**ဆောင်းကုံကုမံအပွင့်များ ကင်ဆာရောဂါကုထုံးများအတွက် အခြေခံပရဆေးဖြစ်လာနိုင်**
(လန်ဒန်၊ စက်တင်ဘာ ၁၅)
ကင်ဆာရောဂါကထုံးများ ပိုမိုရောက်စေရေးအတါက် ဆောင်းကုံကုမံခေါ်အပင်မျိုးစိတ်များ၏ ဆေးဖက်ဝင်အာနိသင်ကို ထိန်းချုပ်အသုံးပြု၍ ရနိုင်ဖွယ်ရှိကြောင်း ဗြိတိသျှသိပ္ပံပညာရှင်များက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။ ဆောင်းကုံကုမံအပွင့်များမှရရှိသော ဆေးဖက်ဝင်အာနိသင်များအား အခြေခံထုတ်ဖော်ထားသည့် ကင်ဆာရောဂါကုထုံးသစ်ကို လက်တွေ့ကျကျ စတင်စမ်းသပ်အသုံးပြုရန် ဆေးပညာရှင်သုတေသီများက သဘောတူညီခဲ့ကြကြောင်း သိရသည်။ အဆောင်းကုံကုမံအပွင့်များအား အခြေခံသော Colchicine အမည်ရှိ ကင်ဆာရောဂါကုထုံးသည် ကင်ဆာရောဂါအမျိုးမျိုး၊ အထူးသဖြင့် အကျိတ်ကင်ဆာရောဂါများဖြစ်ပွားမှုအရှိန်ကို နှေးကွေးစေပြီး လုံးလုံးလျားလျား အပျောက်ကင်းစေနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသည်။ ဗြိတိသျှမျိုးရင်းဆောင်းကုံကုမံအပင်များကို မီးလောင်နာများ ကုသရာတွင် အသုံးပြုနိုင်သော ပရဆေးပင်များအဖြစ် ရှေးခေတ်ဆေးကျမ်းများ၌ ရည်ညွှ်းဖော်ပြသည်။ ဆောင်းကုံကုမံပင်များ၌ ကင်ဆာရောဂါတိုက်ဖျက်နိုင်သော အာနိသင်အပါအ၀င် အခြားသော ဆေးဖက်ဆိုင်ရာ ဂုဏ်သတ္တိများရှိသည့် Colchincine ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးပါဝင်သည်။ သို့ရာတွင် Colchicine ဓာတုဒြပ်ပေါင်းသည် လူ့ခန္ဓာကိုယ်၏ အခြားသော တစ်သျှူးအစိတ်အပိုင်းများအား အဆိပ်သင့်နိုင်စွမ်းရှိသောကြောင့် ယင်းအပင်များအား ဆေးဘက်ဆိုင်ရာ ကုထုံးအဖြစ် အသုံးပြုမှုကို ကန့်သတ်ထားသည်။ ဗြိတိန်နိုင်ငံ ဘရက်ဖို့ဒ်တက္ကသိုလ် ကင်ဆာကုထုံးများဆိုင်ရာဌာနက Colchi – Cine မော်လီကျူးများ ကင်ဆာအဖုအကျိတ်များအတွင်း ပျံ့နှံရောက်ရှိပြီး ခန္ဓာကိုယ်အတွင်း တုံ့ပြန်ဓာတ်ပြုမှုမဖြစ်ပေါ်စေရန် ပြောင်းလဲဖန်တီးခဲ့သည်။ (အင်တာနက်)
**ကျောရိုးချင်းဆက် အမြွာကလေးနှစ်ဦးကို အောင်မြင်စွာ သီးခြားစီ ခွဲထုတ်ပေးနိုင်**
(မန်ဖစ်၊ စက်တင်ဘာ ၁၅)
အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှ ကျောရိုးချင်းဆက် အမြွာကလေးနှစ်ဦးကို ၁၃ နာရီကြာ ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ပြီးနောက် အောင်မြင်စွာ ခွဲထုတ်ပေးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက် သတင်းများတွင် ဖော်ပြသည်။ ရှစ်လသားအရွယ် ကျောရိုးချင်းဆက်အမြွာနှစ်ဦးမှာ ဂျိုရှပါနှင့် ဂျက်ကော့စပတ်ဟု၌ အသီးသီးအမည်ရှိ ရှစ်လသားအရွယ်ကလေးများ ဖြစ်ကြသည်။ အဆိုပါကလေးနှစ်ဦးသည် မန်းဖစ်မြို့ရှိ ဆေးရုံတစ်ရုံ၌ စက်တင်ဘာ ၁၄ ရက်မှစ၍ နာလန်ထူလာပြီဖြစ်သည်။ သြဂုတ် ၂၉ ရက်တွင် အမြွာကလေးနှစ်ဦးကို ခွဲထုတ်ပေးနိုင်ရန် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့သည်။ ကလေးခွဲစိတ် ကုသမှုဆရာဝန်ကြီးများ ၃၄ ဦးပါဝင်သော အဖွဲ့က အမြွာကလေးနှစ်ဦး၏ ကျောရိုး၊ အာရုံကြောများနှင့် ကြွက်သားများကို သီးခြားစီခွဲထုတ်ပေးခဲ့ပြီး အူလမ်းကြောင်းဆိုင်ရာ ပြုပြင်မှုများကို ပြုလုပ်ပေးခဲ့သည်။
(ဆင်ဟွာ)
**သွေးအစားထိုးကုသမှုခံရသူ အိန္ဒိယကလေးများ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရ**
(အမီဒါဘတ်ဒ်၊ စက်တင်ဘာ ၁၅)
အိန္ဒိယနိုင်ငံ အစိုးရဆေးရုံတစ်ရုံ၌ သွေးအစားထိုး ကုသမှု ခံယူနေရသော ရောဂါသည် ကလေးအနည်းဆုံး ၂၃ ဦးတို့သည် ခုခံအားကျဆင်းမှုရောဂါ ဗိုင်းရပ်စ်ပိုး(အိတ်ခ်ျအိုင်ဗွီ) ကူးစက်ခံခဲ့ရခြင်းကြောင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း အိန္ဒိယအာဏာပိုင်များက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသော ကလေးများသည် အသက်ငါးနှစ်မှ ၁၀ နှစ်အကြား အရွယ်များဖြစ်ကြသည်။ ၄င်းကလေးငယ်များသည် အချိန်မှတ် သွေးအစားထိုးကုသရန် လိုအပ်သော ရှားပါးရောဂါတစ်မျိုးဖြစ်သည့် မျိုးရိုးဗီဇဖောက်လွဲဖောက်ပြန်ဖြစ်မှုရောဂါ ခံစားနေရသူများဖြစ်ကြသည်။ အဆိုပါ ကလေးများသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဂျူနာဂါးခရိုင်ရှိ ပြည်သူ့ဆေးရုံတစ်ရုံ၌ သွေးအစားထိုးကုသမှုခံယူခဲ့ရသူများဖြစ်ကြောင်း ၄င်းတို့၏ မိဘမောင်ဖားများက ပြောကြားခဲ့သည်။ အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ကလေး ၂၃ ဦးလုံးသည် ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအကြား ကာလအတွင်း သွေးအစားထိုးကုသမှု ခံယူခဲ့ရသူများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ဟန်သစ်

No comments:
Post a Comment