ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 19, 2011

ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်၏ အနုပညာစုတ်ချက် (၁)

>

**အရေးအသားသစ်အဖွင့်**

ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်၏ ကိုယ်ပိုင်အယူအဆနှင့် အတွေးအခေါ်များ အပေါ်တွင် အခြေခံ တည်ဆောက်ထားသော ကိုယ်တိုင်သက်သေပြ နောက်ဆုံးပေါ်ရနံ့၊ သရော်ချက်ဆိုင်ရာ အနုပညာ။

-ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်-

Of one well-educated young monkey, established by the base of genuine opinions and philosophies, self-evidence and newest genre, satirical ART.

-One well-educated young monkey-

မြင်မြင်ချင်း မျောက်မြင်ကပ်စေသောနည်းကား ကြွားပါ။

(မျောက်စကားပုံ)

**မျောက်ဆက်ကွာဟမှု ပြဿနာနှင့် အနုပညာမျောက်မှု

အနုပညာဆိုတာ ဘာလဲ? **

ဒီလို ခမ်းနားလှတဲ့ မေးခွန်းကို ကျုပ်က ဖြေချင်နေခဲ့တာ ကြာလှပြီ။ ဒါပေမဲ့လည်း ဘယ်သူမှ လာမမေးကြဘူး။ ဒါမျိုး တစ်ခါမှ အ`ဗျူး´မခံရဖူးဘူး။ ဟုတ်လည်း ဟုတ်ပါတယ်လေ။ ကျုပ်လို မျောက်ပေါက်စတစ်ကောင်ကို ဘယ်သူက အဘက်လုပ်ပြီး ဒါမျိုး တရေးတယူ လာမေးမှာတဲ့လဲ။ ဒါပေမဲ့ ကျုပ်က ခေတ်ပညာတတ် မျောက်ငယ်တစ်ကောင်ပါ။ အဟုတ်။ မျောက်အခွင့်ရေးတို့ဘာတို့ သိုးသိုးသဲ့သဲ့ ကြားဖူးထားတယ်။ သိုးသိုးသဲ့သဲ့လို့ ဆိုရတာက ကျုပ်တို့တောမှာက ဒါမျိုးပြောမိရင် ပြောတဲ့အကောင်ကို မျောက်မင်းကြီးနဲ့ အပေါင်းပါတစ်စုက သစ်ပင်မှာ ကြိုးချည်ထားလိုက်ရော။ ဒီတော့လည်း ပြောချင်တဲ့, သိတဲ့၊ မျောက်တွေက ကျယ်ကျယ်မပြောဝံ့ကြတော့ဘူး။ မျောက်ပဏ္ဍိတတွေပီပီ `နှုတ်ဆိတ်နေဖို့ အခွင့်အရေးကို ဘယ်တော့ လက်မလွတ်စေနဲ့´ ဆိုတဲ့ အနောက်ဘက်က မျောက်ဖြူကြီးတစ်ကောင်ရဲ့ အဆိုအမိန့်ကို လက်ကိုင်ထားကြတယ်ဆိုပါတော့။ ဒါကြောင့် ကျုပ်တို့လို မျောက်ပေါက်စတွေခမျာ မျောက်အခွင့်အရေးအကြောင်း သိုးသိုးသဲ့သဲ့ပဲ ကြားခဲ့ကြရရှာတယ်။ မျောက်ပိန်းလေးတွေပဲ ဆိုပါတော့။ ထူးပြီး မနာလှတော့ပါဘူး။ ကျုပ်လား။ ကျုပ်ကတော့ ဘယ်ရမလဲ။ ကျုပ်တို့မျောက်ငယ်တွေရဲ့ မူဝါဒမှာကိုက `မျက်နှာပြောင်ရမယ်၊ အာချောင်ရမယ်´ ဆိုတဲ့ ဆောင်ပုဒ်က ပါပြီးသား။ ဒီတော့လည်း မူဝါဒကို မသွေဖီရလေအောင် အာချောင်တဲ့ ကျင့်စဉ်ကို အဆင့်ဆင့်မြင့်မြင့် တတ်ကျွမ်းတယ်။ မယုံဘူးလား။ အခုပဲကြည့်လေ ကျုပ်စပြောခဲ့တာ အနုပညာအကြောင်း။ အခုရောက်နေတာက မျောက်အခွင့်အရေးအကြောင်း။ ဒီလို ကျွမ်းကျင်စွာ အာချောင်နိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့။ ပါရမီကလည်း လိုသေးတယ်။

