ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 13, 2011

အချစ်ရဲ့ လှေကားထစ်လေးများ

>
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်လောက်က အသက်၁၉နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို မေတ္တာသက်ဝင် ချစ်ခင်မိပါတယ်.. သူချစ်မိတဲ့ မိန်းခလေးဟာ ကောင်လေးထက် အသက်၁၀နှစ် ကြီးတဲ့အပြင် ကလေးရှိတဲ့ မုဆိုးမလေး တစ်ယောက် ဖြစ်ပါတယ်.. ဒီတော့ အချစ်ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းတွေ၊ မိဘ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေက ကလေးအမေ မုဆိုးမလဲဖြစ်၊ ကောင်လေးထက်လဲ အသက်ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သဘောမတူ ကန့်ကွက်ကြတယ်ပေါ့နော်။ အဲဒီခေတ်ကာလတုန်းက အသက်အများကြီး ကြီးတဲ့ မုဆိုးမတစ်ယောက်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ဖို့ဆိုတာ သူတို့ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဖြစ်ရပ်တစ်ခုလို့ လက်ကိုင်ထားကြတဲ့ အချိန်လဲ ဖြစ်ပါတယ်။ ဒီတော့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့အတင်းစကားဆိုမှုတွေ၊ မိဘဆွေမျိုးတွေရဲ့ မကြည်ဖြူမှုတွေကို ရှောင်လွဲနိုင်ဖို့အတွက် ချစ်သူနှစ်ဦးဟာ လူတွေနဲ့ ဝေးတဲ့တစ်နေရာကို ထွက်ပြေးကြပြီး ဘ၀သစ်ကို စကြဖို့ ဆုံးဖြတ်လိုက်ကြကာ သူတို့နေထိုင်တဲ့ မြို့ငယ်ကလေးနဲ့ဝေးရာ တောင်တန်းတစ်နေရာကို ထွက်ပြေးကြပါတော့တယ်။

လူနေမှုအသိုင်းအ၀ိုင်းကနေ ထွက်ပြေးသွားခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ တောင်ပေါ်တစ်ခုက ကျောက်ဂူတစ်ခုထဲမှာ သူတို့ရဲ့ ဘ၀ကို စတင်ခဲ့ကြရတယ်.. အဲဒီမှာဘဲ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အခြေအနေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်.. သူတို့နေတဲ့ တောင်ထိပ်ရောက်အောင် တက်ဖို့ဆိုတာ လမ်းရယ်လို့လဲ မရှိဘဲ ခက်ခက်ခဲခဲ ကုတ်ကပ် တွယ်တက်မှသာ ရောက်နိုင်ပါတယ်.. လက်ဗလာနဲ့ စတင်ကြတဲ့ သူတို့ဘ၀ဆီမှာ ဘာဆိုဘာမှ မရှိ၊ လျှပ်စစ်မီးမပြောနဲ့ စားစရာတောင် မရှိတဲ့ နေ့ရက်တွေကို တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ရင်း ခက်ခဲစွာ ကျော်ဖြတ်ကြရပါတယ်.. တောင်ပေါ်မှာတွေ့တဲ့ မြက်နုကလေးတွေ၊ စားကောင်းမယ် ထင်ရတဲ့ အရွက်တစ်ချို့နဲ့ သစ်ဥ၊ သစ်မြစ်ကလေးတွေကို စားပြီး အသက်ဆက်ခဲ့ရပါတယ်.. ကောင်လေးဟာ မိန်းခလေးကို အစစအရာရာ ညှာတာပြီး တောတောင်ထဲမှာ ရနိုင်သမျှ အစားအသောက်လေးတွေကို ရှာဖွေလို့ ကျွေးမွေးပြုစုရှာပါတယ်.. အနီးနားဝန်းကျင်မှာ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေတွေကိုလဲ ခုတ်ထွင်ရှင်းလင်းပြီး အသီးအရွက်လေးတွေ ရှာဖွေစိုက်ပျိုးပါတယ်။ ဘ၀က ခက်ခဲပင်ပန်းလွန်းပါတယ်.. ဒါပေမဲ့ သူတို့ ၂ယောက်ဟာ စိတ်မပျက်ဘဲ တစ်ယောက်ကို တစ်ယောက်အားပေးရင်း နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။

ညအချိန်တွေမှာ ထွန်းညှိဖို့ မီးအိမ်လေးတစ်ခုကို ကောင်လေးက သူကိုယ်တိုင် ပြုလုပ်ပြီး သူတို့ဘ၀တစ်လျှောက်လုံး ဒီမီးအိမ်ကို အသုံးပြုခဲ့ကြပါတယ်.. မိန်းခလေးဟာ ကောင်လေးကို အမြဲမေးတတ်တဲ့ မေးခွန်းလေးတစ်ခုက “ မင်း ငါနဲ့အတူတူ ခုလို ဘ၀မျိုးနဲ့ ပင်ပင်ပန်းပန်း နေရတာ နောင်တမရဘူးလားဟင်” ဆိုတဲ့ မေးခွန်းလေးပါ။ ကောင်လေးက “ အချစ်ရယ်.. ငါတို့တွေ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား လုပ်နေကြသားဘဲ။ ငါတို့ဘ၀ အခြေအနေတွေဟာလည်း ခုထက်ပိုပြီး ကောင်းမွန်လာမှာပေါ့။ ခုလဲ မင်းနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် နေနေရသားဘဲ.. ဘာများ နောင်တရစရာ ရှိသလဲ” လို့ အမြဲတမ်း ပြန်ဖြေတတ်ပါတယ်။ ဟုတ်သားဘဲနော် ချစ်သူနဲ့ ၂ယောက်အတူတူ နေရရင် ခက်ခဲဆင်းရဲပင်ပန်းပေမဲ့ ချစ်သူမျက်နှာ၊ ချစ်သူအပြုံးကိုကြည့်လို့ အမောဖြေနိုင်သားဘဲလေ။ ဘေးနားမှာ နားလည်ပေးနိုင်စွမ်းရှိတဲ့ နူးညံ့သိမ်မွေ့တဲ့ ချစ်သူဟာ ကောင်လေးအတွက်တော့ ခွန်အားတစ်ခုဘဲမဟုတ်လား။

အဲဒီတောင်တန်းပေါ်က ဂူလေးတစ်ခုထဲမှာ အတူတူနေထိုင်ကြတာ ၂နှစ်မြောက်တဲ့ အခါမှာတော့ ကောင်လေးဟာ သူချစ်တဲ့ မိန်းခလေးအတွက် တောင်အောက်ကို အလွယ်တကူ တက်ဆင်းပြုနိုင်ဖို့ မာကြောတဲ့မြေသားတွေကို ထွင်းထုပြီး လှေခါးထစ်တွေကို စတင်ပြုလုပ်ပါတော့တယ်…။
.........................................

(အချစ်ရဲ့ လှေကားထစ်လေးများ -ချစ်သူအတွက် ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်များပေါ်မှာ တွဲလက်ခိုင်ခိုင်)

......................................
ကောင်လေးဟာ အနှစ် ၅၀ လုံးလုံး တောင်နံရံတွေကို သူကိုယ်တိုင် ထွင်းထုပြီး လှေခါးထစ်တွေ လုပ်လာခဲ့တာ စုစုပေါင်း လှေခါးထစ်လေးတွေ ၆၀၀၀ ကျော်ပါတယ်.. သူဖောက်လုပ်ခဲ့တဲ့ လှေကားထစ်တွေဟာ ချစ်သူအတွက် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ဖောက်လုပ်ခဲ့တာမို့ နှစ်တွေဘယ်လောက်ကြာကြာ ခိုင်ခံ့စွာ တည်ရှိနေမယ်လို့ သူယုံကြည်တယ်လေ။ ဒီလိုနဲ့ သူတို့ ချစ်သူနှစ်ဦးဟာ လူသူမနီး တောင်တန်းကြီးပေါ်က ဂူလေးထဲမှာ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ရွှင်စွာနဲ့ နှစ်ပေါင်း ၅၀ကျော်တဲ့ အထိအောင် သားတွေ သမီးတွေနဲ့ နေထိုင်ခဲ့ကြပါတယ်။

