ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 28, 2011

လူထုကျန်းမာရေး (ကိုယ်အလေးချိန် လျှော့ချနည်း အမှားများ )

>
**Public Health**

ရိုးစင်းတဲ့ ကိုယ်အလေးချိန် လျှော့ချ နည်းတွေဟာ နည်းလမ်းမမှန်ရင် လက်ရှိ ကိုယ်အလေးချိန်ကိုတောင်မှ ပိုများလာ နိုင်ပါတယ်။
(၁) ရက်တို အစာလျှော့ချနည်းသုံးခြင်း
ကိုယ်အလေးချိန် လျှော့ကျချင်လွန်းတဲ့ စိတ်ကြောင့် ရက်တို အစာလျှော့ချနည်းကို သုံးကောင်းသုံးမိနိုင်ပါတယ်။ နေ့တိုင်း အသီးအရွက် စွပ်ပြုတ်ပဲ သောက်ပြီးတော့ လျှော့ချတဲ့နည်းဟာ ကိုယ်အလေးချိန် ကိုတော့ လျော့ကျနိုင်ပါတယ်။
ဒါပေမယ့် အဲဒီအစာလျှော့ချတဲ့ရက် ပြီးဆုံးသွားလို့ ပုံမှန်အတိုင်း အစာပြန်စားတဲ့အခါ ခန္ဓာကိုယ်ဟာ အရင်ကထက် ကယ်လိုရီလောင်ကျွမ်းနှုန်း ပိုနှေးသွားတဲ့အတွက် ကိုယ်အလေးချိန် မြန်မြန်တက်လာ နိုင်ပါတယ်။
(၂) နံနက်စာမစားဘဲ နေခြင်း
နံနက်စာ မစားဘဲနေတာဟာ ကယ်လိုရီဖြတ်တောက်နိုင်တဲ့ ရိုးစင်းတဲ့ နည်းလမ်းတစ်ရပ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် နံနက်စာ မစားဘဲနေလိုက်ရင် တစ်နေ့လုံးဆာလောင်မှုကို ပိုမိုခံစားရပြီး နေ့လည်စာကို အလွန်အကျွံ စားမိသွားစေနိုင်ပါတယ်။
အသားဓာတ်နဲ့ အမျှင်ဓာတ်များပြားစွာ ပါဝင်တဲ့ နံနက်စာကို စားပေးတာဟာ တစ်နေ့တာလုံးမှာ ဖြစ်ပေါ်တတ်တဲ့ ဆာလောင်မှုကို လျှော့ချပေးနိုင်ပါတယ်။

နံနက်စာ စားလေ့ ရှိသူတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းပေး ထားနိုင်ကြောင်း လေ့လာမှုတွေက သက်သေပြထားပြီးသားပါ။

(၃) ရေနည်းနည်းပဲ သောက်ခြင်း
ရေဟာ ခန္ဓာကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းရာမှာ မရှိမဖြစ် အရေးပါပါတယ်။ ရေဓာတ်ခန်းခြောက်နေရင် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု နှေးသွားပြီး ကိုယ်အလေးချိန် လျော့ကျဖို့ရာ နှေးကွေးသွားတတ်ပါတယ်။
ဒါကြောင့် သုတေသနတွေအရ တစ်နေ့မှာ ရေရှစ်ဖန်ခွက်နဲ့အထက် သောက်တဲ့အရွယ် ရောက်သူတွေဟာ ရေသောက်နည်းသူတွေထက် ကယ်လိုရီလောင်ကျွမ်းမှု ပိုများကြောင်း သိရပါတယ်။ အစာစားတိုင်းနဲ့ သရေစာစားတိုင်း ရေသောက်ပေးပါ။

(၄) သရေစာ မစားဘဲနေခြင်း
နေ့စဉ် အစားအသောက်ကို နည်းနည်းနဲ့ မကြာခဏစားပြီး သရေစာကို အနည်းငယ် စားပေးတာဟာ ဆာလောင်မှုကို ပိုမိုထိန်းချုပ်နိုင်ပြီး ကိုယ်အလေးချိန် လျှော့ကျ စေပါတယ်။ သရေစာစားတာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေတာ ကြောင့်ပါ။ သရေစာစားတဲ့အခါ ပရိုတင်းဓာတ်ပေါကြွယ်ဝတဲ့ အခွံမာသီးတွေကိုသာ စားသင့်ပါတယ်။
(၅) နို့နှင့် နို့ထွက်ပစ္စည်း ရှောင်ခြင်း
နွားနို့၊ ဒိန်ခဲနဲ့ ဒိန်ချဉ်စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်တာဟာ ကိုယ်အလေးချိန် လျှော့ချသူတွေအတွက် မလုပ်သင့်တဲ့ အပြုအမူပါ။ နို့နဲ့နို့ထွက်ပစ္စည်းကနေ ကယ်လ်စီယမ် အလုံအလောက် ရရှိတဲ့အခါ အဆီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။ နို့နဲ့နို့ထွက် ပစ္စည်းတွေ မှီဝဲတဲ့အခါ အဆီမပါတဲ့ ဒါမှမဟုတ် အဆီပါဝင်မှု နည်းတဲ့အစားကို ရွေးချယ် စားသုံးပါ။
(၆) နေ့တိုင်း ပေါင်ချိန်ခြင်း
နေ့စဉ်နေ့တိုင်း ပေါင်ချိန်တာဟာ ဘာအကျိုးကျေးဇူးမှ မရတဲ့အပြင် ကိုယ်အလေးချိန် မကျတဲ့ အတွက်လည်း စိတ်ဓာတ်ကျသွားနိုင်ပါတယ်။ သင့်ရဲ့ရည်ရွယ်ချက်က တစ်ပတ်မှာ ကိုယ်အလေးချိန် တစ်ပေါင်ကျဖို့ဆိုရင် တစ်ပတ်ကြာ ကိုယ်အလေးချိန်လျှော့ချပြီးမှ ပေါင်ချိန်ကြည့်ပါ။
(၇) အားကစား မလုပ်ခြင်း
ကိုယ်အလေးချိန် လျှော့ကျဖို့ရာမှာ အစားအသောက်ထိန်းခြင်းနဲ့ အားကစားပြုလုပ်ခြင်း ဆိုတဲ့ အခြေခံဘဝနေထိုင်မှု ပုံစံနှစ်ရပ် လိုအပ်ပါတယ်။ အားကစား မလုပ်ဘူးဆိုရင်တော့ ကိုယ်အလေးချိန်လျှော့ကျဖို့ရာအတွက် အစားအသောက်ပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။

အစားအသောက်တစ်ခုတည်းနဲ့ ကိုယ်အလေးချိန်လျှော့ချတာက ကျန်းမာရေးအတွက် ကောင်းတဲ့ဝိတ်လျှော့နည်းတော့ မဟုတ်ပါဘူး။ ကိုယ်လက်လှုပ်ရှားမှုကို စိတ်ပါလက်ပါ ပြုလုပ်ပြီး အစားအသောက်ကို ထိန်းကာ ဝိတ်လျှော့တာဟာ ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို သွယ်လျကြည့်ကောင်းစေပါတယ်။

Ref : Good Health

**မေမွန်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)