အဟမ်း။ ချောင်လက်စနဲ့ ဆက်ချောင်ရရင်တော့ မျောက်ဆက်ကွာဟမှုအကြောင်း ပိစိလေး ပြောချင်တယ်။ မျောက်ကြီးဝန်ပိုတွေ အများစုက ကျုပ်တို့ကို ဘယ်လာ ကြည်မှာလဲ။ (အနည်းစုက ကြည်တယ်ဆိုတာ Understood နော်) မျက်စိစပါးမွှေးစူးတယ်။ မျောက်မူးလဲလေးတွေ၊ ဆိုးသွမ်းမျောက်ငယ်တွေ၊ လမ်းဘေးမျောက်တွေ (သူတို့က သစ်ကိုင်းပေါ်မှာဗျ)၊ မျောက်ရိုင်းလေးတွေ (သူတို့ကိုယ်သူတို့ မျောက်ကြီးမျောက်ကောင်းလို့ ပြောတာပဲ) လို့ သတ်မှတ်ကြတယ်။

ဘယ်တတ်နိုင်မလဲ။ ကျုပ် (တစ်ကောင်ထဲ) အနေနဲ့ကတော့ ဒီအတွက် မျောက်ကြီးတွေကို ဗွေမယူရက်ပါဘူး။
အစောက ပြောခဲ့သလိုပေါ့။ ကျုပ်က ခေတ်ပညာတတ်မျောက်ကလေးပါဆို။

မျောက်ဆက်ကွာဟမှုဆိုတာကို အနည်းအကျဉ်း ဖတ်ဖူးထားတယ်။ ဒီတော့လည်း ဒါဟာ သဘာဝပဲလို့ မျောက်ကြီးတွေအပေါ် နားလည်ပေးနိုင်ပါတယ်။ သူတို့ နားလည်မပေးနိုင်တာတော့ ကျုပ်က ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့ကသာ ဒီလိုဖြစ်နေတာပါ။ ကျုပ်တို့ မျောက်ငယ်တွေရဲ့ မူဝါဒတွေဆိုတာလည်း ခေတ်သစ် မျောက်ယဉ်ကျေးမှုပဲ မဟုတ်ဘူးလား။ ကျုပ်အမြင်မှာတော့ သဘာဝကျတဲ့ မူဝါဒတွေချည်းပါပဲ။ ဒါကို စီနီယာမျောက်ကြီးတွေက နားလည်မပေးနိုင်တာပါ။ ဆိုပါစို့။ `တောင်ဆင်းမြန်ရမယ်၊ အပြေးသန်ရမယ်ဗျာ´။ ဘယ်လောက်လန်းသလဲ။ ကျုပ်ဆို အပြေးသန်လွန်းလို့ ခုဆို ဟိမ၀န္တာတောထဲထိ ရောက်နေပြီ … ခွိခွိ။ တောင်ဆင်းတဲ့ကိစ္စကတော့ ကျုပ်တို့လို မျောက်ငယ်တွေရဲ့ဗန်းစကားမှာ Figurative အသုံးလေး ရှိတာမို့ ရိုင်းနေမှာစိုးလို့ အကျယ် ရှင်းမပြတော့ဘူး။ တွေ့လား။ ကျုပ်က မျောက်ငယ်ပေမဲ့ ယဉ်ကျေးမှုနားလည်တဲ့ မျောက်ကလေးပါဆို။

