
ဝံပုလွေလာဆင် နေထိုင်တဲ့ တောအုပ်။
သစ်တစ်ပင်ခုတ် အချုပ်သုံးလ ဆိုတဲ့
ဥပဒေသတွေနဲ့ တောအုပ်။
တောမကျွမ်းသူတွေ လမ်းပျောက်
တောခြောက်တတ်တဲ့ တောအုပ်။
တောကြောင်တွေ လက်ခမောင်းခတ်ကောင်းအောင်
တောမီး လောင်လောင်နေတဲ့ တောအုပ်။
အရိပ်နေနေ အခက်ချိုးချိုးလုပ်တော့
မကြာခင် တောကတုံး တောပြုန်းတော့မယ့် တောအုပ်။
ကျွန်တော်ကတော့ တောအုပ်ကိုမမြင်
သစ်ပင်တွေသာ မြင်နေတဲ့ကောင်လေ...။
**ပန်ဒိုရာ**

ဝံပုလွေလာဆင် နေထိုင်တဲ့ တောအုပ်။
သစ်တစ်ပင်ခုတ် အချုပ်သုံးလ ဆိုတဲ့
ဥပဒေသတွေနဲ့ တောအုပ်။
တောမကျွမ်းသူတွေ လမ်းပျောက်
တောခြောက်တတ်တဲ့ တောအုပ်။
တောကြောင်တွေ လက်ခမောင်းခတ်ကောင်းအောင်
တောမီး လောင်လောင်နေတဲ့ တောအုပ်။
အရိပ်နေနေ အခက်ချိုးချိုးလုပ်တော့
မကြာခင် တောကတုံး တောပြုန်းတော့မယ့် တောအုပ်။
ကျွန်တော်ကတော့ တောအုပ်ကိုမမြင်
သစ်ပင်တွေသာ မြင်နေတဲ့ကောင်လေ...။
**ပန်ဒိုရာ**


No comments:
Post a Comment