**ဒေးဗစ်ဘက်ခမ်းအား ပီအက်စ်ဂျီအသင်းခေါ်ယူလို**
(ပါရီ၊ စက်တင်ဘာ ၁၇)
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ၄င်းတို့သည် အယ်လ်အေဂလက်စီအသင်းမှ ကွင်းလယ်ကစားသမား ဒေးဗစ်ဘက်ခမ်းကို ခေါ်ယူလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ ယခင် အင်္ဂလန်အသင်းခေါင်းဆောင် ဘက်ခမ်းမှာ လာမည့်နိုဝင်ဘာလ မေဂျာလိဂ်ပွဲစဉ်ပြီးဆုံးချိန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုခြင်းဖြစ်သည်။ ထို့ပြင် ၄င်းအား စပါးအသင်းနှင့် ကျူပီအာအသင်းတို့ကလည်း ခေါ်ယူရန်ကမ်းလှမ်းထားသည်။ ပီအက်စ်ဂျီအသင်း၏ အားကစားအမှုဆောင် လီယိုနာဒိုက မိမ်သည် ဘက်ခမ်းနှင့် အေစီမီလန်အသင်း၌ အတူလုပ်ခဲ့ဖူးကြောင်း၊ ၄င်းသာ ပြောင်းရွှေ့လာမည်ဆိုပါက အမြဲတံခါးဖွင့်ကြိုဆိုကြောင်း၊ ပြင်သစ်ကလပ်သည်သာ ၄င်းနှင့်အသင့်တော်ဆုံးဖြစ်ကြောင်း ဆိုသည်။ (အင်တာနက်)
(justin-bieber-and-selena-gomez)
**လီယိုနာဒိုနှင့် တွဲဖက်သရုပ်ဆောင်လိုသူ ဆီလီနာဂိုမက်ဇ်**
(၁၉) နှစ်အရွယ် တက်သစ်စအနုပညာငွေကြယ်ပွင့်လေး ဆီလီနာဂိုမက်ဇ်က တိုက်တန်းနစ်ဇာတ်ကားနှင့် Inception ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား လီယိုနာဒိုနှင့်တွဲဖက် သရုပ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားသည်။ သူမ၏ မျှော်လင့်ချက်များ မည့်သည့်အခါတွင်မှ ဖြစ်လာမည်ကို အတိအကျမသိရသေးပေး။ ဂိုမက်ဇ်က “လီယိုနာဒိုကတော့ ကျမနဲ့ တွဲဖက်သရုပ်ဆောင်ဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူသာဆန္ဒရှိမယ်ဆိုရင် ကျမကိုယ်တိုင်သူ့ကို တောင်းဆိုသွားမှာပါ” ဟု ဆိုသည်။ Monte Carlo ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဆီလီနာဂိုမက်ဇ်က အော်စကာဆုရ မင်းသမီး နာတာလီပေါ့မန်းအပါအ၀င် အခြားဟောလိဝုဒ်ထိပ်တန်းအနုပညာရှင်များနှင့်လည်း တွဲဖက်သရုပ်ဆောင်လိုကြောင်း ထုတ်ဖော်ပြောကြားသည်။ ဆီလီနာဂိုမက်ဇ်သည် ယခုလောလောဆယ် ကမ္ဘာကျော် ပေါ့ပ်ဂီတဆယ်ကျော်သက် အဆိုတော် ဂျက်စတင်ဘီဘာနှင့် ချစ်ကြိုးသွယ်လျက်ရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:
Post a Comment