ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 28, 2011

အလုပ်လုပ်ခြင်း နှင့်ခံနိုင်ရည်ရှိခြင်း

>
( ၁ )
ကျွန်တော် ငယ်ငယ်တုန်းက သစ်ပင်တွေ တဖြည်းဖြည်းရှည်လျားလာတာကို ကြည့်ပြီး တအံ့တသြဖြစ်ဖူးတယ်။
" ဒီ သစ်ပင်တွေဟာ ငါမမြင်လိုက်ရပဲ ဘယ်အချိန်ကများရှည်သွားတာပါလိမ့် "
တစ်နေ့လုံး သစ်ပင်တစ်ပင်ရဲ့ ရှေ့တည့်တည့်မှာထိုင်ပြီး မျက်တောင်မခတ်ပဲငေးကြည့်နေခဲ့ဖူးတယ်။
သစ်ပင်ရဲ့ အမြင့်ထိပ်ဖျားကရှည်ထွက်လာတာကို မြင်ချင်လို့။
ဒါပေမယ့် မြင်ခွင့်မရခဲ့ပါဘူး။
နောက် ..... အသက်ကြီးလာမှ သိရတယ်။
သစ်ပင်တွေဟာ ညဘက်ကျမှ ရှည်ထွက်တာ ... တဲ့။သြစတြေးလျကဒေါက်တာ ဟွန်ဇာလက်(စ်)ဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်က သုတေသန ပြုထားတာပါ။
သစ်ပင်တွေဟာ ည (၉) နာရီကနေ မနက် (၆) နာရီအတွင်းမှာပဲ ရှည်လျား ဆန့်ထွက်ကြတယ် ... တဲ့။
အတိအကျ ပြောရရင် ညဦးပိုင်း အချိန်မှာ၁၀% ကြီးထွားကြပြီး၊ ကျန်တဲ့၉၀% ကတော့ ညဥ့်နက်ပိုင်းမှောင်နေတဲ့အချိန်ကျမှ ရှည်လျား ဆန့်ထွက်လာကြတာလို့ ဆိုပါတယ်။

သစ်ပင်တွေဟာ လူမြင်သူမြင် အလင်းရောင်ရတဲ့နေ့အချိန်မွန်းတည့်ကနေ ညနေ (၆) နာရီ အတွင်းမှာတော့ရပ်တန့် အနားယူကြပါသတဲ့။ ( သစ်ပင်တွေမှာလည်း အလုပ်လုပ်ချိန်နဲ့ အနားယူချိန်ဆိုပြီးခွဲခြားထားတာကိုး.... လို့ ကျွန်တော် တွေးလိုက်မိတယ် )
အဲဒီ အတွေးလေးကို ကျွန်တော်က ချစ်သူကိုပြောပြမိပါတယ်။ နောက်ပြီး ကျွန်တော်က မေးလိုက်တယ်။
" သစ်ပင်တွေဟာ ဘာဖြစ်လို့ လူတွေအိပ်တဲ့ အချိန်ကျမှအလုပ်လုပ်ကြလဲ မသိဘူးနော် "
ကျွန်တော့် မေးခွန်းကြောင့် သူမက ရယ်မောတယ်။ပြီးတော့.. နောက်သလို ပြောင်သလိုနဲ့ပြန်ဖြေပါတယ်။
" သူတို့ အလုပ်လုပ်နေတာကို လူတွေမြင်ရင်တစ်နည်းနည်းနဲ့ကြံဖန်ပြီး ကဲ့ရဲ့ပြစ်တင်မှာစိုးလို့ဖြစ်မှာပေါ့ "
သူမရဲ့ အဖြေကြောင့် ကျွန်တော်ခေါင်းကိုစိတ်ပျက်လက်ပျက်ခါယမ်းမိတယ်။ ပြီးတော့ .....
ဘာကြောင့်မှန်း မသိဘူး။ ကျွန်တော် ခေါင်းညိတ်ဖြစ်သွားတယ်။
ဟုတ်တယ်.....။

ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ " အလုပ်လုပ်တဲ့သူ " ဟာ (တစ်နည်းမဟုတ်တစ်နည်းနဲ့) ကဲ့ရဲ့ ဝေဖန်ခံရတာကိုပဲ အမြဲတွေ့ရတယ်။ ဘယ်တော့မှ အပြစ်လွတ်တယ်လို့ မရှိဘူး။ လူတွေအားလုံးက အဲဒီ(အလုပ်လုပ်နေတဲ့) လူကိုတစ်ခုခုဝေဖန်ဖို့ အမြဲစောင့်ကြည့်နေကြသလိုပဲ မဟုတ်ဘူးလား.....။တစ်ခုခုမှားယွင်းသွားလို့ကတော့ ရစရာမရှိအောင်အပြောခံရပြီသာမှတ်ပေတော့ပဲ။ ( တစ်ခုခု ကောင်းသွား
ရင်လည်း အကဲ့ရဲ့ကတော့ မလွတ်ပါဘူး )
" အလုပ်လုပ် တဲ့သူ " အတွက် ဆုလာဘ်ဟာ ဒါမျိုးလား ???

