**မီတာ ၂၀၀ အပြေးပြိုင်ပွဲအူစိန်ဘော့ဗိုလ်စွဲ**
(ဒေဂူ၊ စက်တင်ဘာ ၄)
တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးမြို့၌ကျင်းပလျက်ရှိသည့် ကမ္ဘာ့ပြေးခုန်ပစ်အားကစားပြိုင်ပွဲတွင် ဂျမေကာအပြေးသမား အူစိန်ဘော့သည် အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အူစိန်ဘော့သည် စံချိန် ၁၉.၄၀ စက္ကန့် ပန်းဝင်ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ယင်းစံချိန်မှာ ၄င်း၏ တတိယအမြန်ဆုံး စံချိန်သစ်ကို တင်လိုက်ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံမှ ဝေါလ်တာဒစ်က စံချိန် ၁၉.၇၀ စက္ကန့်ဖြင့် ဒုတိယငွေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။ ပြင်သစ်မှ ခရစ္စတိုဖာလေမိုက်ထရီက စံချိန် ၁၉.၈၀ စက္ကန့်ဖြင့် ကြေးတံဆိပ် ဆွတ်ခူးခဲ့သည်။ (အင်တာနက်)
**နီကိုလပ်ကိတ်ခ်ျ၏ Frank or Francis ဇာတ်ကားရုံတင်မည်**
(လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၄)
ဟောလိဝုဒ်ရုပ်ရှင်မင်းသား နီကိုလပ်ကိတ်ခ်ျရဲ့ Frank or Francis ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံတစ်ဝန်းမှာ မကြာမီရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကမှ အပြီးသတ်ရိုက်ကူးနိုင်ခဲ့တာဖြစ်တဲ့အတွက် အသေးစိတ်တည်းဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကားဟာ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်မင်းသားနီကိုလပ်ကိတ်ခ်ျရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေက ရုံတင်မပြခင်ကတည်းက စိတ်ဝင်စားမှုရှိနေကြပြီဖြစ်ပါတယ်။ နီကိုလပ်ကိတ်ခ်ျဟာ THE CROODS လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားကိုလည်း ရိုက်ကူးနေပြီး လာမယ့် ၂၀၁၃ ခုနှစ်မှာ ရုံတင်ပြသနိုင်အောင် ကြိုးစားနေပါတယ်။ (အင်တာနက်)
**ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ကမ္ဘာ့နံပါတ်တစ် ဒီဂျိုကိုဗစ် ဖလားဆွတ်ခူးရန် ရေပန်းစား**
(နယူးယောက်၊ စက်တင်ဘာ ၄)
ကမ္ဘာ့နံပါတ်တစ် တင်းနစ်ကစားသမား နိုဗက်ဒီဂျိုကိုဗစ်သည် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒေဗီဒန်ကိုအား တတိယအဆင့်၌ အနိုင်ရခဲ့ပြီး နောက် ပထမဆုံးသော ယူအက်စ်အိုးပင်းဖလားဆွတ်ခူးရန် ရေပန်းစားနေသည်။ ဆာဘီးယား တင်းနစ်ကစားသမာ ဒီဂျိုကိုဗစ်သည် ဒေဗီဒန်ကိုအား ၆-၃၊ ၆-၄၊ ၆-၂ ဖြင့် အနိုင်ရလိုက်ခြင်းဖြစ်သည်။ သူသည် လာမည့်နောက်တစ်ဆင့် ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂၂ ရှိ ယူကရိန်း တင်းနစ်ကစားသမား အလက်ဇန္ဒား ဒေါ်ဂိုပိုလော့ဗ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment