ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 18, 2011

နောင်တမရချင်ပါ...

>
.............
“…အောင်အောင် နင် ငါ့ပိုက်ဆံအိတ်ထဲက ငါးထောင်ယူသေးလား”

“ဟ..ငါက ဘာလို့ယူရမှာလဲ..အလုပ်မရှိတဲ့သူဆိုပြီး နင်မစွပ်စွဲနဲ့ဟ”

မပြောချင်တော့ပြီ။ အိတ်ထဲက ငွေငါးထောင် ခြေထောက်ပေါက် ပြေးလေရော့သလား။
မိသားစုလေးယောက် ရှိတဲ့ထဲမှာ အမေနှင့်အဖေက မယူနိုင်။ ယူစရာ
ဒီတစ်ယောက်သာရှိသည်။ ရှိစေတော့။ သူမက ပိုက်ဆံအိတ်ကို
လက်လွတ်စပယ်ထားခဲ့မိသည်ကိုး။ ဆက်ပြောရင်လည်း အောင်အောင့်ကိုပြောလျှင်
အမေနှင့်အဖေက သူမကိုပဲဆူဦးမည်။ ကိုယ့်ကိုယ်သာ စိတ်ကုန်ရင်း
……ဆိုင်ကောင်တာတွင်သာ သွားထိုင်မိတော့ပြီ။

သူမထက် အသက်နှစ်နှစ်သာကြီးသောထိုအစ်ကိုသည် သူမအပေါ်ကောင်းကျိုးပေးခြင်း
တခါမျှ မရှိခဲ့ဖူး။။

ပညာကိုလည်း ဆုံးခန်းတိုင်အောင်မသင်။ အချိန်ရှိသရွေ့ သူမနှင့်ပဲ
ထိပ်တိုက်တွေ့နေသည်မှာ စိတ်ပျက်စရာ။

@@@@@@@

“အမေ့ သားကို သုံးသောင်းလောက်ရှာပေးပါ..အရေးကြီးလို့..ရှာပေးစမ်းပါဗျာ”

“ဟဲ့ ငါ့မှာဘယ်ရှိမလဲ..ငါ့ရုံးလစာလေးနဲ့
မနည်းလောက်အောင်သုံးနေရတာကို..နင့်အဖေပေးတာက
ခြောက်သောင်းတည်းရယ်..နင့်ညီမပေးတဲ့
ခြောက်သောင်းကဖြင့်ကုန်ပေါ့..ဒီကြားတည်း နင့်ပေးရသေးတယ်..ဟိုတစ်နေ့ကပဲ
နှစ်သောင်း..ငါ့လက်ထဲ ခုမရှိဘူးဟဲ့”

့ အနောက်ဘက်ဆီမှ တီးတိုး တွတ်ထိုးနေသောအသံများ။
အမ်ပီဖိုးလေးနားထောင်ဟန်နှင့် နားကြပ်တပ်ထားသောသူမ အသံပိတ်ထားသောကြောင့်
စကားအားလုံးအားရှင်းလင်းပြတ်သားစွာကြားရသည်သာ။ သွားပြီ။ ပြီးလျှင်
သူမရှာပေးဖို့ အမေပြောတော့မည်။ ဖြစ်ချင်တော့ ဒီနေ့မှပဲ မဲထုတ်ရက်။ တစ်နေ့
သုံးထောင်နှုန်းနှင့် လူဆယ်ယောက်စုသောမဲထုတ်ရက်။ ဘယ်အရာကိုမှ
ကွယ်ဝှက်ထားခြင်းမရှိခဲ့တာ မှားပြီထင်သည်။ ညနေမပေးလျှင် သူမ နှင့်
အမေစကားများတော့မည်။

“မကြီး ဒီအထည်က ဘယ်လောက်လဲ”

“သုံးထောင့်ငါးရာ ညီမလေး..ညီမလေးနဲ့ဆိုလိုက်တာပဲ အသားက ဖြူဖြူဝင်းဝင်းလေးဆိုတော့လေ”

ကောင်လေးနှင့်ကောင်မလေးနှစ်ယောက် အနည်းငယ် စကားတွတ်ထိုးပြီး ဝယ်သွားကြ၏။
ဘွဲ့လေးရပြီး အလုပ်လုပ်ချင်သည်ဟု အဖေ့ကိုပြောသောကြောင့် ဖွင့်ပေးသော
ဆိုင်လေး။ ဒီဘေထုပ်ဆိုင်လေးကိုဖွင့်ကာစကဖြင့် မောင်အောင်အောင်က
အဖေ့ကိုလည်းပြောသည်။ အမေ့ကိုလည်းပြောသည်။ ဒီသမီးကို ဒီလိုဆိုင်ထောင်ပေးတာ
အကြွေးတင်ဖို့ပဲ ဖြစ်မှာပဲ ဆိုပြီး။ နေ့ရှိသရွေ့ညရှိသရွေ့ပြောသော
မောင်အောင်အောင်။ ခုတော့ ညီမလက်ထဲကငွေကို မအေဖြစ်သူနှင့် တဖက်လှည့်
တောင်းပြန်ပါသည်။ ကိုယ်တိုင်တော့ဖြင့် အလုပ်လုပ်ဖို့ မကြိုးစား။
ဘိလိယက်ခုံဝင်လိုက်၊ ဇယ်တောက်လိုက်နှင့်။ ဒီကြားထဲ
နှစ်လုံးဆိုတာကိုလည်းလုပ်သေးသည်။ သုံးလုံးလည်း မလွတ်။

ဟော…အတွေးမဆုံးခင် မဲလျော်သောသူပင်လာချေပြီ။ ငွေတို့ကိုရေတွက်ရင်း
ဆိုင်အတွင်းဘက် မသိမသာကြည့်မိတော့ မောင်အောင်အောင်တစ်ယောက်
အမေ့ခန္ဓာကိုယ်ကို လှုပ်ပြီးတီးတိုးပြောနေသည်ပဲ။ခေါင်းက
သူမဘက်လှည့်ကြည်လိုက်သေးသည်။

“ညီမလေးရေ နောက်သုံးယောက်ဆိုပြီးပြီနော်..နောက်တခေါက်ကျရင်
မဲငွေတိုးမလားလို့ တနေ့ ငါးထောင်လေ….”

သြော်..ဟုတ်..ရတယ် အစ်မ ကျွန်တော်စုမယ်”

“အေး..အေးး..သွားပြီနော်”

“ဟုတ်..ကျေးဇူးနော် အစ်မ”

“အငယ်မ နင် ဒီနေ့မဲထုတ်တယ်မလား..ငါ့ကို သုံးသောင်းလောက်ပေးစမ်း”

“အမေ့သားအတွက်ပဲမလား..သူက ဘာအလုပ်မှ မလုပ်ပဲ ဘာလို့
ပိုက်ဆံတွေစွတ်ကုန်နေရတာလဲဗျ..အမေတို့အဲလိုအလိုလိုက်ရင် နောက်ဆို
သူဘယ်လိုလုပ် နေမှာလဲ..စားမှာလဲ…သူမိန်းမရရင်ကော အမေ့ဆီက
ဆက်လက်ဖြန့်နေဦးမှာလားဗျ”

သူမ ပြောမိတော့ အမေက မကျေနပ်ပြန်။

“ပေးမှာပေးစမ်းအေ..စကားမရှည်နဲ့..ညည်းမလဲ ဒီအစ်ကိုလေးတစ်ယောက်ရှိတာကို
လိုက်ပြီး ကြေးတမ်းတိုတ်နေတာပဲ…မသိရင် လင်လုဖက်မယားလုဖက်တွေကျလို့”

ပေးလိုက်ရပြန်ပြီ။ မပေးလျှင် အနည်းဆုံးတစ်ပတ်ဆယ်ရက်ထိတော့ အမေ သူမကို
မခေါ်မပြောပဲ နေမည်သာ။

@@@@@@@@@@@@@@@@@

ဟင်း..ပြောနေပြန်ပြီ..သူမမကြားစေချင်သလို တီးတိုးသဏ္ဍာန်ဖြင့်။
လှမ်းကြည့်မိတော့ အမေ့မျက်နှာမကောင်း။ဘာများဖြစ်လို့ပါလိမ့်။

ဟော..အဖေပင်ရုံးမှ ပြန်လာချေပြီ။ ခုထက်ထိ မပြီးသေး။ သူမ အမ်ပီဖိုးလေးကို
လုံးဝပိတ်ထားလိုက်ပြီး အသာနားစွင့်နေလိုက်သည်။

အဖေ မျက်နှာနီသွားပုံကြည့်ခြင်းအားဖြင့် စိတ်တိုသွားဟန်တူသည်။
သိချင်စိတ်က ပိုပြင်းပြလာသည်။

“ဖြောင်း”

အဖေ့ လက်ဝါး အောင့်အောင့်ပုခုံးပေါ်ရောက်သွားသည်။ထူးထူးဆန်းဆန်း
အောင်အောင် ဘာမှပြန်မပြော။ ခေါင်းငုံ့နေသည်။

မျက်ရည်လေးစမ်းစမ်းနှင့်။ အမေကတော့ အဖေ့ကို ဖြောင်းဖြနေဟန်။

“အောင်အောင် မင်းကိုငါပြောမယ်..သူများသားသမီး အတူနေပြီးမှ
ဘာလို့လက်ထပ်ဖို့မပြောလဲကွ..ငါတို့ပြောရင် ငါတို့က
မပေးစားမှာမို့လို့လား..ဟမ်. မိကောင်းဖခင် သားသမီးမဟုတ်တဲ့အတိုင်းပဲ
ခုကလေးတစ်ယောက်မွေးမှပြောပြီး..တော့…ဘာ ကလေးကိုပဲယူမယ်ဟုတ်လား
..မင်းကိုယ်ချင်းစာတရားလေးလည်းထားဦး..မင်းမှာလည်း
နှမရှိတယ်ဆိုတာမမေ့နဲ့”

ဘုရားရေ..ကလေးမွေးပြီတဲ့လား။ဘယ်တုန်းက မိန်းမရလိုက်တာလဲ။
တအိမ်တည်းအတူနေတဲ့ သူမတောင်မသိ။ တစ်ခုတော့ ရှိသည်။ အောင်အောင်က
တစ်ပတ်လျှင် သုံးရက်လောက်တော့ အိမ်ပြန်မအိပ်။
သူငယ်ချင်းအိမ်အိပ်သည်ဆိုပဲ။ ခုတော့ မိန်းမယူထားခြင်းကိုး။

“ကလေးက ဘယ်နေ့ မွေးတာလဲ” အဖေ့မေးသံ။

“ဒီနေ့မနက်မွေးတာ အဖေ..ယောင်္ကျားလေး”

“သြော် စနေသားပေါ့…ဘယ်ဆေးရုံမှာလဲ…မင်းအမေနဲ့မင်းညီမခေါ်သွား..ကြည့်လိုက်…ငါကတော့
သဘက်ခါမှ ရုံးတတ်ရင်း ဆေးရုံဝင်ကြည့်တော့မယ်”

“ဟုတ်”

@@@@@@@@@@@@@@@@@@@@@@@

မိန်းမရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမေနှင့်အဖေ့အတွက်ကတော့ အောင်အောင်သည်
အဖိုးထိုက်တန်လွန်းသော သားလေးတစ်ယောက်။

သူမအတွက်ကတော့ အနှေင့်အယှက်ပေးလွန်းသော အစ်ကိုတစ်ယောက်။
ဒုက္ခပေးလွန်းသောအစ်ကိုတစ်ယောက်။

ဒီအတွေးများနှင့် သူမ ပူလောင်ခဲ့ရသည်။ အောင်အောင့်ကြောင့် အမေတို့နှင့်
ရန်ဖြစ်တိုင်းလည်း သူမဝမ်းနည်းခဲ့ရသည်ပင်။

ဒီတခေါက်တော့ သူမ အောင်အောင်နှင့်ပတ်သတ်၍ ရန်မဖြစ်ရတော့ဘူးထင်သည်။
မိန်းမရပြီး ကလေးပါရပြီဆိုလျှင်ဖြင့် တည်တည်ငြိမ်ငြိမ်အလုပ်တစ်ခုနှင့်
ခြေငြိမ်သွားလောက်သည်။ အမေကလည်း ရုံးကနေပင်စင်ယူပြီးပြီဆိုတော့ သူမနှင့်
အမေရယ်၊၊ အဖေရယ် သားအမိသားအဖသုံးယောက်သာ အိမ်မှာကျန်တော့မည်။
အတွေးလေးမဆုံးသေးခင်ပင်………

အငှားကားပေါ်မှဆင်းလာသော အောင်အောင်နှင့် သူ့မိန်းမ၊ သူ့ကလေး။ အိတ်တွေနှင့်။

အဖေက သူမကိုကြည့်ရင်း

“အငယ်မ သူတို့ကို ငါအိမ်ငှားမရသေးခင်စပ်ကြားတော့ ဒီမှာခဏထားမယ်နော်.သိပ်မကြာပါဘူး”

သက်ပြင်းချမိရင်း

“အဖေ့ အောင်အောင့်အလုပ်က ဘယ်လိုလဲ”

“ငါ ကားငှားပေးလိုက်မယ်လေ…ကကတစ်စီးလောက်…ဒါဆိုသူ့မိသားစု စားလောက်မှာပါ”

“ဟုတ်”

ဟင်း…စိတ်ညစ်ညူးစွာ ချမိလိုက်သော သက်ပြင်းကို အဖေနှင့်အမေသိမှသိပါလေစ။
အောင်အောင်..သိမှသိပါလေစ။

……………….

“အမေ ကျွန်တော့်အမ်ပီဖိုးလေးမြင်မိလား”

“နင်ပဲကိုင်တာလေ…ငါ ဘယ်လိုလုပ်သိမလဲ..အဲဒါမျိုးတွေ ငါမှမကိုင်တတ်တာ”

သိလိုက်ပါပြီ။ အရင်က အကျင့်တွေ ခုထိမပျောက်သေးတဲ့
အောင်အောင့်အကျင့်မှန်း။ အရင်ကလည်း သူမဝယ်သမျှ အမ်ပီဖိုးတွေ ခဏလေး
သတိလက်လွတ်မထားလိုက်နှင့်။ ထားလိုက်တာနှင့်ပျောက်ပြီ။ အောင်အောင်
ယူပြီးရောင်းစားခြင်းပင်။ သူ့ ဘိလိယက်ခုံဖိုးအတွက်။

“အမေ အောင်အောင်ကော”

“ကားထွက်သွားတယ်လေ…နေ့ခင်းတခေါက်ပြန်လာမှမေးကြည့်ပေါ့”

အနောက်ဝယ် ထမင်းချက်နေသော ယောင်းမလုပ်သူကို မသနားနိုင်ပါ။
ဒီလိုအခေါက်ခေါက်အခါခါဆိုလျှင်ဖြင့် သူမ နောက်ကို ပစ္စည်းတွေ
ဘယ်လိုထားရမည်လဲ။

“အမေ အောင်အောင်တို့ကို မဖြစ်မနေအိမ်ငှားပေးတော့ ကျွန်တော်သူတို့နဲ့
အတူမနေနိုင်တော့ဘူး…အဲလိုမှ မဟုတ်ရင် ကျွန်တော် ဘယ်သူ့မှ
မညှာပဲပြောတော့မှာနော်..အမေတို့ပြောတော့ သုံးလေးရက်ပါဆို..ခု
တစ်လတောင်ရှိနေပြီ..အမေ့သားက အချိုးပြောင်းတာလည်း မဟုတ်ဘူး..ဒီဆိုင်ခန်း
ဘုတ်ကလုတ်ကျင်းလေးထဲမှာ နေဖို့မဖြစ်တော့ဘူး..အမေ့သားကို
အိမ်ငှားပေးမလား..ကျွန်တော်ထွက်သွားရမလား…အဲဒီနှစ်ခုထဲက တစ်ခုပဲရွေး”

အောင်အောင်ပင်ပြန်လာချေပြီ။ သူ့လက်ထဲဝယ် သူမအမ်ပီဖိုးလေး။ ဘာစကားမှ
ပြောမနေပဲ အမ်ပီဖိုးလေးကိုသာ ဆက်ခနဲ ဆွဲယူ၍ သူမထွက်လာခဲ့တော့သည်။
ဆိုင်ခန်းကောင်တာဆီသို့။ သူမလည်း တစ်ခါတရံတော့ ဆိုးကြည့်ချင်ပါသည်။
အမေနှင့်အဖေ့ကို ငှဲ့၍ အတိုက်အခံမပြောပါပဲ
အောင်အောင်တို့မိသားစုနှင့်နေလာခဲ့သည်မှာ တိတိပပဆိုသော် တစ်လနှင့်
ဆယ့်တစ်ရက်ရှိပြီ။ အိမ်ငှားပေးမည် ဆိုသည့်အဖေလည်း သူမက ဘာမျှမပြောတော့
အမေ့ခံနေသည်ပင်။ အတူသာနေသည်။ သူမ ယောင်းမနှင့်နေခြင်းကို နေသားမကျသလို
ကလေးနှင့် နေရခြင်းကိုလည်း နေသားမကျ။ ဒီကြားထဲ ဆိုးသည်က အမေက ကလေးကို
သူမအား ထိန်းရန်လာလာပေးသည့်အချက်ပင်။ မောင်နှမနှစ်ယောက်
သင့်မြတ်စေဖို့ရည်ရွယ်ကာ ကလေးပေးထိန်းခြင်းကိုနားလည်သော်လည်း
သူမလက်မခံနိုင်ပါ။ ဒီနောက်ပိုင်း ပို၍ပင် ဆိုးလာသေးသည်။ အန်တီလေး၊
အန်တီလေးခေါ်ကာနှင့်။

@@@@@@@@@@@@

“နင်ကလည်း ဘာဖြစ်လို့ သူ့အမ်ပီဖိုးကိုယူသွားရတာလဲ အောင်အောင်….”