( ၂ )
ကျွန်တော် အခုပြောချင်တာက " အလုပ် ဟူသမျှ ဂုဏ်ရှိစွ "ဆိုတဲ့ကိစ္စပါ။အလုပ်လုပ်တဲ့လူဟာ အပြစ်တင်စရာ ရှိလာရင်လည်းခံရတယ်။ကဲ့ရဲ့စရာပေါ်လာရင်လည်း ခံရတယ်။ပင်ပန်းစရာ ရှိတော့လည်း ဒီလူပဲ။ဒါဖြင့်.....အလုပ်လုပ်တဲ့လူဟာ ဘာဂုဏ်ရှိသလဲ။
ဒီနေရာမှာလည်း " ဂုဏ် " ဆိုတာ ဘာလဲ ? လို့ထပ်ပြီးမေးစရာ ရှိလာပြန်ပါတယ်။
လူအတော်များများကတော့ ဂုဏ်ဆိုတာ ကြွားဝါစရာ တစ်ခုလို၊ လူလုံးပြစရာ အဆင်တန်ဆာတစ်ခုလို ...၊နာမည်ကျော် ကုန်ပစ္စည်း အမှတ်တံဆိပ်လို သဘောထားနေကြတာပါ။
သင့်အနေနဲ့သဘောမတူရင် ငြင်းခုံနိုင်ပါတယ်။ဒါပေမယ့်ကျွန်တော်ဥပမာလေးတစ်ခု ပြောပြပါရစေဦး။အရပ်ထဲမှာ သူသူငါငါ ပြောနေတဲ့ စကားလေးတစ်ခွန်းပါ။
" ကျွန်မ သမီးလေးကတော့ ဘွဲ့ရပြီးပြီ။ မိန်းကလေးဆိုတော့တခြားအလုပ်လည်း မသင့်တော်တာနဲ့
ကျောင်းဆရာမပဲ ၀င်လုပ်ခိုင်းလိုက်တော့တယ်။ ကျောင်းဆရာမဆိုတော့ဂုဏ်ရှိတာပေါ့”
ဒီစကားအတိုင်း အတိအကျ မဟုတ်တာတောင် အလားတူအဓိပ္ပာယ်ရတဲ့ စကားမျိုးတွေကို သင့်
ပတ်ဝန်းကျင်မှာလည်း ကြားကောင်းကြားဖူးပါလိမ့်မယ်။

