ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, September 9, 2011

ကွဲအက် ခေါင်းလောင်းသံ ....

>

" ဆရာမ ... ဆရာမ ...."
ကလေးငယ်များ၏ အထိန့်အလန့် အော်ခေါ်သံကို ကြားလိုက်ရ၏။
" ဆ ရာ မ .... မဂွမ်းပုံလေး ဆုံးသွားပြီ ဆ ရာ မ ..."
" ဟင် ... ဘယ်လိုဖြစ်တာလဲ ....."
အံ့သြတုန်လှုပ်ခြင်း များစွာဖြင့် .. မှင်သက်နေမိလိုက်သည်။
ရေးကြီး သုတ်ပြာ နှင့်ပင် တပည့် ကလေးများကို ဆိုလိုက်မိသည်။
" လာ ... လာ ... ဂွမ်းပုံလေးတို့ အိမ်ကို သွားကြရအောင် ..."
ကျွန်မ နှင့် တပည့် ကလေးငယ် များ၏ ကြေကွဲ ၀မ်းနဲမှု ၊ ပူဆွေးသောကရောက်မှု ၊ တုန်လှုပ်မှုတွေကြောင့်ပင်ထင်သည်။
နှုတ် ဆိတ် ငြိမ်သက်စွာဖြင့် ကျွန်မတို့ အုပ်စု ရွာတောင်ပိုင်းရှိ တပည့်မလေး မဂွမ်းပုံအိမ်သို့ သုတ်ခြေတင်လိုက်ကြသည်။

ရွာမှ လူ အများ အပြားပင် ရောက်နေကြပြီ ဖြစ်သည်။
ကျယ်လောင်စွာ လူးလိမ့် ငိုကြွေးနေသည့် မိခင်ဖြစ်သူ၏ အသံ ကို ကြားလိုက်ရသည်။
" သမီးလေးရယ် .... ဖြစ်မှ ဖြစ်ရလေ... အမေ့သမီးလေးရယ် ....
သံစူးလို့ မေးခိုင်ပိုးဝင်ပြီး သေရသတဲ့ တော်ရေ ... အမေသာ ဖြစ်လိုက်ပါတော့ သမီးရယ်...."
သေဆုံးသူ သမီးငယ်ကို ဖက်၍ ရှိုက်ကြီးတငင် ငိုကြွေးနေသော မိခင်ကို တွေ့လိုက်ရသည်။
မိခင် အနားသို့ သွားကာ နှစ်သိမ့် စကားပြောဖို့ မဆိုထားနှင့် ကျွန်မသည် စိတ်မထိန်းနိုင်၍ လိုက်ပါ ငိုကြွေး မိပါသည် ။
" ဆရာမလေးရေ ..... သမီးကို ခေါ်ပေးပါအုံး .... သမီးကို ခေါ်လို့ မရတော့ဘူး ....."
ကျွန်မကိုလည်းဖက် သမီးငယ်လေးကိုလည်းဖက်၍ ပြောလည်းပြော ငိုလည်းငို မယ်ပဓါမြေလူး ရှိုက်ကြီးတငင်
ငိုကြွေးနေပါတော့သည်။ တပည့်မလေး၏ မျက်နှာကို ကြည့်လိုက်တော့ ..... ဖြူရော်ရော် မျက်နှာ ...
နှုတ်ခမ်းကလေးက မပွင့် တစ်ပွင့်.... အပြစ် ကင်းစင်သည့် ရုပ်သွင်ပြင် နှင့် ......
သြော် .... ငါ့ တပည့်မ တစ်ခုခုများ ပြောချင်နေတာများလား ......
အကြည့်ကိုလွှဲ . . . ကျွန်မ နှလုံးအိမ်မှာတော့ ရင်ခုန်သံမြန်စဲ .....စီးကျသည့် မျက်ရည်များလည်း တသဲသဲ ....
စိတ်ထဲမှာလည်း ၀မ်းနည်းလို့မဆုံး .... ကလေးရယ် စောစောစီးစီး လောကကြီးကို စွန့်ခွားသွားရတယ်လို့ကွယ် ...
လိုက်ပါလာကြသည့် အတန်းဖော် ကလေးငယ်များကို ကြည့်လိုက်တော့ သူတို့ကလေးတွေလဲ ငိုကြွေးနေကြပါလား ...
တပည့်ကလေးများကို နှစ်သိမ့် ... ကျွန်မ မျက်လုံးအိမ်မှ မျက်ရည်စများကို သုပ်ရင်း နာရေးအိမ်မှ ပြန်လာခဲ့ကြပါသည်။

ညက အတွေးနယ်လွန်၍ အိပ်ယာဝင် နောက်ကျခဲ့ပါသည်။ အတွေးနယ်တွင်လည်း တပည့်မကလေး မဂွမ်းပုံ
က လွှမ်းမိုးလို့သာနေသည်။ မှေးကနဲ့ တချက် အိပ်ပျော်လိုက်ပြီး ဆူညံသည့် အသံများကြား၍ လန့်နိုးမိသည်။
အော်.... မိုးတောင် စင်စင် လင်းပါရော့လား ....
အိမ်တခါးအဖွင့်မှာ တပည့်ကလေးများက လွမ်းသူ့ပန်းခွေလေးကိုင်၍ ငိုင်နေကြသည်ကို တွေ့လိုက်ရသည်။
ပန်းကလေးတွေက အဖိုးတန်ပန်း နှင်းဆီ ၊ သစ်ခွ များ မဟုတ်ကြ ....ခြံစည်းရိုးတွေမှာ အလွယ်တကူတွေ့ရသည့်..
သောကပန်း၊ ပုံနရိတ်ပန်း၊ဇီဇ၀ါပန်းတွေ နှင့် လုပ်ထားတဲ့ လွမ်းသူ့ပန်းခွေလေး.....
ပန်းခွေအလယ်မှာက..... စတုတ္ထတန်း ကျောင်းသား/သူများ ၏ လွမ်း သူ့ ပန်း ခွေ ....
ဖြူစင်လိုက်တဲ့ ကလေးတွေ....သူ့တို့ သူငယ်ချင်းအတွက် ....
သူငယ်ချင်းရဲ့ နောက်ဆုံးခရီးအတွက် .... အမှတ်တရလေးပါလား ...

နောင် . .. ဝေ ... ဝေ ... ဝေ ....
နာရေး၏ ကြေးစည်သံ က ကျွန်မ နားအတွင်းသို့ စူးရှုစွာ ၀င်လာပါသည်။ ကျယ်လောင်လှသည်ဟုပင် ထင်မိသည်။
ထင်ရူးသား ခေါင်းသေတ္တာ ဘေးနားမှာ ပြောနေကြသည့် ရွာသူ/သားများ ၏ တီးတိုးပြောသံ .....
" ဖိနပ်မပါပဲသွားလို့ ... သံစူးပြီး မေးခိုင်ပိုးဝင် သေတာ တဲ့ တော်ရေ ....."
" ဘုန်းတော်ကြီးတွေ ကြွလာပြီဟေ့ ... "
ဝိုင်းဝန်း ကူညီ လုပ်ကိုင် ပေးနေကြသည့် ရပ်ရွာ လူကြီးများ၏ အသံ ......
အကြော်သည် အမေလုပ်သူ ၏ ဆူးနှစ် သည့် အော်ဟစ် ငိုကြွေးသံ ....
လှုပ် လှုပ် ရှား ရှား ရုတ် ရုတ် သဲ သဲ နှင့် ထင်ရူးသား ခေါင်းသေတ္တာလေးကို ၀ိုင်းဝန်းထမ်းပိုးနေကြသည့် မြင်ကွင်း
ကျွန်မ မျက်ဝန်းအိမ်တွင်တော့ မျက်ရည်များဝဲ ၍ေ၀၀ါးနောက်ကျိ နေပါသည်။
ကြေကွဲ စို့နင်စွာ နှင့် လေးလံသောခြေလှမ်းများကို လှမ်းရင်း ရွာ အနောက်ဖက် သချိုင်းဇရပ်ကို ရောက်ခဲ့ပါသည်။

ရှိုက်သံ နှင့် အတူ ၀တ္ထုငွေ လှူနေသည့် ပုံရိပ် ... သရဏဂုံတင်ကြတော့မှာပါလား ...
" ကန်တော့ကြရအောင် .... သီလယူကြရအောင် ..."
ရွာလူကြီးရဲ့ ဆော်သြသံ အပြီး ဆရာတော်ဘုရားက သီလပေးနေချိန်တွင် ကျွန်မ၏ အတွေးအာရုံထဲတွင်တော့
သရဏံဂုံတင်နေသည်ကို စိတ်မ၀င်စားမိပါ .... ငါးပါးသီလပေးနေသည်ကိုပင် သတိမထားမိလိုက်နိုင်တော့ပါ....
သောက များစွာ နှင့်ပင် သေသွားရှာသည့် တပည့်မလေး မဂွမ်းပုံကိုသာ စဉ်းစားနေမိပါသည်။
အော် .... မိဘကို ကူတဲ့သမီးလေး ... သူ့မိသားစု အပူတွေကို ယူခဲ့တဲ့သမီးလေး ...ကျောင်းလာပြီး ခဲတံမပါတဲ့သမီးလေး...
စာအုပ်တောင် ယူမလာနိုင်တဲ့သမီးလေး ... ပိုက်ဆံကောက်ရင် အလှူငွေ မထည့်နိုင်တဲ့သမီးလေး...
အခုတော့ သမီးလေး .... တပည့်မလေး. မဂွမ်းပုံ ... ဒုက္ခအပူတွေ ငြိမ်းခဲ့ပါရော့လား .....
ဘ၀တစ်ခြားကို ကူးသွားပါရောလား ....
ရောက်တတ်ရာရာ အတွေးနယ်ချဲ့ရင်း ကျွန်မ၏ အတွေးအာရုံများ ဗျာများနေစဉ်မှာပင် သရဏဂုံတင်ပြီး သွားပါသည်။

ရွာဓလေ့ ထုံးစံ အရ အခေါင်းကို ပိတ် မြေမြုပ် ကြရပါတော့မည်။
" သမီးလေးကို မြေမြုပ် မပြစ်ကြပါနဲ့ " ဟု မိခင်ဖြစ်သူ၏ တောင်ပန်တိုးလျိုးသံ ... မိခင်ဖြစ်သူ၏
" သမီးရေ .. သမီးလေးရေ ..." ဟု တစာစာ အော်ဟစ် ထင်ရူးသား ခေါင်းသေတ္တာ ပေါ်တွင် အုပ်မိုး
မယ်ပဓါမြေလူး မြေကြီးပေါ်မှာ လိမ့်ငိုတာတွေ့ လိုက်ရသည်။
ကျွန်မသည်လည်း ...ယူကြုံးမရ ....တပည့်မကလေး၏ မျက်နှာကို နောက်ဆုံး တစ်ချက်လှမ်းကြည့်လိုက်သည်။
ဖြစ်မှ ဖြစ်ရလေ သမီးရေ ....
မနက်ဖြန် ကျောင်းတက်ရင် ဟိုး နောက်ဆုံးခုန် ဒေါင့်မှာ သမီးကို တွေ့ရမှာ မဟုတ်တော့ဘူး ..
ကျောင်းခေါ်ချိန်ခေါ်တဲ့ အချိန်ကြလို့ချင်လဲ သမီးလေး မဂွမ်းပုံ နာမည်ကို ... ဆရာမ ကျော် ခေါ်ရတော့မှာပဲ..
စာစစ်တဲ့ အချိန်မှာလဲ .. လေ့ကျင့်ခန်း စာအုပ်တစ်အုပ်တော့ လျော့နေတော့မှာပဲ..
ဘယ်တော့မှ ကျောင်းစာမတော်လို့ အပစ်ပေးခံရတဲ့ .... ခုန်ပေါ် မတ်တပ်ရပ်ခဲ့တဲ့ ငါ့တပည့် .
နောင်ဘယ်ဘ၀ရောက်ရောက် ဒီအပြစ်တွေကို ဆရာမ တပည့်မလေး .. မခံပါရစေနဲ့တော့ ...
ဒီဘ၀ ဒီမျှနဲ့သာ ကျေပါစေတော့ကွယ် ဟု တုန်ရီနေသည့် နှုတ်ခမ်းသားမှ တိုးတီးစွာ ဆုတောင်းမိလိုက်ပါသည်။