နောက်တစ်ချက်က`အပေးအကမ်းနည်းရမယ်၊ အတောင်းအရမ်းရဲရမယ်ဗျာ´ ဒါကတော့ မျောက်သဘာဝပဲကိုးဗျ။ မျောက်ကြီးတွေလည်း ၀န်မခံရင်သာနေရမယ်၊ အမူအကျင့်ကတော့ ဒါမျိုးပါပဲ။ ကျုပ် (တစ်ကောင်ထဲ) အမြင်အရ သူတို့က ပိုတောင်ဆိုးလိမ့်ဦးမယ်။ ဒါပေမဲ့ သူတို့အနေနဲ့က ဒါနဉ္စမင်္ဂလာဆိုတာတွေ ဘာတွေ ရွတ်ရွတ်နေတတ်တော့ ဘယ်လာ ၀န်ခံလိမ့်မတုံး။ ဂုဏဂုဏ်ရှိသွားတော့လည်း အိနြေ္ဒဆယ်ရသေးတာကလား။ ကျုပ်တို့ မျောက်ငယ်တွေဆိုတာက ဒါကို နားလည်ပေးနိုင်ရမှာပေါ့။ နောက်တော့ ဘာတဲ့။ `အရှက်နည်းရမယ်၊ လက်ရဲရမယ်´။ ဒါလည်း ဘယ်မှာ တရားလွန်လို့လဲ။ မျောက်ပဲဗျာ၊ လက်ဆော့ခြေဆော့တော့ ရှိမှာပဲပေါ့။ ကျုပ်တို့လို မျောက်ငယ်တွေကတော့ ပိုဆိုးသပေါ့။ ကျုပ် အမွှေးက သိပ်မထူလို့ (အမှန်က ပါးကိုပါးတာဗျ။ ကိုယ့်ကိုယ်ကိုယ် အဲလိုမပြောရက်လို့ ခွိခွိ) အရှက်နည်းတယ်လို့ စွပ်စွဲတာတော့ ကျုပ်လည်း မတတ်နိုင်ဘူး။ ထားပါတော့ မျောက်ဆက်ကွာဟမှုအကြောင်း ဒီလောက် အာချောင်ရရင် တော်ပါပြီ။ သူတို့က မျောက်ကြီးတွေဆိုတော့ သိပ်ကလန်ကဆန်လုပ်ဖို့လည်း မကောင်းဘူးမဟုတ်လား၊ ဒေါသက ကြီးပါဘိသနဲ့။ ကျုပ်တို့ မျောက်ဆက်ရဲ့ သဘောသဘာဝ အနှစ်ချုပ်လေးလို့ပဲ ဆိုကြပါစို့။ ကျုပ်သိပ်ပြောချင်တဲ့အကြောင်းလေးကလည်း ရှိသေးတယ် မဟုတ်လား။ ဘာတဲ့ အနုပညာဆိုတဲ့အရာ။ သြော် ဒါနဲ့ စကားမစပ်၊ ကျုပ်ကို သိပ်သောက်ညင်ကပ်နေပြီဆိုလို့ရှိရင် အားနာပါရဲ့။ အားနာပါနာ ဆက်ဖတ်မနေပါတော့နဲ့။ ကျုပ်လည်း သိတာမှ မဟုတ်ဘဲ၊ အာပလာတွေလို့ ထင်ရင်ပြောတာပါ။ အဆင်ပြေသေးတယ်ရင်တော့ ဆက်ကြဦးစို့။

အဟမ်း ဒီလိုဗျ။ နှစ်ဆယ့်တစ်ရာစု ခေတ်မျောက်ငယ်တစ်ကောင်အနေနဲ့ မြင်တာကတော့ အနုပညာဆိုတာ တခြားမဟုတ်ဘူး။ အနာပြင်ညုပဲ။ နိုးနိုး မဟုတ်ဘူး။ စပိန်လို ပြောလိုက်တာမဟုတ်ဘူး။ မြန်မာလိုပဲ။ မဟုတ်ပါဘူး။ မျက်နှာပြောင်နေတာလည်း မဟုတ်ပါဘူး။ အတည်ပြောတာပါ။ တကယ်တော့ အနုပညာဆိုတာ အနာတွေကို ပြင်ပြင်ပြီး ညုနေတာပဲ။ တကယ်။ ဒီအကြောင်းကို ကျုပ် အကျယ်တ၀ံ့ ရေးပါဦးမယ်။ ခုတော့ လွယ်လွယ် မျောက်ပိန်းနားလည်အောင်ပြောရရင် ဒီလိုဗျာ။ အနာဆိုတာက အဓိကအားဖြင့်တော့ အရေပြားမှာပေါက်တတ်တဲ့ ၀ဲ,ပေါ့။ ၀ဲ,ဆိုတာမျိုးက သိပ်ကုပ်လို့ ကောင်းတာကလား။ အနုပညာမျောက်ချင်သပဆိုရင် ၀ဲပေါက်ရင် ယောင်လို့မှ ဆေးသွားမလိမ်းနဲ့ဗျို့။ ကုပ်ပေတော့ပဲ။ အဲဒီ ၀ဲကုပ်ရတဲ့ အရသာလေးကို စိတ်ကူးနဲ့ ပြင်ဆင်ပြီး ပါးစပ်က (မျောက်အ,ဆိုလည်း စိတ်မပူနဲ့။ လက်သည်းနဲ့ပဲကုပ်ကုပ်၊ ခြေမနဲ့ပဲထိုးထိုး ပါဖှောမန့်ဆိုတဲ့ ခေါင်းစဉ်အောက် ၀င်နိုင်သေးတယ်.. ဘာမှမပူနဲ့ ခွက်ခွက်) ထုတ်ထုတ်ပြီး ညုရတာ အနုပညာပေါ့ဗျာ။ အခြား မျောက်ပဏ္ဍိတတွေ၊ မျောက်က၀ိတွေ၊ ပညာရှင်မျောက်တွေကတော့ ဘယ်လိုယူဆကြသလဲ မသိဘူး၊ ကျုပ်ကတော့ အဲလိုပဲ ခံယူတယ်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့… (အလဲ့.. ကျုပ်တောင် တယ်ဟုတ်လာပါ့လား) ။ မျောက်ဝန်ဆံ့အောင်တော့ ဒီလို ခံယူချက်လေးတစ်ခုခုတော့ ဗန်းပြသဘောမျိုး ရှိမှဗျို့။ မရှိရင် ဒီတိုင်းတော့ ဘယ်နှယ့်မှမနေဘူး။ မျောက်တကာ တံတွေးခွက်ထဲတော့ ပက်လက် မျောနိုင်တယ်။ ထားတော့၊ ဒါက မျောက်ဒဿနိကနဲ့ ဆိုင်သွားပြီ။

အနုပညာအကြောင်း ပြန်ကောက်ရရင်တော့ ကျုပ်က ရေခံမြေခံကောင်းခဲ့တယ်လေ။ သိတယ်မဟုတ်လား။ ပျံကျရပ်ကွက်က ခြုံကြိုခြုံကြားမှာ မွေးခဲ့တာဆိုတော့ ငယ်ငယ်ထဲက ဖုံတော သဲတောထဲ လေးဖက်သွားလာခဲ့ရတာ။ ဒီတော့လည်း ညစ်ပတ်တယ်။ မြောင်းကြိုမြောင်းကြား ကြီးပြင်းလာခဲ့ရတဲ့ မျောက်ဆိုတော့ ၀ဲထူတာပေါ့ဗျာ။ ကုပ်ပါပြီလား။ ၂၄ နာရီလုံးလုံး ကုပ်နေတာ။ အိပ်မက်ထဲလဲ ကုပ်တယ်။ ၀ဲကုပ်ရတဲ့ အရသာကို နားလည်ခံစားတတ်ပြီဆိုရင် နောက်တစ်ဆင့်က အဲဒါလေးကို ပြင်ပြီး ညုရတာပဲ။ ညုတာကလည်း ညုနည်းအမျိုးမျိုးပေါ့။ အသံကောင်းတဲ့မျောက်က သီချင်းဆိုတာပေါ့။ ငါ တအားယားနေလို့ပါတို့ ဘာတို့ လျှောက်ဆိုတာပေါ့။ မှန်ထဲကပုံကို သိပ်လန်းပါလားလို့ ထင်တဲ့ မျောက်တွေက သရုပ်ဆောင်လုပ်ပေါ့။ ယားတဲ့ဝေဒနာကို မျက်နှာမှာပေါ်လာအောင်၊ အမူအရာနဲ့ဖော်ပြပြီး မျောက်ပရိသတ်ကြီးကို အယားတွေကူးစက်စေဖို့ ကြိုးစားတာပေါ့။ ကျုပ်တို့လို ခေတ်ပညာတတ် မျောက်တွေကတော့ စာလေးပေလေး ရေးတာပေါ့။ ပြောတတ်ဘူးဗျ၊ ကျုပ်ကိုယ်ကျုပ် အနုပညာရှင်ဆိုတဲ့ ဝေါဟာရနဲ့ ထိုက်တန်ပါ့မလားဆိုတာ။ ဟိုအဆိုတော် မျောက်မလေးပြောသလို ဒါကတော့ ဘယ်လိုပြောမလဲ ပေါ့နော်..၊ ပရိသတ်ကြီးက ဆုံးဖြတ်ပါလိမ့်မယ်ရှန် ပေါ့.. ခွိခွိ။ စပ်မိတာလေးတစ်ခုပြောရရင်၊ သင်းတို့ပြောတဲ့ ပရိသတ်ကြီးက ဘာလို့ `ကြီး´ သွားသလဲဆိုတာကိုလည်း ကျုပ်နားမလည်ပြန်ဘူးဗျ။ ပရိသတ်လောက်သုံးရင် တော်ပြီမဟုတ်ဘူးလား။ ဒီလို `ဖားထား´ မှ `စားအား´ ရှိမှာကြောင့်လား… ခိခိ။ ဟုတ်ပါတယ်။ ဖားတာ မဟုတ်ပါဘူး၊ ပရိသတ်ကြီးကို လေးစားတယ်လို့ပဲ အမြဲသုံးပါတယ်။ စားတာလည်း မဟုတ်ပါဘူး။ ကျုပ်ကြားရသလောက် သူတို့ကချည်း ပရိသတ်ကြီးကို အမြဲပေးဆပ်နေကြရရှာတာပါပဲ.. ခိခိ။ ပြောသားပဲ ကျွန်တော်ကိုက အာချောင်ပါတယ်လို့။ ထားတော့ ဒါက မျောက်ကျင့်ဝတ်ကိစ္စ။

