလည်း အမျိုးသားက ရယ်ကျဲကျဲနှင့် `ဒီနားလေးတင်ပါ´ ဟုပြောပြီး ထွက်ခဲ့ကြ၏။ သားနှင့်သမီးကို ချော့မော့ဖျောင်းဖျပြီး အဒေါ်တွေနှင့် ထားခဲ့ရသည်။

`ကိုဇာနည်က မန္တလေးမရောက်တာ အနှစ်နှစ်ဆယ်ကျော်ပြီ မဟုတ်လား။ မန္တလေးက အရင်တုန်းကလို မဟုတ်တော့ဘူးနော်။ ဆိုင်ကယ်တွေနဲ့ လမ်းအရမ်းရှုပ်တယ်။ သတိထားသွားဦး။ မျက်စိလည်နေဦးမယ်´ ဟုလည်း အိမ်ရှင်က သတိပေးသေး၏။

တကယ်တမ်း လမ်းမပေါ်ရောက်လာတော့လည်း သူက မျက်စိလည်နေသလိုလို စမ်းတ၀ါးဝါး။
`အိမ်တွေက ပုံစံပြောင်းသွားပြီကွ။ အသစ်တွေဖြစ်ကုန်ပြီ´ တဲ့။
`ဘယ်သွားမလို့လဲ´ လို့ ကျွန်မမေးတော့လည်း ရေရေရာရာ မဖြေ။

မန္တလေးအကြောင်းပြုပြီး သံယောဇဉ်ဖွဲ့တည်ခဲ့ကြစဉ် ယခင်ရည်းစားဘ၀တုန်းကတော့ မန္တလေးရောက်ရင် စက်ဘီးရှေ့ဘားတန်းမှာ တင်စီးမည်ဟု သူပြောခဲ့ဖူးတာ သတိရ၏။ မန္တလေးက တခြားမြို့တွေလိုမဟုတ်။ ယောက်ျားစီးဘီး၏ ရှေ့ဘားတန်းတွင် ချစ်သူမိန်းကလေးကို တင်စီးကြသည်တဲ့။

အခုတော့ စက်ဘီးထက် ဆိုင်ကယ်တွေ ပိုတွင်ကျယ်နေသောခေတ်မို့ စက်ဘီးစီးသူပင် သိပ်မတွေ့ရတော့။ လမ်းပေါ်မှာ ဆိုင်ကယ်တွေသာ နေရာအပြည့်ယူနေတော့သည်။ ဒီတော့ စက်ဘီးဘားတန်းရှေ့တင်စီးမည့် သူ့အစီအစဉ်ကလည်း အချိန်ကာလရွေ့လျောကာ ပျက်ပြယ်သွားရပြီ။

မျက်စိလည်နေသလို ဟိုဝင်ဒီထွက်နှင့် လိုရာမရောက်ဖြစ်နေသော သူ့နောက်မှ လိုက်ပါလာရပေမယ့် ကျွန်မ စိုးစဉ်းမျှ စိတ်မပူပါ။ ဒါ ကျွန်မရဲ့ ဇာတိမြေလေ။ အသိအကျွမ်းတယောက်မှ မရှိပေမယ့် ကိုယ့်ကိုယ်ကိုယ် မန္တလေးသူဆိုပြီး တမြို့လုံးနှင့် ဆွေမျိုးတော်သလို လုံခြုံမိသည်မှာ အံ့သြစရာ။
သည်လိုနှင့် `ဒါ ကိုတို့နေခဲ့တဲ့ အိမ်´ ဆိုပြီး နန်းရှေ့ကျုံးရေပြင်ကြီးကို ဘွားခနဲတွေ့လိုက်ရပါတော့သည်။ သူနေခဲ့သည့် အိမ်လေးကို သူငေးနေစဉ် ကျွန်မက ကျုံးရေပြင်ကြီးကို မျှော်ရင်း ရင်တလှပ်လှပ်ခုန်နေပါသည်။
ရောက်ပြီ။ ရောက်ပြီ။ ကျွန်မရောက်ချင်လှသည့် ဇာတိမြေကို ရောက်နေပြီ။ မနက်ဖြန် ဘုရားစုံဖူးမည်။ မယ်ဇယ်ပင်တန်းဆီ သွားမည်။ နန်းတွင်းထဲ လှည့်လည်ကြည့်ရှုမည်။ မန္တလေးတောင် စစ်ကိုင်းတောင် နေရာအနှံ့သွားဦးမည်။

`ကိုက မရောက်တာကြာပေမယ့် လမ်းတွေမှတ်မိသေးသားပဲနော်´
ကျွန်မက ချီးကျူးတော့ သူက ဟက်ခနဲရယ်သွမ်းသွေး၏။

`သိပ်တော့လည်း အထင်မကြီးနဲ့ဦး။ ပထမတော့ လမ်းတွေ တိုက်တွေက ပုံစံပြောင်းနေလို့ မျက်စိလည်ချင်နေတာ။ ဒါပေမယ့် ဒီနန်းတော်ကြီးနဲ့ ကျုံးကြီးရှိနေသရွေ့ကတော့ ဘာတွေ ဘယ်လောက်ပြောင်းပြောင်း မျက်စိမှိတ်ပြီးတောင် ဆိုင်ကယ်ကို မောင်းဦးတော့ ဒီနေရာကိုတော့ ကိုရောက်အောင် လာနိုင်တယ်ကွ´

သူက ဇာတိမာန်တက်ကြွလှသော အသံနှင့် အပြောမှာ ကျွန်မကလည်း ကြက်သီးတဖြန်းဖြန်းနှင့် သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်မိပါသည်။

နန်းတော်ကြီးက ကျုံးတစ်ဖက်မှာ တည်ငြိမ်ကျက်သရေရှိစွာ တိတ်တိတ်ဆိတ်ဆိတ်။
ကျွန်မတို့ ဆိုင်ကယ်လေးကတော့ ကျုံးနံဘေးမှာ တရိပ်ရိပ်။

-------

**ဝေ(စီးပွားရေးတက္ကသိုလ်)**
မဟေသီမဂ္ဂဇင်း (၂၀၁၁ခုနှစ် မတ်လ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)