ဟိုတုန်းက အသက် ၁၉နှစ်အရွယ် ကောင်လေးဟာ အသက်အရွယ်ရလာလို့ အဖိုးအရွယ်ဖြစ်လာတဲ့ အသက်၇၂နှစ်မှာ သူနေ့စဉ် အလုပ်လုပ်နေကျ ယာခင်းလေးဆီကနေ အပြန် အိမ်အရောက်မှာ ရုတ်တရက် လဲပြိုကျသွားပြီး သူချစ်တဲ့ အမျိုးသမီးရဲ့လက်ထဲမှာဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်.. အဖိုးအိုဟာ အသက် သေဆုံးသွားတာတောင် သူ့ချစ်သူရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးမှ အသက် ထွက်သွားခဲ့ပါတယ်။

အဲဒီအချိန်မှာ သူ့အမျိုးသမီးက အသက်၈၂အရွယ် ရှိနေပါပြီ။ အဖွားအိုဟာ နေ့စဉ်နေ့တိုင်းဘဲ သူ့ယောက်ျားရဲ့ အလောင်းထည့်ထားတဲ့ အနက်ရောင်ခေါင်းတလား အစွန်းလေးကို ဆုပ်ကိုင်ပြီး “မင်း ငါ့ကို ကတိပေးခဲ့တယ်လေ. ငါသေတဲ့နေ့အထိ မင်းဟာ ငါ့ရဲ့ အနားကနေ တစ်ဖ၀ါးမှမခွာ ရှိနေပြီး ငါ့ကို စောင့်ရှောက်ပါ့မယ်ဆို။ ငါနဲ့အတူ ရှိနေပါ့မယ်ဆို။ ခုတော့ မင်းက ငါ့ကို အရင်ခွဲသွားခဲ့ပြီနော်။ မင်းမရှိဘဲနဲ့ ငါဘယ်လိုများ ဆက်ပြီး အသက်ရှင်နေထိုင်ရပါ့မလဲ” လို့ တတွတ်တွတ်နဲ့ ပြောဆိုရင်း ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေက တစ်လိမ့်လိမ့် စီးကျနေခဲ့ပါတယ်။ အဖွားအိုစိတ်ထဲမှာ သေချာပေါက် တွေးနေပါလိမ့်မယ်.. “ဘာလို့များ သူ့ကိုပါ တစ်ပါတည်း ခေါ်မသွားဘဲ တစ်ယောက်တည်း ချန်ခဲ့ရတာလဲ” လို့။

**အသက် ၇၂နှစ်အရွယ် အဖိုးအိုနဲ့ အသက်၈၂နှစ်အရွယ် အဖွားအို**

**အဖိုးအို Liu**

ဒီဇာတ်လမ်းလေးဟာ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ တရုတ်နိုင်ငံရဲ့ တစ်ခုသော ပြည်နယ်မှာ တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ ချစ်သူနှစ်ဦး ထွက်ပြေးသွားကြပြီး ရာစုနှစ် တစ်ဝက်လောက်ကြာပြီးတဲ့ နောက် ၂၀၀၁ခုနှစ်မှာမှ တောတောင်ထဲကို စွန့်စွန့်စားစား ခရီးသွားကြတဲ့ အဖွဲ့တစ်ဖွဲ့ဟာ လူသူမနီးတဲ့ တောကြီးထဲက အဖိုးအိုအဖွားအို စုံတွဲနဲ့အတူ အံ့သြဖွယ် လှေကားထစ်ကလေးတွေကို တွေ့ရှိရာကစလို့ သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို လူတွေ သိခွင့်ရသွားကြတာ ဖြစ်ပါတယ်။ အဖိုးအို အဖွားအိုတို့ရဲ့ ၇ယောက်မြောက် သားက “ကျွန်တော့်အဖေနဲ့ အမေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်ကိုချစ်ကြပါတယ်.. သူတို့၂ယောက်ဟာ အတူတူနေခဲ့ကြတဲ့ အနှစ်၅၀လုံးလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ရက်ကလေးတောင် ခွဲပြီး မနေခဲ့ကြဖူးပါဘူး.. ကျွန်တော့်အမေဟာ တောင်အောက်ကို အတက်အဆင်း ပြုလုပ်ခဲပေမဲ့ အမေ သက်တောင့်သက်သာနဲ့ အတက်အဆင်းပြုလုပ်နိုင်ဖို့ အဖေဟာ သူကိုယ်တိုင် သူ့လက်နဲ့ တောင်နံရံတွေကို ထွင်းပြီး လှေကားထစ်လေးတွေ စုစုပေါင်း ၆၀၀၀ကျော်ကို နှစ်ပေါင်းများစွာ ဖောက်လုပ်ခဲ့တာပါ။ ” လို့ ပြန်ပြောပြပါတယ်။

**နေအိမ်ကလေးရဲ့ အတွင်းမှာ**

တရုတ်ပြည်မှာတော့ ဒီဇာတ်လမ်းလေးဟာ နံမည်ကျော်ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေး တစ်ခုအဖြစ် ထင်ရှားကျော်ကြားလာပါတယ်။ အဲဒီ ဒေသက နယ်မြေ အုပ်ချုပ်သူတွေကလည်း ချစ်သူနှစ်ဦး အတူတူနေထိုင်ခဲ့ကြတဲ့ နေရာလေးနဲ့ အဖိုးအို ဖောက်လုပ်ခဲ့တဲ့ လှေကားထစ်လေးတွေကို ပြတိုက်လေးတစ်ခု အဖြစ် ထိမ်းသိမ်းစောင့်ရှောက်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်…. ဒီတော့ ချစ်သူနှစ်ဦးရဲ့ စံပြ အချစ်ဇာတ်လမ်းလေးနဲ့ အမှတ်တရတွေဟာ နောင်လာနောက်သားတွေ ကြည့်ရှုနိုင်ဖို့ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့နေပေလိမ့်ဦးမယ် မဟုတ်ပါလားနော်။ အချစ်စစ်အချစ်မှန်ရင် အဆင့်အတန်း၊ အသက်အရွယ်၊ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားပြီး ဘယ်လောက်တောင် ခက်ခဲပင်ပန်းတဲ့ ဘ၀ကို ရင်ဆိုင်ရသည်ဘဲဖြစ်စေ သက်ထက်ဆုံးတိုင် အတူတကွ ချစ်ခင်မြတ်နိုးစွာ နေနိုင်ကြတယ်ဆိုတာ ဒီဇာတ်လမ်းလေးက အကောင်းဆုံး သက်သေဘဲ မဟုတ်ပါလား။ သို့သော်လည်း နှစ်ဦးစလုံးရဲ့ ရင်ထဲမှာတော့ ခိုင်မာစွဲမြဲတဲ့ ချစ်ခြင်းမေတ္တာတရားက နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေဖို့တော့ လိုအပ်ပါတယ်နော်။ မဟုတ်ရင်တော့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကို ရင်ဆိုင်ရတဲ့အခါမှာ စိတ်တူကိုယ်တူ အပင်ပန်းခံ ကျော်ဖြတ်နိုင်ကြလိမ့်မယ် မထင်ပါဘူး။ ချစ်ခြင်းမေတ္တာကို အလေးအနက် တန်ဖိုးထားကြသူများအတွက် “အချစ်ရဲ့လှေကားထစ်လေးများ” က အင်အားတစ်ခု ဖြစ်နိုင်ကြပါစေရှင်။

Funzug.com မှ A Love Story of All Time ကို နှစ်ခြိုက်မိသဖြင့် မဖတ်ရသေးသူများ အတွက်ရော၊ ဖတ်ဖူးပြီးသူများပါ အသစ်တစ်ဖန် ပြည်လည်ခံစားနိုင်ဖို့ ဘာသာပြန်ကာ ပြန်လည် မျှဝေပါသည်။

စစ်မှန်သော ချစ်ခြင်းမေတ္တာရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ ခိုလှုံနိုင်ကြပါစေရှင်။

**ချော(အစိမ်းရောင်လွင်ပြင်) **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)