ကျုပ် အနုပညာသမား ဟုတ်မဟုတ်ဆိုတာကနေ မျောက်ကျင့်ဝတ်ကိစ္စ ရောက်သွားတယ်။ လိုရင်းဆက်သွားရရင်ဗျာ၊ ရုပ်မြင်သံကြားထဲ ပါပါနေတဲ့ ဟိုမျောက်အူဝဲလေးတွေ၊ ဘာတဲ့ ဟဲဗီးဖြိုးတို့ စုမေတို့ဆိုတဲ့ မျောက်ပေါက်စနလေးတွေကိုတောင် အနုပညာရှင်လို့ ခေါ်နိုင်သပဆိုရင် ကျုပ်ဘွဲ့ရတာက သူတို့ တစ်သက်လောက်တော့ ရှိနေပြီဗျ.. (ပြောရင်း တခွက်ခွက်နဲ့ ရယ်ပါတယ်) ။ အကျယ်နောက်မှ ပြောကြတာပေါ့ နော့။ အခုကတော့ မျောက်ပိန်းနားလည် အလွယ်ပြောကြပါစို့။ မျောက်ပိန်းဆိုလို့လည်း စိတ်ဆိုးမနေနဲ့ဦးဗျ။ အနောက်တိုင်းက ဒဿနဆရာကြီး ဘာထရန်မျောက်ဆဲဆိုတာ အလွန်နက်နဲတဲ့ ပညာရပ်တွေကို မျောက်ပိန်းနားလည်အောင် ဖွင့်ဆိုရာမှာ အလွန်တော်ဆိုပဲ။ ဒါနဲ့ ကျုပ်လည်း သူ့စာလေးတွေ နည်းနည်း ဖတ်ကြည့်မိပါတယ်..ဘယ့်နှယ်။ ကျုပ်က မျောက်ပိန်းအဆင့်တောင် မရောက်သေးမှန်း သိရတော့တာကိုး။ ကဲ.. ထားပါတော့၊ ဒါကလည်း သီးခြားကိစ္စ။ နောက်မှပဲ ကမ္ဘာ့မျောက်ပိန်းထုကြီးအကြောင်းပြောပြီး မျောက်မြင်ကပ်ခံတာပေါ့။

လက်ကလည်း ညောင်းလှပြီ။ စာရေးတယ်ဆိုတာ အဲဒါပဲဗျ။ ရပ်ချင်တဲ့အချိန် ဒီတိုင်းရပ်လိုက်လို့လည်း မဖြစ်ပြန်ဘူး။ နိဂုံးလိုလို အပိတ်လိုလိုဟာလေးလည်း ရေးပေးရသေးတယ်၊ သိပ်ခက်တဲ့ အနုပညာတစ်ရပ်ပဲ ခိခိ။ အေးပါ ဟုတ်ပါတယ်။ ရုပ်မြင်သံကြားထဲ ပါဖို့က ပိုခက်ပါတယ်..၊ ထားပါတော့။ သင်းလေးကတစ်မှောင့်။ (စိန်မျောက်မျောက်ခေါ် ဟဲဗှီးဖြိုးအား လှမ်းပြောလိုက်သည်) ဆောရီးဗျာ။ ခုနပြောနေတာ ဘာလဲ။ သြော်.. အင်း အနာပြင်ညု။ ကျွန်တော့် ဆိုလိုရင်းက ဒီလိုဗျာ။ အနုပညာဆိုတာ မျောက်ပိန်းနားလည်အောင် ပြောရရင်တော့ အနာပြင်ညုပဲဗျာ။ အနာဆိုတာက ရှင်းပါတယ်။ လွယ်တာပြောရရင်တော့ အရေပြားက အနာတွေပေါ့။ ကျွန်တော်ကတော့ မျောက်ဝဲစားမို့လို့ ၀ဲကို ညွှန်းခဲ့တာပဲ။ တစ်ချို့မျောက်တွေကျတော့လည်း အနာထဲမှာမှ ပွေးတို့၊ စုပ်ခွက်နာတို့၊ အနာ့ပဆုပ်တို့လို တစ်သက်လုံးမပျောက်တဲ့ အနာကြီးမျိုးတွေ ရှိတတ်တယ်ဗျ။ ၀ဋ်နာကံနာပေါ့ဗျာ။ အဲဒီဝဋ်နာကံနာရှိတဲ့ မျောက်တွေထဲကမှ အနာကို ပြင်ဆင်မွမ်းမံပြီး၊ အခြားမျောက်တွေ သိအောင်,ကြားအောင် အညု (တင်ပြပုံ) ကောင်းတဲ့ မျောက်တွေဟာ `ပါရမီရှင်´ ဆိုတာတွေ ဖြစ်လာကြတာပေါ့။ အနောက်ဘက် မျောက်အုပ်ထဲမှာဆို ကာဖ်ကာ၊ ဗှင်ဂိုး တို့ဆိုတာ ထိပ်တန်းမျောက်နာကြီးတွေပေါ့။

အဲ… မေ့တော့မလို့ ကြည့်စမ်း။ နောက်ဆုံး အရေးကြီးတဲ့တစ်ခု ကျန်တာကတော့ `ကံစွပ်မှု´ ဆိုတာပဲဗျ။ ကြက်ကန်းဆန်အိုးတိုးတယ် ဆိုတဲ့ စကားလုံးရဲ့အနက်နဲ့ ကွက်တိပဲ။ တချို့ကတော့ `စန်း´ ဆိုလား၊ ဘာမှန်းမသိတဲ့ စကားလုံးတစ်လုံးကို သုံးကြလေရဲ့။ ကျွန်တော်ကလည်း မျောက်ပိန်းအဆင့်တောင် မရောက်သေးတော့ အဲဒီစကားလုံး ဘာကိုဆိုလိုမှန်း နားမလည်နိုင်ဘူး။ ထားတော့ ဒါလည်းသီးခြားကိစ္စ။ [အဲဒီအကြောင်း အသေးစိတ်ကို `ပိန်းဥစားသော မျောက်ပိန်ပိန်များ´ နာမည်နဲ့ ကျမ်းတစ်ဆူလောက် ပြုစုချင်ပါတယ်၊ ထုတ်ဝေသူရှိရင်ပေါ့လေ] ကျွန်တော့်စကားလုံး အတိုင်းပြောရရင် ကံစွပ်မှုဆိုတာက အနုပညာမှာ နောက်ဆုံးအဆင့်ပဲ။ ၀ဋ်နာကံနာလည်း ရှိတယ်၊ အပြင်, အညု လည်း ကောင်းတယ်ဆိုတာတောင် မျောက်အများစု လက်ခံတဲ့ အနုပညာမျောက်မှု ဖြစ်လာဖို့ဆိုတာ ကံစွပ်မှုကလည်း လိုအပ်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်မျောက်မှမသိလိုက်ဘဲ ဇာတ်သိမ်းသွားကြရှာတဲ့ အပြင်, အညုကောင်း မျောက်နာကြီးတွေမှ တစ်ထွေးကြီးပဲကိုး။ ကာဖကာဆိုလည်း သူသေပြီးမှ သူ့စာအုပ်တွေကို ပုံနှိပ်ပေးမယ့် သူငယ်ချင်း (မက်က်စ် ဘရော့ဒ်) တစ်ယောက်ရှိနေတာ၊ နာဇီတွေလက်ထဲက သူ့စာပေတွေကို မပျောက်ပျက်အောင် ကယ်ဆယ်ခဲ့ရတာ ဘယ်လောက် `ကံစွပ်´ တယ်ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်သလဲ။ ဗှင်ဂိုးလည်း ဘာထူးသလဲ `သေပန်းပွင့်´ (Posthumous) တာပဲ မဟုတ်ဘူးလားလို့။ (ငိုမိတော့မှာ..ခွစ်) ကံစွပ်မှု မရှိရင်လည်း ဘာအနုပညာမျောက်မှုမှ မရှိနိုင်ပြန်ဘူး…ဟူးးး။