“အမေကလည်းဗျာ..ဒါလေးခဏငှားတာကိုဖြစ်ပျက်နေလိုက်တာ…အမေ့သမီးလွန်တာကျတော့မပြောဘူးလား”

ဟဲ့..နင်က အရင်တုန်းကလည်း ခဏခဏယူဘူးတယ်လေ…အခုလည်း
မပြောမဆိုနဲ့ယူသွားတယ်..သူမမှားဘူးဟဲ့ နင်မှားတာ နင်မှ
စည်းကမ်းမရှိတာကိုးနင်ကလည်းမှားသေးတယ် နင်ကပဲ ပြန်ပြောနေသေးတယ် ငါ
နင့်အဖေကိုပြောလိုက်တော့မယ် နင်အိမ်ငှားဖို့ အိမ်ရှာတော့”

“ဟာ အမေ့”

ကြားနေရသည့် အသံများကြား ဟုတ်မှဟုတ်ရဲ့လားလို့။ ဒီတစ်ခါပဲ သူမဘက်က လိုက်သေးသည်လေ။

……………….

အဖေ့ သက်ပြင်းချလိုက်သည့်ဟန်၊ အမေ့တီးတိုးပြောဟန်တို့ကြား သူမပျော်သွားသည်။

“အေး ဒါဆို မင်းအိမ်မြန်မြန်ရှာလိုက်တော့ ဟုတ်လား….ဘယ်လောက်ကျကျ ငါပေးမယ်”

ထိုစကားပြောအပြီး သူမကို တချက်ကလေးပင်လှည့်မကြည့်ပဲ အပြင်ထွက်သွားသော
အဖေ့အားကြည့်ကာ ဇဝေဇဝါဖြစ်သွားသည်။ သူမကို စိတ်ဆိုးတာလား။ ဒါဆိုလျှင်တော့
မဖြစ်သင့်ပါ။ သူမ အတက်နိုင်ဆုံး သည်းညည်းခံပြီး
အောင်အောင်တို့မိသားစုနှင့်နေခဲ့ပေးပြီးပြီ။ အောင်အောင် စည်းကမ်းမရှိပဲ
အရင်လို တာဝန်မဲ့နေခြင်းက အောင်အောင်မှားခြင်းလေ။

သူမစိတ်တို့ စိုးထိတ်စွာ။

ထင်သည့်အတိုင်းပင်။ မှားသွားခြင်းက အဖေစိတ်ဆိုးလည်း တခဏသာ။ အမေကတော့
သူမအားစကားမပြောသည်မှာ ကြာလေပြီ။ တစ်ပတ်တိတိရှိပြီဖြစ်သလို စကားတို့ဖြင့်
တွန်းတိုက်နေသည်မှာလည်း တစ်ပတ်တိတိရှိချေပြီ။ မောင်အောင်အောင့်အတွက်နှင့်
သူမ မိဘနှစ်ပါးနှင့် ရန်ဖြစ်ရသည်မှာ အခါခါရှိချေပြီ။ ယခု လာပြန်ပြီ။
ဒီတစ်ခါတော့ သူမအလျော့မပေးနိုင်တော့။ မိန်းမလည်းရပြီ။
ပိုက်ဆံကိုလည်းမိဘထံ လက်ဖြန့်တောင်းတုန်း။ဒါ့ထက်အရေးကြီးသည်က သူမ
ဒီအစ်ကိုနှင့် ပတ်သတ်၍ အမြဲ မိဘနှစ်ပါးနှင့် စကားများနေရမည်လား။
မဖြစ်နိုင်၊ မဖြစ်ချင်ပါ။

အောင်အောင် နင်နဲ့ငါ ဘာလို့ အမြဲ ထိပ်တိုက်တွေ့နေရတာလဲ။

အတွေးတို့ကြား သူမမွန်းကြပ်လာသည်။ ကိုယ့်ဘက်က ဘာအမှားမှမရှိပါပဲနှင့်
ခဏခဏ အမေ့အငြိုငြင်ခံရခြင်းကိုလည်း မုန်းလာပြီ။
ခဏခဏစကားများနေရခြင်းကိုလည်း မုန်းလာပြီ။ တခုခုတော့
ပြောင်းလဲသင့်ပြီထင်သည်။

@@@@@@@@@@@@@

“နင့်လင်လုဖက်မယားလုဖက်မဟုတ်ဘူး..သွေးသားအရင်းခေါက်ခေါက်ဟဲ့..ဘာလို့ဒီလောက်လေးတောင်
ကိုယ့်အစ်ကိုကို သည်းညည်းမခံနိုင်ရတာလဲဟင်..စိတ်ဓါတ်က
အောက်တန်းကျလိုက်တာ..ငါ့သွေးသားမဟုတ်တဲ့အတိုင်း…ငါ့သွေးထဲ
အဲလောက်အောက်တန်းကျတဲ့စိတ်ဓါတ်မပါဘူးဟဲ့”