" ဂုဏ်ရှိဖို့"ဆိုတဲ့ရည်ရွယ်ချက်ကိုအဓိကထားပြီးကျောင်းဆရာမအလုပ်ကို ရွေးချယ်ခဲ့တဲ့မိန်းကလေး
ဟာ တကယ်တမ်း “ဆရာမ” .....ဖြစ်လာတဲ့အခါ တာဝန်ကျေပွန်နိုင်ပါ့မလား ? ကျောင်းသား တွေ
အပေါ်တကယ်စေတနာ ထားနိုင်ပါ့မလား ? သူ့ဘ၀ကို " စာသင်ကြားခြင်း " အလုပ်ထဲ ဘယ်လောက်ထိနှစ်မြုပ်နိုင်ပါ့မလဲ .....
ဘယ်လောက်ထိအနစ်နာခံပြီး စိတ်ပါလက်ပါအားသွန်ခွန်စိုက် လုပ်ကိုင်နိုင်ပါ့မလဲ ..... ။
နိုင်ငံတစ်နိုင်ငံအတွက် " ကျောင်းဆရာမ " တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ သဘောမပေါက် နားမလည်ဘဲနဲ့ " ဂုဏ်ရှိရုံသက်သက် "ကျောင်းဆရာမ ၀င်လုပ်တဲ့ မိန်းမတစ်ယောက်ကြောင့် ရာပေါင်း ထောင်ပေါင်းများစွာသောကျောင်းသားတွေရဲ့ ဘ၀လမ်းကြောင်းမှာ နစ်နာစရာဒဏ်ရာတွေရသွားမှာကို တွေးကြည့်ရင် ကြောက်စရာ ကောင်းပါတယ်။
( ၃ )
ကျွန်တော်တို့ဆီမှာ လူအတော်များများဟာ " အလုပ် " ကို ရွေးချယ်ရာမှာ အ၀တ်အစားဝယ်သလောက်တောင် ဂရုမစိုက်ပဲ ဖြစ်ကတတ်ဆန်း ရွေးချယ်ကြတာကို သတိထားမိပါတယ်။
ကိုယ်လုပ်မယ့် အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ ?
ကိုယ့်ပင်ကိုယ်စိတ်နေ ကိုယ်ထားသဘာဝနဲ့ ကိုက်ညီရဲ့လား ?
ဒီအလုပ်အပေါ်မှာ ကိုယ်ဘယ်လောက်ထိ စေတနာထားအားစိုက်ပြီး လုပ်နိုင်မှာလဲ ?
ဒီအလုပ်အတွက် ကိုယ့်ဘ၀တစ်ခုလုံးကို နှစ်မြုပ်နိုင်ရဲ့လား ? .... စသဖြင့်အပြန်ပြန်အလှန်လှန်
စဉ်းစားသင့်ပါတယ်။ ( ကိုယ်နဲ့ အလုပ်နဲ့ နေရာလွဲနေပြီဆိုရင်.....သူ့ဘက် ကိုယ့်ဘက် နှစ်ဖက်စလုံးမှာနစ်နာစရာတွေအများကြီးဖြစ်လာမှာကိုး )
ကျွန်တော့် သူငယ်ချင်းမိန်းကလေးတစ်ယောက်ဆိုရင် ဘွဲ့ရပြီးတဲ့အပြင် ဒီပလိုမာသင်တန်းတွေတက်၊ကွန်ပျုတာ၊ စာရင်းကိုင်၊ အင်္ဂလိပ်စာ၊ ပြင်သစ်စာ၊ တရုတ်စာ၊ စီမန်ခံခွဲမှု ..... စတဲ့ ဘာညာဘာညာသင်တန်းတွေ အကုန်တက် အောင်လက်မှတ်တွေ တစ်ပြုံကြီး ကိုင်ထားပါတယ်။ပြီးတော့ ..... အလုပ်လစ်လပ်ကြောင်းကြော်ငြာမှန်သမျှကို စုံတကာစေ့အောင် လိုက်လျှောက်တော့တာပါပဲ။ အဲဒီလိုဦးတည်ချက် ပီပီပြင်ပြင်မရှိပဲရွေးချယ်ထားတဲ့ အလုပ်တစ်ခုကနေ ဘယ်လို " ဂုဏ် "မျိုးရနိုင်မှာတဲ့လဲ ?
( ၄ )
အ၀တ်အစား လှလှပပ ၀တ်ပြီး ချွေးမထွက်ရပဲသက်သောင့်သက်သာ နေကောင်းနေရပါလိမ့်မယ်။
ဒါပေမယ့်အဲဒါဟာဂုဏ်မဟုတ်ပါဘူး။လစာငွေကောင်းကောင်းခံစားခွင့်ကောင်းကောင်းရချင်ရပါလိမ့်မယ်။အဲဒါဟာလည်း ဂုဏ် မဟုတ်ပါဘူး။ အဆင်တန်ဆာတွေပဲ ဖြစ်ကြပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းကအမေက ပြောဖူးတယ်။
" ငါ့သား ..... စာကြိုးစား။ ပညာတတ်ရင် သူများရဲ့ချေးတွေသေးတွေမကိုင်ရဘူး " တဲ့။
ကျွန်တော်လည်း ကြိုးစားတာပါပဲ။ အခုကျွန်တော်ဆရာဝန်လည်း ဖြစ်လာရော လူနာတွေရဲ့ ချေးတွေသေးတွေ အပြင် ပြည်ပုပ်သွေးပုပ်တွေပါ ကိုင်နေရတော့တယ်။
ကျေးဇူးပြုပြီး.....မရယ်ပါနဲ့။
ဒါဖြင့် ..... " ဂုဏ် " ဆိုတာဘာလဲ ???
(၁) ကျွန်တော်တို့ဟာ ( တခြားတိုက်တွန်းမှုတွေ၊သွေးဆောင်ဖြားယောင်းမှုတွေမပါပဲ ) ကိုယ်စိတ်ပါ
လက်ပါအားသွန်ခွန်စိုက်နဲ့စေတနာအပြည့်လုပ်ဖို့ ရည်ရွယ်ပြီး " အလုပ် " တစ်ခုကို သိစိတ်ရှိရှိ
ရွေးချယ်ရမယ်။
(၂) အဲဒီလိုရွေးချယ်လုပ်ကိုင်နေရင်းကပဲ ... ဝေဖန်မှုတွေ၊ ကဲ့ရဲ့မှုတွေကို ခံရမယ်။ အပြစ်ဒဏ်
တွေကိုလည်းခံရမယ်။ ပုံပြင်ထဲကနွားလို ပင်ပန်းစရာရှိရင်လည်း မညည်းမညူခံနိုင်ရည်ရှိရမယ်။
(၃) အဲဒီလို ခံနိုင်ရည် ရှိခြင်းသည်ပင်လျှင် " လူသား " ဆိုတဲ့မှတ်ကျောက်တင် စစ်ဆေးခြင်းကို
ဖြတ်သန်းအောင်မြင်သော " ဂုဏ် " ဖြစ်တယ် ..... လို့ ကျွန်တော်ပြောချင်ပါတယ်။

**မင်းခိုက်စိုးစန်**

-- From- ** Nwe Ni**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)