တုန်ရင် အက်ကွဲနေသည့် ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။
အမိန့်ပြန်တမ်းဖတ်သည့် ကျောင်းအုပ်ဆရာကြီး၏ အသံ ဖြစ်သည်။
" မင်းနဲ့... ဒီကျောင်းနဲ့ ... ဘာမှ မပတ်သက်တော့ဘူး ... မင်းသွားလိုရာကို သွားနိုင်ပါပြီ.."
ကျောင်းအုပ်ဆရာကြီး ၏ အသံ မဆုံးခင်မှာပဲ မြေကိုဖို့ လိုက်ကြပါတော့သည်။
တပည့်မလေး မဂွမ်းပုံ ၏ ဘ၀သည်လည်း ဒီဘ၀ ဒီခန္ဓာ မြေချရပါတော့မည်။
ကျွန်မ၏ အတွေးအာရုံထဲတွင်တော့ .....
မနက်ဖြန် ကျောင်းတက် ခေါင်းလောင်း လှုပ်လိုက်သည့် အချိန်တွင် ကျောင်းခေါင်းလောင်းသံ ချိုချိုမြမြနဲ့
သမီး သူငယ်ချင်းတွေ ... ပျော်ရွှင်မြူးတူးစွာ ကျောင်းတက်တဲ့ မြင်ကွင်း ဆရာမ မြင်ရပါတော့မလား ..
ကျောင်းဆင်းရင်လည်း ခေါင်းလောင်းသံက သမီး သူငယ်ချင်းတွေ ...ပျော်မြူးဆင်းသွားကြတာ တွေ့ရပါ့မလား ..
ဆရာမ လှုပ်လိုက်တဲ့ ခေါင်းလောင်းသံဟာလည်း ချို မှာ မဟုတ်တော့ပါဘူး ..... အက် နေ တော့ မှာ ပါ ပဲ ..
စိတ်နှလုံး မသာမယာ အတွေးများစွာနှင့် ......
တပည့်မလေး မဂွမ်းပုံတစ်ယောက် ... ကောင်းရာ ဘုံဘ၀ရောက်ပါစေဟု ... တောင်းဆုချွေရင်း ...

လေးစားစွာဖြင့်....
ဥယျာဉ်ထဲက ပန်းတစ်ပွင့် ...

ကျွန်တော်တို့ ရပ်ဝန်းမှာ အဲဒီလို ဖိနပ်မစီးနိုင်တဲ့ စတုတ္ထတန်း ကျောင်းသားလေးတွေ ဘယ်လောက်များ များနေမလဲ...
ဖိနပ်မပါလို့ သံစုးခဲ့ရင် မေးခိုင်ရောဂါ ၀င်တတ်တယ်လို့ မသိတဲ့ အမေတွေ ဘယ်လောက်များ များနေမလဲ...
သိခဲ့ရင်တောင်မှ ကာကွယ်ဆေး မထိုးနိုင်တဲ့သူတွေ ဘယ်လောက်များ ရှိနေမလဲ.. ဆို တာ တွေး ဆ ရင်း

.......

(ဆရာမ မအိ၏ ကဗျာ.. ဆရာ မောင်စိန်ဝင်း၏ အတွေး... ကျွန်တော် ပြန်လည် ခံစား ဆန်းသစ် ရေးဖွဲ့မိပါသည်)

**tint soe**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)