“အမေ့သားလွန်တာကျ အမေဘာမှမပြောတော့ဘူးလားဗျ….အမြဲတမ်း
ကျွန်တော်ပိုင်တဲ့အရာတိုင်း ကျွန်တော်တန်ဖိုးထားတဲ့အရာတိုင်းကို
ကျွန်တော်မသိအောင်ယူတယ်..ခပ်ရိုင်းရိုင်းပြောရင်
ခိုးတာပဲ..ခိုးရောင်းတာလေ

အမေတို့ ကျွန်တော့်အတွက် ဘာလုပ်ပေးလဲဗျ…အမေ့သားကို တစ်ချက်ဆူဘူးလား…
ပြန်လျော်ပေးဖို့စကားတစ်ခွန်းပြောခဲ့ဖူးလား”

အမေ့စကားတို့ကိုပြန်လည်ချေပရင်း ရင်ထဲမွန်းကြပ်လာသည်။ မျက်ရည်တို့ကလည်း
တားမနိုင်ဆီးမရစွာ ကျဆင်းလာပြန်သည်။ ဒီအတိုင်းပဲ၊ ဒီအတိုင်းပဲ
စကားများနေရတော့မှာလား။ ကိုယ်မမှားတဲ့အရာတစ်ခုအတွက်၊
ဒီကိုယ့်အတွက်ဘာကောင်းကျိုးမှမပေးတဲ့ အစ်ကိုတစ်ယောက်အတွက် မိဘတွေနဲ့
စကားများဖို့၊ ရန်ဖြစ်ဖို့ဟာ တစ်သက်တာလုံးအတွက် မွေးရာပါကံလား။

မွေးရာပါကံဆိုလျှင်ဖြင့် ဒီကံကြီးကို သူမတွန်းလှန်ပစ်ချင်ပါသည်။ ဒါသူမ၏
ကံမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ချင်ပါသည်။ဒီလိုအစ်ကိုမျိုးကိုလည်း
မောင်နှမမတော်ချင်တော့ပါလေ။

“လင်လုဖက်မယားလုဖက်ကမှ မတွေ့ချင် မျက်နှာလွှဲလိုက်ရုံပဲ…ခုဟာက
မောင်နှမတော်လို့ခက်နေတာပေါ့ဗျ… ညီမလုပ်သူဆီက
ခဏခဏဒီလိုယူနေတာ..သူမရှက်ပေမဲ့ အခိုးခံရတဲ့ ကျွန်တော်တောင်ရှက်လာပြီ..
အမေ့သားဘက်ကချည်း လိုက်နေမယ်ဆို ရတယ်…ကျွန်တော်မနေဘူး.. ထွက်သွားမယ်
အခုဖြစ်တာကလည်း သူကျွန်တော့် အမ်ပီဖိုးကိုယူသုံးပြီး
ပျောက်တယ်ဆိုပြီးပြောတာ တခြားမှာ ခိုးရောင်းတာသေချာနေတာကို အမေ
သိရဲ့သားနဲ့ ကျွန်တော့်ကိုပဲပြောတယ် ဒီအိမ်မှာ သူတို့ရှိနေမယ်ဆိုရင်
ကျွန်တော်မနေတော့ဘူ သွားမယ်”

ရင်ထဲဝယ် မွန်းကြပ်လွန်းခြင်းတို့ကြောင့် စကားတို့ကို
ပီသအောင်မနည်းပြောယူလိုက်ရသည်။ ထိုကနောက်

မျက်ရည်စတို့ကို လက်ဖြင့်ခပ်ကြမ်းကြမ်းပဲ
သုတ်လိုက်ပြီးကျောပိုးအိတ်ထဲသို့ မှတ်ပုံတင်နှင့် အလွယ်ရှိသော
ငွေနှစ်သိန်းထည့်လိုက်သည်။ နောက်ခြေလှမ်းတို့က ဘက်စ်ကားဂိတ်သို့။ အမေလည်း
မတားပါ။ ယောင်းမလည်းမတားပါ။ ဒီချိန်မှာ တစ်ယောက်ယောက်က တားမည်ဆိုလျှင်ကော
သူမ နောက်ဆုတ်နိုင်မည်လား။ မဆုတ်နိုင်ပါ။ မဆုတ်ချင်တော့ပါ။
အလျော့ပေးပေါင်းလည်းများပြီ။ ဒီတစ်ခါတော့ဖြင့်တကယ်ကို
အလျှော့မပေးနိုင်တော့ပြီ။

………………..

ကားပြတင်းပေါက်မှငေးနေမိသည်မှာ မည်မျှကြာသည်မသိ။ ကိုယ့်ဘေးဝယ်
လူတစ်ယောက်ဝင်ထိုင်လိုက်သည်ကိုပင် မသိလောက်အောင်ထိ။

သူမနှင့် အရွယ်တူမိန်းမငယ်တစ်ဦးပါပဲ။ မျက်လုံးများသည် နီရဲနေသလား။ သူမ
စိတ်ထင်နေခြင်းဖြစ်ပါမည်။မျက်လုံးကို ပြတင်းပေါက်ဘက်သို့
ပြန်ရွှေ့မည်ပြုစဉ် ထိုမိန်းခလေးရေးခြစ်နေသော စာလုံးများက သူမကို
ပြုစားသွားသည်။

ဗလာစာအုပ်ဝယ် ဒီစာလုံး၊ ဒီစကားလုံးကို ရေးခြစ်နေသော ထိုမိန်းခလေးသည်လည်း
သူမနှင့်ထပ်တူ မိဘနှင့် ပြဿနာတတ်လာသူလေလား။ ထိုမိန်းခလေး၏ မျက်ဝန်းတို့
နီရဲနေသည်ကို ကြည့်ခြင်းအားဖြင့် ဖြစ်နိုင်ပါသည်။ သို့သော်ထိုမိန်းခလေးက
သူမထက်သာသည်။ အတွေးသာပါသည်။ ထိုမိန်းခလေး သူမကိုယ်သူမဆုံးမနေဟန်ဖြင့်။
ထို့နောက် ထိုမိန်းခလေးကားပေါ်က ဆင်းသွားပါတော့သည်။ မတွေးပဲသိသာနေသည်မှာ
ထိုမိန်းခလေး သွားသောနေရာသည် ထိုမိန်းခလေး၏မိဘဆီပင်ဖြစ်မည်ဟု။ သူမလိုပင်
မိဘနှင့်အတူနေသူလည်း ဖြစ်နိုင်သည်။ မိဘနှင့်ခွဲနေသူလည်း ဖြစ်နိုင်ပါသည်။
ထိုမိန်းခလေးရေးသွားသောစာကိုတွေးမိရင်း သူမစဉ်းစားမိသည်မှာ တစ်ခုတည်း။
သူမမှားနေပြီလား။ ထိုမိန်းခလေးလောက်ပင် မိဘအတွက်
တွေးမပေးနိုင်တော့ဘူးလား။

ထိုမိန်းခလေးရေးသွားသောစာက…..မိဘကို ရှင်ပြုပါ..တဲ့။ မိဘကို
အသက်ရှင်တုန်းလေးပြုစုပါ…တဲ့။

သူမအဖေသည် အသက်ခြောက်ဆယ်ပင်ကျော်လို့ နိုင်ငံတော်မှပင်
ပင်စင်ပေးထားချေပြီ။ ကုမ္ပဏီတစ်ခုတွင် ဆက်လက်အလုပ်လုပ်နေဆဲ အဖေသည် အလုပ်မှ
မနားချင်၍တော့ ဟုတ်မည်မထင်ပါ။ ငွေကြေးလိုအပ်ချက်အရ
လက်ထောက်မန်နေဂျာရာထူးနှင့် တစ်လ နှစ်သိန်းဆိုသော လစာငွေကို
လိုအပ်သောကြောင့်သာ။ အမေဆိုလျှင်လည်း သိပ်မကြာခင်ပင် ပင်စင်ရတော့မည်။
နိုင်ငံတော်မှပေးသော သက်ပြည့်ပင်စင်။

ဒီလို အသက်ကြီးရင့်နေပြီဖြစ်သည့် မိဘနှစ်ပါးကို စိတ်ညစ်အောင် သူမလုပ်သင့်သလား။။

သိပ်မကြာခင် အိမ်ပြောင်းတော့မည့် အောင်အောင့်အတွက် မိဘနှစ်ပါးကို
စိတ်ညစ်အောင်လုပ်ဖို့ရာလိုသလား။

မိဘတိုင်းသားသမီးမှန်သမျှကို အညီအမျှချစ်ကြမည်မှာ အသေအချာ။
ဆိုးတဲ့သားသမီးအပေါ် တကူးတကပိုခြင်းမဟုတ်ပါပဲ အစိုးရိမ်လွန်ရင်း
ပိုသလိုဖြစ်နေတတ်တဲ့ မိဘပေါင်းများစွာလည်း သူမတွေ့ခဲ့ဖူးသည်ပဲ။

သူမ မိဘတွေလည်း အပါအဝင်ပေါ့။

ဘာပဲဖြစ်ဖြစ် ဒီချိန်မှာ သူမကံကောင်းနေပါသေးသည်။
တချို့ငယ်ငယ်ရွယ်ရွယ်နှင့် အမိမဲ့အဖမဲ့နေသူမြောက်များစွာ။

ခဏ။ ထိုမိန်းခလေး မိဘကို ရှင်တုန်းမပြုစုမ၍ ဝမ်းနည်းနေခြင်းလည်း
ဖြစ်နိုင်သည်။ သူမထိုကဲ့သို့တော့ အဖြစ်မခံနိုင်ပါ။ သူမထံဝယ်
အခွင့်အရေးရှိပါသေးသည်။

သူမ အသက်နှစ်ဆယ့်ခြောက်နှစ်။ မိဘနှစ်ပါးနှင့်အတူ နေနေရခြင်းကိုက
အကောင်းဆုံးဆုလာဒ်မဟုတ်ပါလား။ ဒီဆုလာဒ်ကို တန်ဖိုးထားသင့်သည်လေ။

အတွေးတွေထဲ နစ်နေသူ သူမ ယခုမှပင် သတိထားမိတော့သည်။ ခရီးစဉ်ဆုံးလို့
မော်တင်ကနေ တစ်ပတ်ပြန်ပတ်နေပြီပဲ။

ဟော…ဘောင်းဘီအိတ်ကပ်ထဲမှ ရှိစုမဲ့စုဝင်ငွေလေးဖြင့်ဝယ်ထားသော
ငါးသိန်းဖုန်းမှ တုန်ခါပြီး အသံမြည်လာသည်။ ကြည့်လိုက်တော့ အဖေဆက်ခြင်း။

“အငယ်မ အိမ်ကိုပြန်တော့..ဟိုမှာ ဝယ်သူတွေ တအားကျနေတယ်တဲ့..နင့်အမေနဲ့
နင့်ယောင်းမလည်း ဘာမှမလုပ်တတ်ဘူး..သွားသွား.. အောင်အောင့်အတွက် အဖေ
အိမ်ရှာပေးပြီးပြီ…သဘက်ခါဆိုပြောင်းတော့မှာ
..ဟုတ်လား..အိမ်ကိုပြန်တော့နော်”

“ဟုတ်..အဖေ”

လိုင်းကားနှင့်ပြန်ဖို့ မဖြစ်နိုင်တော့ဘူးထင်သည်။
အငှားကားနှင့်သာပြန်ရတော့မည်။ ဒီကနေ တောင်ဒဂုံဆို အနည်းဆုံး ၃၅၀၀
တော့ကျမည်သာ။ သူမ ဖုန်းကို အမေမဆက်သည်ကိုကြည့်ခြင်းအားဖြင့်
စိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့။ သူမ၊ သူကတော့ စိတ်ဆိုးပြေလိုက်ပါတော့မည်။
ဖြေလိုက်ပါတော့မည်။ ကိုယ်က သားသမီးပေပဲ။

သိပ်မကြာခင် မဲဖိုးလာယူတော့မည်။ တစ်နေ့စာတစ်နေ့ မှန်မှန်ပေးမှ
မဲစုသည်ခေါ်ပေမည်။ နှစ်ရက်သုံးရက်ကြာပြီးများသွားလျှင် ပေးရတာနင့်သည်လေ။

မိဘကိုရှင်ပြုပါတဲ့။

သူမသာ စိတ်လေးထားတတ်ရင် အရာအားလုံးအဆင်ပြေပါမည်လေ။ အမေနှင့်အဖေလည်း
စိတ်ချမ်းသာမည်။ အောင်အောင်လည်း သဘက်ခါဆို ပြောင်းတော့မည်။ သူမ နောင်တ
မရချင်ပါ။ ရတုန်းရဆဲ အခွင့်အရေးလေးကို ဒီချိန်မှာ ပိုင်ပိုင်နိုင်နိုင်
ဆုပ်ကိုင်ထားပါမှ ယူကြုံးမရဖြစ်ခြင်းဆိုသည့် နောင်တနှင့် ကင်းဝေးမည်မလား။
ဟော…အတွေးမဆုံးခင်ပင်..ကကလာချေပြီ။ သူမလက်ကလေးတစ်ဖက်ထုတ်ကာ
တားလိုက်ပါတော့သည်။ Taxi လို့။

@@@@@@@@@@@@@@@@@@@@@@@

**ကိုတင့်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)