**တီဗက်ဇ် မန်စီးတီး၌သာ ဆက်ရှိနေမည်**
(မန်ချက်စတာ၊ စက်တင်ဘာ ၁၆)
မန်စီးတီးနည်းပြ မန်စီနီက ၄င်းတို့အသင်း၏ တိုက်စစ်မှူးကားလို့စ်တီဗက်ဇ်မှာ ပုံမှန်ပွဲထွက်ခွင့်မရသော်လည်း အသင်း၌သာ ဆက်လက်ရှိ နေမည်ဖြစ်ကြောင်း အခိုင်အမာဆိုသည်။ ထို့အပြင် ၄င်းက တီဗက်ဇ်အနေဖြင့် အနာဂတ်ကာလတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိလာနိုင်ကြောင်း၊ သို့သော်ယခုလက်ရှိတွင်မှု ဒီဇီကိုနှင့် အဂူရိုတို့မှာ ယခင်ကပ္ပတိန်ဟောင်း တီဗက်ဇ်ထက်စာလျှင် အကောင်းဆုံးအနေအထားတွင်ရှိနေကြောင်းဆိုသည်။ ယခုအအချိန်တွင် အသင်း၌ တီဗက်ဇ်ထက် ပိုမိုကောင်းမွန်အောင် ကစားနိုင်သည့် ကစားသမား အမြောက်အမြားရှိနေကြောင်း၊ အကယ်၍ တီဗက်ဇ်အနေဖြင့် ပိုမိုကောင်းမွန်အောင် ကစားနိုင်ပါက အရန်ခုံတွင် ထိုင်နေရခြင်းမှ လွတ်ကင်းကာ ပွဲထွက်ကစားရမည်ဖြစ်ကြောင်း မန်စီနီက ထပ်လောင်းပြောကြားလိုက်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment