ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 19, 2011

မြန်မာ စစ်အာဏာရှင်တွေ တိုင်းပြည်ကို ဘယ်မှာ ထားခဲ့သလဲ

>

နယ်ချဲ့လက်လက်အောက် လွတ်လပ်ရေးရအောင် တပ်မတော်က တိုက်ယူခဲ့သည်။ တိုင်းပြည်ချောက် ထဲ ကျခါနီး ကယ်တင်ခဲ့သည်။ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖေါက်။ တိုင်းပြည်ကို စစ်တပ် ကသာ ချစ်သည်။ အချုပ်အခြာ အာဏာကို ကွယ်စောင့်ရှောက်သည်။ နယ်ချဲ့ရန်ကို ကာကွယ်ဖို့ တပ်မ တော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။ တပ်မတော်သည်သာအဖ၊ တပ်မတော်သည်သာအမိ။ ဘေးပြော တာ မယုံ နဲ့ သွေးပြောတာကိုယုံ။
ဒို့တာဝန် အရေးသုံးပါးတွေ ၁၂ ပါး တွေ ကို စာအုပ်တိုင်းမှာ မရိုက်မနေရ၊ သီချင်းခွေတွေမှာမထည့်မနေရ။ လမ်းတကာမှာ အနီရောင် ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီးတော့ လိမ်ညာ ဟစ်ကြွေး ခဲ့ကြတဲ့ စစ်အာဏာရှင် တွေက နှစ်ပေါင်း ၄၉ နှစ် အုပ်ချုပ် လိုက်တဲ့အခါ ကမ္ဘာ့ အမွဲဆုံး တိုင်းပြည် စါရင်းကို ရောက်သွားခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်။ ငတ်မွတ် ခေါင်းပါးမှုနဲ့ ပညာ မတတ်မှုတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေကို သန်းချီတဲ့ ရွှေ့ ပြောင်း အလုပ်သမားတွေ အဖြစ် ထွက်ခွာသွားကြရတယ်။
စစ်အာဏာရှင် အုပ်ချုပ်တဲ့ကာလ တလျှောက်လုံး တိုင်းသူ ပြည်သားတွေကို ၀ါဒမှိုင်းတွေတိုက်၊ မဟုတ်တဲ့ သတင်းလိမ်တွေနဲ့ လှည့်ဖြား အုပ်ချုပ်ခဲ့တယ်။ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ တိုင်းရင်းသား ပေါင်းစုံ တို့က ဗိုလ်ချုပ်အောင်ဆန်း နဲ့ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ တန်းတူရေးနဲ့ လူ့အခွင့်အရေးတွေကိုတောင်းဆိုခဲ့ကြတယ်။ ပါးစပ်နဲ့တောင်း မရတော့ လက်နက်ကိုင်ခဲ့ကြတယ်။ မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးလာခဲ့တာကြောင့် ပြည်တွင်းစစ်မီဟာ လွတ်လပ်ရေးနဲ့ အတူတူ ပေါ်လာခဲ့တယ်။
တမြေတည်းနေ တရေ တည်းသောက် တနိုင်ငံတည်းသားချင်း သတ်ဖြတ်ခဲ့ကြရတယ်။ ဒီလိုဖြစ်မှာကို စိုးရိမ်းလို့ ကြိုတင်မြင်လို့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက ဖာသယ်လို နိုင်ငံမျိုးဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ ယခုလက်ရှိ အနေ အထားမျိုး ရောက်လာမယ် ဆိုတာကို ကြိုတင် သိရှိခဲ့ကြသူတွေ၊ ထောက်ပြ ပြောဆိုခဲ့တဲ့ သူတွေကို ထောင်ချပစ်တယ်။ သတ်ပစ်တယ်။ ပညာတတ် အတော် များများ နိုင်ငံခြားကို ထွက်ခွာ သွား ကြတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေ အမှန်တရားကို လုံးဝ ဥပက္ခာပြုပြီး တိုင်းပြည်ကို လုံးဝဖျက်ဆီး ပစ်လိုက် ကြတယ်။
မြန်မာပြည် မြေပုံ ကိုကြည့်ပါ။ ဘင်္ဂလား ပင်လယ်လယ်အော်နဲ့ ရခိုင်ပြည်ကို တရုတ်လက်ကို ထိုးအပ်လိုက်
ပြီ။ မြန်မာပြည်ရဲ့အဓိက အသက်သွေးကြော ဖြစ်နဲ့ရာဝတီ မြစ်ကြီးကို တရုတ်လက်ထဲ ထိုးအပ်လိုက်ပြီ။ သံလွင် မြစ်လည်း ထို့အတူ။

မြန်မာ နိုင်ငံသား တိုင်းရင်းသားတွေ ပိုင်ဆိုင်ရမယ့် အရာဟူသမျှ ကုလားနဲ့ တရုတ် လက်ထဲ ကို ရောက်သွားပြီ ဆိုတာ လက်ရှိ အနေအထားတွေက သက်သေခံနေပြီး ဖြစ်ပါတယ်။
ရခိုင်ရိုးမ၊ ပဲခူးရိုးမနဲ့ ရှမ်းရိုးမ တွေထဲက ရှိသမျှ သစ်တွေကို အထိန်းအကွပ်မဲ့ ခုတ်လှဲလိုက်တာ ပြောင်သလင်း
ခါသွားခဲ့ပြီ။ ရခိုင်ရိုးမ က ကျွန်းနဲ့ ပျဉ်းကတိုးသစ်တွေ အကုန်လုံးကို ဗိုလ်ချုပ်ကြီတွေနဲ့ တောင်ကုတ်မြို့က နာမည်ကြီး လူတစ်ဦး တို့ပူးပေါင်းပြီး အကန့် အသတ်မဲ့ ခုတ်ပြီး တော့ ဘင်္ဂါလားဒေ့ခ်ျ နိုင်ငံကို ရောင်းခဲ့ပြီ။ ခုလည်း ရောင်းဆဲဖြစ်တယ်။
နောက်ဆုံး ဖြစ်စဉ်တစ်ခုက ကချင်နဲ့ ရှမ်းနယ်စပ်မှာ ရှားပါး သစ်ပင်တွေကို အမြစ်ပါ တူးပြီး အပင်လိုက် တရုတ်ဘက်ကို ပြောင်းရွှေ့နေတယ်။ အမျိုးတုန်းလုပ်တာပဲ။ ရခိုင် ပြည်နယ် က ပင်လယ် ငါးဖမ်း လုပ်ငန်းတွေ တရုတ် လက်ထဲမှာ၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က ကျောက် စိမ်း နဲ့ ပတ္တမြား လုပ်ကွက်တွေ၊ လုပ်ကိုင်ခွင့် ခွင့်တွေက တရုတ် လက်ထဲမှာ။ တနင်္သာရီနဲ့ အခြားနေရာကော။ ဘယ်သူတွေလက်ထဲမှာလဲ။
ကပ္ပလီ ပင်လယ်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ ငါးတွေကို ဘယ်သူတွေ ၀င်ဖမ်းနေသလဲ၊ တိုင်းပြည် သယံဇာတ
တွေကို ဘယ်သူတွေ ရောင်းစားခဲ့ကြသလဲ။ ရောင်းစားနေကြသလဲ။ဒေသခံတွေ လက်ပိုက်ပြီး ကြည့်နေရတယ်။
မြိုကြီးတွေက စက်မှုဇုံတွေ ပိုင်ဆိုင်မှု မှန်သမျှ တရုတ် လက်ထဲမှာ။ ရန်ကုန်မြို့က အဝေးပြေး ကားဂိတ်တွေ၊ ရန်ကုန် ဘုရင်နောင် ကုန်စည်ဒိုင်တွေနဲ့ ပွဲရုံတွေက တရုတ် လက်ထဲမှာ။ စီပွားရေး လုပ်ငန်းကြီး တွေမှန်သမျှ တရုတ်နဲ့ ကုလား လက်ထဲမှာ။ ရှမ်းပြည်နဲ့ မန္တလေး တရုတ် သိမ်းထားခဲ့တာ ကြာပြီ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော၊ ဘူသီးတောင်နဲ့ ရသေ့တောင် တို့ကို ဘင်္ဂါလီ ကုလားတွေ သိမ်းထားတာကြာပြီ။ အာဏာရှင် စနစ် နဲ့ အုပ်ချုပ်ပြီး လာဘ်စား မှုတွေနဲ့ ဆရာတပည့် မွေးပြီး တိုင်းပြည်ကို ဖျက်ဆီး ပစ်ခဲ့ကြပြီးဖြစ်တယ်။
လူဦးရေး အလွန်အမင်း ထူထပ်တဲ့ အိမ်နီးချင်း တရုတ်နဲ့ ကုလား တို့တွေဟာ မြန်မာတွေထက် အရင်းအနှီး အရ
ရော နည်းပညာ အရပါ အဆပေါင်းများစွာ သာလွန် နေပြီးဖြစ်ပါတယ်။ ဒီလူမျိုးကြီးတွေက လက်ရှိ အရာရာနိမ့် ကျနေတဲ့ မြန်မာတွေနဲ့ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးကို သွားရေ မကျပဲ နေမလား။

ရခိုင်ပြည်နယ် ကျောက်ဖြူ စီးပွားရေးဇုံနဲ့ က မြန်မာပြည် အလယ်ပိုင်းကို ဖြတ်ပြီးတော့ တရုတ်နိုင်ငံ ကူမင်းထိ သွယ်တန်းတဲ့ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတွေ အကြောင်းပြပြီး သန်းချီတဲ့ တရုတ် တပ်တွေ ၀င်မလာဘူးလို့ ဘယ်သူ အာမခံနိုင်သလဲ။ ဗမာပြည် နေရာအနှံ့မှာ တရုတ်တွေ ရင်းနှီးမြှုပ်နှံ ထားရှိပြီးဖြစ်တယ်။ မြန်မာ တစ်ပြည်လုံး တရုတ်တွေ ရှေ့ပြေးတွေ ရှိနေလေတော့ ဗမာပြည်ကို တရုတ်သိမ်းဖို့ ခက်ခဲ နိုင်ပါအုံးမလား။
မြန်မာ စစ်တပ်က နှစ်ပေါင်း ၆၀ ကျော် ဘာလုပ်ခဲ့လဲ။ ငွေပေးနိုင်သမျှ တရုတ်တွေနဲ့ ကုလားတွေကို တိုင်းပြည် ထဲကို အကန့်သတ်မဲ့ တင်သွင်းခဲ့တယ်။ ၀င်ခွင့်ပြုခဲ့တယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေး မြို့မှာ တရုတ်စာနဲ့ တရုတ်စကား မတတ်ရင် ဘာမှ လုပ်ကိုင်လို့ မရတော့ဘူး။
အနောက်ဖက် ရခိုင်ပြည်နယ် မှာကော ဘင်္ဂါလီ လူမျိုးတွေက ရခိုင်ပြည်ရဲ့လူဦးရေရဲ့လေးပုံ တစ်ပုံလောက် ရှိသွားခဲ့ပြီ။ ၁၉၈၁ ခုနှစ် သန်းခေါင် စါရင်းအရဆိုရင် မောင်တောမြို့နယ်မှာ လူ ၁၀၀ မှာ (ရခိုင်အပါအ၀င်အခြား တိုင်း ရင်းသား) ၇ ဦးသာ ရှိပါတယ်။ ဘူးသီးတောင် မြို့နယ်မှာ လူ ၁၀၀ မှာ(ရခိုင်အပါအ၀င်အခြား တိုင်းရင်း သား) ၁၁ ဦးသာ ရှိတယ်လို့ မြန်မာအစိုးရ တရားဝင် ကြေညာ ခဲ့ပါတယ်။ စစ်တွေ၊ ကျောက်ဖြူ နဲ့ သံတွဲမြို့ တွေမှာလည်း သီခြား ရပ်ကွက်တွေနဲ့ ဘင်္ဂါလီတွေ အများကြီးပါ။
(အနီးဆုံး ဥပမာ ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က အစိုးရ ကုန်လမ်း ပို့ဆောင်ရေး (တောင်ကြီး)ပိုင် တီအီး ၂၁ ကားကြီးနဲ့ ကလေးငါးဦး အပါအ၀င် ဘင်္ဂါလီ ၁၄ ဦး ကို စစ်တွေက နေပြီးတော့ ရန်ကုန်ကို တင် လာခဲ့တယ်။ မှော်ဘီ အမှတ်(၄) လမ်းဆုံ စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးမိခဲ့တယ်။ ဗမာစကား တစ်လုံးမှ မတတ်
ဘူး။ ပြည်တွင်းထုတ် ၀ီကလီးမှာဖေါ်ပြထားတယ်။ ဒီသတင်းကို ပြည်ပမီဒီ ယာတွေမှာ ဖေါ်ပြတာ နည်းပါး ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပ မီဒီယာ အများစုက ဘင်္ဂါလီ လူမျိုးလို့ မသုံးချင်လို့ လည်းဖြစ်နိုင်ပါတယ်။
ကော့သောင်းလောက် ရောက်လာရင်တော့ နာမည် ဆွဲစည်းပစ်လိုက်ကြမယ်။ ပြည်ပရေဒီယိုတစ်ခုကတော့
ကာယကံရှင်မိသားစုနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ခုခုရဲ့ အသံ ဘာမှမပါပဲ နိုင်ငံခြားက ရိုဟင်
ဂျာ အရေးလှုပ်ရှားနေသူ တစ်ယောက် ပြောတာနဲ့ ဒီနေ့ မနက်က ထုတ်လွှင့် သွားသေးတယ်။
ပြည်ပမှာ ခေတ်စားနေတဲ့ ရိုဟင်ဂျာ နာမည်ကို အထူး ခံတွင်း တွေ့နေကြပုံပါပဲ။ ပြည်ပက ဗမာတွေနဲ့ အခြား တိုင်းရင်းသားတွေ အတော်များများက ရိုဟင်ဂျာ အမည် သုံးစွဲတာကို ရခိုင်တွေက မကြိုက်ကြဘူး။ ဒါတွေကို ပြည်ပက သိကြပါတယ်။ သိသိကြီးနဲ့ သုံးတော့ ဘာဖြစ်မလဲ။ ဒီလိုပဲ ပြောကြပါတယ်။ ရခိုင် တွေက လူ့အခွင့် အရေးကို နားမလည်သလိုလို ရိုင်းစိုင်းသလိုလို ၊ ရခိုင်တွေက အမြင် ကျဉ်းမြောင်း သယောင် ပျက်ရယ် ပြုချင် ကြတာ ကိုလည်း စိတ်မကောင်းစရာ တွေ့ရ ပြန်တယ်။
ရိုဟင်ဂျာ အမည်သစ် ကိစ္စဟာ နောင်တစ်ချိန်မှာ ဗမာတပြည်လုံး ရှင်းမရတဲ့ ပြဿနာ ဖြစ်လာမယ်ဆိုတာကို မြန်မာအစိုးရ သိပါတယ်။ ဒါကြောင့် စစ်အစိုးရ အဆက်ဆက်လည်း အသိမှတ်မပြုခဲ့ကြဘူး။ လက်မခံခဲ့ကြဘူး။
ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ပြည်ပက ဗမာအပါအ၀င် အခြား တိုင်းရင်းသားတွေနဲ့ ပြည်ပ အချို့မီဒီယာတွေ ခုထိ အလေးနက် မတွေးကြ သေးတာလား၊ အခွင့်အရေး တစ်ခုခုကြောင့် မသိချင်ယောင် ဆောင်နေတာ လားဆို တာ ကိုတော့ ကာယကံရှင် တွေသာသိပါမယ်။
မြန်မာ စစ်အာဏာရှင်တွေဟာ ခေတ်ပညာတတ်နဲ့ ပညာရှိတွေ တိုင်းပြည်ရဲ့အဖူးအညွန့်တွေကို ပွက်ပွက် ဆူနေ တဲ့ရေနွေးပူနဲ့ လောင်းပစ်ခဲ့တယ်။ တရုတ်ကုလား သန်းချီပြီး သွင်းပစ်ခဲ့တယ်။ တိုင်းပြည်မှာ ရှိသမျှ မြေပေါ်မြေအောက် သယံဇာတတွေကို ရောင်းစားသွားခဲ့တယ်။ ရေတွက်မရနိုင်တော့တဲ့ နိုင်ငံပိုင် ရွှေငွေနဲ့ ကျောက်သံပတ္တမြားတွေကို နိုင်ငံတကာ ဘဏ်တွေမှာ အပ်နှံထားပြီးဖြစ်တယ်။ သူတို့ စိတ်တိုင်းကျ လုပ်ပြီး ဖြစ်ချင်ရာဖြစ် တော့ကွာ ဆိုပြီး တိုင်းပြည်ကို တရုတ် လက်ထဲ ၀ကွက် အပ်ခဲ့တော့တယ်။
စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက အာအက်အေ က ထုတ်လွှင့်တဲ့ အင်တာဗျူး တစ်ခုမှာ ပြည်တွင်းမှ စာရေးဆရာကြီး လူထုဦးစိန်ဝင်း က “မန္တလေး မှာ ၇၀ ရာခိုင်နုန်း လောက် လူတွေက ဗမာစကားကို လုံးဝ မပြောတတ်တဲ့ မျက်နှာစိမ်း တရုတ် တွေ လုံးဝ လွှမ်းမိုး ထားလိုက်ပြီ။ စီးပွားရေး အချက်အချာ နေရာတွေမှာ တရုတ်စာနဲ့ အင်္ဂလိပ်စာပဲရှိပြီ။ ဗမာစာနဲ့ ဗမာဆိုင်တွေ မတွေ့တော့ဘူး။ တရုတ် ကိုလိုနီဖြစ် တော့မယ်။
ဒီလို လူမှုရေး အရ နယ်ချဲ့မှုနဲ့ စီးပွား ရေး အရ နယ်ချဲ့မှုတွေဟာ အလွန်ကြောက်စရာ ကောင်းတယ်။ နောက် နှစ် ၂၅/၃၀ မှာ ဧရာဝတီ ပျောက်သွားမှာ ဖြစ်သလို ဗမာလူမျိုး၊ ဗမာနိုင်ငံ ဗမာမြေပုံ ဆိုတာလည်း ပျောက်ကွယ် သွားနိုင်တယ်“ လို့ ပြောဆို သွားပါတယ်။
အလားတူပဲ ခု ကျင်းပနေတဲ့ ပြည်သူလွှတ်တော် မှာ ရခိုင်အမတ် ဒေါက်တာအေးမောင် ကလည်း “ကျနော်တို့ တွေဟာ နိုင်ငံရေးတစ်ခု ပြဌာန်းခံ ပြည်နယ် လေးတစ်ခု မဖြစ်သွားဖို့ လိုပါတယ်။ သတိပြု ဆင်ခြင်ရမယ့် အန္တရာယ်တွေက စီမံကိန်းကြီး တွေရဲ့နောက်မှာ ရှိနေတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်’’ ဆိုပြီး ၀ီကလီး ဂျာနယ်ပါ ပြောဆိုချက် ကိုလည်း ဆရာ လူထုဦးစိန်ဝင်းက ကိုးကား ပြောဆိုသွားခဲ့တယ်။

ရက်ပိုင်းအတွင်းမှာ လျှပ်စစ်ဝန်ကြီးက ပြည်တွင်းမှာ လျှပ်စစ်ဓါတ်အားတွေ သုံးမကုန်လို့ ရောင်းရတာလို့ ဗြောင်လိမ်သေးတယ်။ စိုက်ပျိုးရေး ကိုအခြေခံ၍ တခြားစီးပွားရေးများကိုလည်း…လို့ ၂၃နှစ်တိုင်တိုင် တကြော်ကြော်အော်နေခဲ့တယ်။ မြန်မာပြည်မှာ နှစ်စဉ် ဓါတ်မြေသြဇာ လိုအပ် ချက်က မက်ထရစ်တန်ချိန် ၃ သန်း။ မြန်မာပြည်မှာ နှစ်စဉ်ထုတ်လုပ်နိုင်တာက တန်ချိန် လေးသောင်းခန့်တဲ့။ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် (လယ်/စိုက် ၀န်ကြီး)အပြောကို ကိုးကားပြီးတော့ သြဂုတ်လ ၉ ရက်နေ့ကပြည်တွင်းထုတ် ၀ီကလီဂျာနယ်မှာ ရေးထားတယ်။
အသေးစိတ် ရေးရင်ဆုံးတော့မှာ မဟုတ်တော့ဘူး။ ဆေးရှိ တဲ့ဆေးရုံနဲ့ ပါမစ် ကိစ္စတွေ အခြား ဟာတွေကို ပြောရင် ပြောမဆုံးပေါင်ဖြစ်မယ်။ မိမိတို့ လုပ်တာ ကိုင်တာတွေ မှားနေပြီ။ ပြောချင် တိုင်းပြောလို့ မဖြစ် လုပ်ချင်းတိုင်းလုပ်လို့ မဖြစ်တော့ဘူး။တော့ဘူး။ လိမ်ချင်တိုင်းလိမ်တာတာတွေကိုရပ်သင်ပြီ။ အမြင်မှန် ရပြီး တိုင်းပြည်ကို တိုးတက် စေချင်သူတွေနဲ့ စစ်မှန်ပြီး ဘက်မလိုက်တဲ့ ပညာရှင်တွေရဲ့ အကြံကောင်း ဉာဏ် ကောင်း တွေကို ယူပြီးတော့ ပြည်သူ အမှန်တကယ် ရွေးကောက် တင်မြှောက်တဲ့ အစိုးရတစ်ရပ်နဲ့ မြန်မာ ပြည်ကို ထူထောင်သင့်ပါပြီ။
မွဲပြာကျနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကံကြမ္မာဟာ မြန်မာနိုင်ငံသားတွေ လက်ထဲမှာမရှိတော့ဘူး။
ဗြိတိသျှ လက်အောက်က လွတ်မြောက်ဖို့ နှစ်တစ်ရာကျော်ကြာခဲ့တယ်။ တစ်နိုင်ငံတည်းသား မြန်မာစစ်အာ
ဏာရှင်(စစ်တပ်)အုပ်ချုပ်တာကို နှစ်ပေါင်း ခြောက်ဆယ်ကျော် ခံခဲ့ပြီဖြစ်တယ်။ လက်ထပ်ဖို့ ဇနီးလောင်း မရှိပဲ သွေးသား ဆာလောင် မွတ်သိပ်နေတဲ့ တရုတ်အမျိုးသား တွေရဲ့အန္တရာယ်ကလည်းမလွယ်။ ကမ္ဘာ့ အင်အားကြီး တရုတ်နိုင်ငံ လက်ခုတ်ထဲကို သာ ရောက်သွားလို့ကတော့ မြန်မာနိုင်ငံဆိုတာ ပြတိုက်ထဲမှာပဲ တွေ့ရတော့မယ်။. . . မတွေးဝံ့၊ ရေးဝံ့တော့ပါဘူးဗျာ။----------------------

**ကျော်သောင်း **
၂၀၁၁ စက်တင်ဘာ (၁၉)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)