ဒီလို အရှည်ကြီး ပြောနေရတာကလည်း ကျုပ်ကိုယ်ကျုပ် မာစတာဘရိန်း မျောက်ဂိုက်ဖမ်းပြီး ကြွားချင်လို့ မဟုတ်ဘူးဗျို့။ ကျုပ်က မနာလိုတိုရှည်ဖြစ်ပြီး မလိုတမာတွေ ပြောနေတယ်လို့ တချို့ ဦးနှောက်ခပ်သေးသေး မျောက်တွေက စွပ်စွဲကြဦးမှာဗျ… ခွိခွိ။ ကဲ.. ကျုပ်နိဂုံးကြီးလည်း အတော်ရှည်နေပြီ။ ဒီလို…။ ကျုပ်မှာက ကလေးဆန်ဆန် အစွဲအလမ်းလေး တစ်ခုရှိတယ်ဗျ။ မျောက်အမေကြီးကားတိုက် ဆီက ကမ္ဘာကျော် မျောက်ကြီး အိုဟင်နရီရဲ့ Twisted Ending လေးတွေ ခင်ဗျားလည်း ဖတ်ဖူးပါရော။ အနည်းဆုံးတော့ ကိုးတန်းတုန်းက The Last Leaf ပေါ့။ အဲဒီတုန်းက ကျုပ်မှာ ငိုလိုက်ရတာဗျာ.. ခွစ်ခွစ် (ရှက်ရယ်,ရယ်သည်)။ ကျုပ်က အဲဒါမျိုး လှည့်ကွက်လေးတွေ သိပ်သဘောကျတာ။ ဒါပေါ့ စိတ်ကူးယဉ်ဝတ္ထုတိုမှာလို မဟုတ်ဘဲ သရော်စာလို အရေးအသားမှာ ဟာခနဲဟင်ခနဲ အကွက်ထပ်ခင်းဖို့ဆိုတာ သိပ်သိပ်ခက်တာပေါ့။ ဒါပေမဲ့ မျောက်ကြံရင် နားဖာကလော်တံလည်း ယောက်ချိုဇွန်းဖြစ်နိုင်တာပဲ။ ဘယ်လို ခင်ဗျားက ကျွန်တော့်ကို `ဘ၀င်မြင့်ယုံမှားလွန်´ ဖြစ်နေတဲ့ မျောက်ရူးလေးတစ်ကောင်လို့ ယူဆလိုက်ပြီပေါ့။ ဒါဆိုလည်း စိတ်မကောင်းဘူးဗျာ၊ ကျုပ်က ပရိသတ်ကြီး.. အဲ ပရိသတ်လေးတွေကို လေးစားပါတယ်။ အလို…။ ဒီဝါကျအထိ ခင်ဗျားလိုက်ဖတ်နေတုန်းလား.. ဘုရား… ဘုရား။ လမ်းခုလတ်မှာ ကျုပ် သတိပေးခဲ့တယ်နော်…။ အဆင်ပြေမှ လိုက်လာပါလို့။ အခုခင်ဗျား သက်သေပြနေပုံက ကျုပ် အရေးအသားဟာ....??? ဗျာ...။ လုံးဝ ဆွဲဆောင်မှုမ,ရှိလို့ကို အဆုံးထိရောက်အောင် လိုက်ဖတ်တာ၊ (ပရိသတ်လေးက ပြောတာဆိုတော့ ဒါလည်း ယုတ္တိရှိတာပါပဲ ခိ) ကျွန်တော်ဟာ မျောက်ရူးပဲ… ဟုတ်စ။ အင်း.. ခင်ဗျားပြောတာ ဟုတ်မှာပါ..။ အဆုံးမှာတော့ `ကံစွပ်´ ကြဖို့သာ အဓိကပဲကိုးးး.. ခွိခွိခွိ။

**တေဇာ (လရောင်လမ်း)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)