**ဒုံးကျည်အသစ် ရုရှားစမ်းသပ်ပစ်လွှတ်**
(မော်စကို၊ စက်တင်ဘာ ၄)
ရုရှားနိုင်ငံက တိုပိုလ် RS-12 M အမည်ရှိ ဒုံးကျည်အသစ်တစ်စင်းကို စက်တင်ဘာ ၃ ရက်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်လိုက်ကြောင်း ပြည်တွင်းမီဒီယာများက စက်တင်ဘာ ၄ ရက်၌ သတင်းဖော်ပြသည်။ ၄င်းတိုပို RS-12 M ဒုံးကျည်သစ်ကို ၂၃ နှစ်ကြာသုတေသနပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ရုရှားနိုင်ငံအာခန်ဂီလ်ဒေသပလီဆက်အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ စမ်းသပ်ပစ်လွှတ်ရာတွင် ရုရှားနိုင်ငံခမ်ချက်ကာကျွန်းအရှေ့ဖျားရှိ ပစ်မှတ်ကို တည့်မတ်စွာ ထိမှန်ခဲ့ကြောင်း ရုရှားသတင်းဌာန အင်တာဖက်က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
(Typhoon Talas kills at least 19 people in Japan)
**တာလတ်စ်မုန်တိုင်း ဂျပန်နိုင်ငံအနောက်ပိုင်း၌ တိုက်ခတ် ၁၉ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရရှိ**
(တိုကျို၊ စက်တင်ဘာ ၄)
ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် စက်တင်ဘာ ၄ ရက်က တာလတ်စ် (Talas) အမည်ရှိ တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး ၁၉ ဦးသေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြသည်။ အဆိုပါမုန်တိုင်းသည် စက်တင်ဘာ ၃ ရက်က ရှိကိုကူးကျွန်းသို့ဝင်ရောက်ခဲ့ပြီး မိုးသတ်လေပြင်းများကျရောက်ခဲ့သည်။ လေတိုက်နှုန်း တစ်နာရီ ၆၈ မိုင်နှုန်းဖြင့် ၀င်ရောက်ခဲ့ ခြင်းဖြစ်သည်။ (အင်တာနက်)
**အီရန်နိုင်ငံ၌ ခရီးသည်တင်လေယာဉ် အရေးပေါ်ဆင်းသက်၊ ခရီးသည်အချို့ဒဏ်ရာရ**
(အီရန်နိုင်ငံမှ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်လိုင်းဖြစ်သည့် မာဟန်လေကြောင်းလိုင်းမှ ခရီးသည်လေယာဉ်တစ်စင်းသည် လေယာဉ်ဦးပိုင်း၌ ရုတ်တရက် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် အီရန်နိုင်ငံအရှေ့မြောက်ပိုင်း မက်ဟက်မြို့မြေပြင်သို့ စက်တင်ဘာ ၃ ရက်က အရေးပေါ်ဆင်းသတ်ခဲ့ရကြောင်း အီရန်သတင်းဌာနက အိုင်အာအင်န်အေက သတင်းထုတ်ပြန်သည်။ မာဟန်အဲလေကြောင်းလိုင်းမှ ၄င်းလေယာဉ်သည် ခရီးသည် ၂၃၀ ကို တင်ဆောင်ကာ တီဟီရန်မြို့မှ မက်ဟက်မြို့သို့ ဦးတည်ပျံသန်းလာစဉ် စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခန့်က မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**တရုတ်ကျောက်မီးသွေးတွင်း၌ ရေကြီး၊ ၁၀ ဦးသေဆုံး**
**တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် စက်တင်ဘာ ၃ ရက်ကကျောက်မီးသွေးမိုင်းတွင်းတစ်တွင်း၌ ရေကြီးမှုဖြစ်ပွားရာ ၁၀ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသအာဏာပိုင်များက အတည်ပြု ပြောကြားသည်။ ကယ်ဆယ်ရေးအဖွဲ့သည် စက်တင်ဘာ ၃ ရက် ညနေက တာကျို့မြို့ရှိ ကျန်ကျို့ကျောက်မီးသွေးတွင်းမှ ရုပ်အလောင်း ၁၀ လောင်းအား ပြန်လည်ဆယ်ယူခဲ့ကြောင်း၊ ကျန်နှစ်ဦးမှာ မြေအောက် ပိတ်မိနေကြောင်း ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment